ဆာလံ ၁၂၄:၁-၈

  • “ယေဟောဝါသာ ငါတို့နဲ့အတူ မရှိခဲ့ရင်”

    • ထောင်ချောက်ကနေ လွတ်သွား ()

    • ‘ယေဟောဝါလို့နာမည်ရှိတဲ့ အရှင်ဆီကနေ အကူအညီရပြီ’ ()

ချီတက်သီချင်း။ ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။ ၁၂၄  “ယေဟောဝါသာ ငါတို့နဲ့အတူ မရှိခဲ့ရင်”+ လို့အစချီပြီးအစ္စရေးတွေ သီဆိုကြ– ၂  “ယေဟောဝါသာ ငါတို့နဲ့အတူ မရှိခဲ့ရင်+ရန်သူတွေ တိုက်ခိုက်လာတဲ့အခါ၊+ ၃  သူတို့ ဒေါသမီး တောက်လောင်တဲ့အခါ+ငါတို့ကို အရှင်လတ်လတ် ဝါးမျိုပစ်မှာပဲ။+ ၄  ငါတို့ကို ရေတွေ တိုက်ချသွားမှာပဲ။ တောင်ကျချောင်းရေတွေ ဆွဲချသွားမှာပဲ။+ ၅  ဟုန်းဟုန်းထတဲ့ ရေတွေ လွှမ်းမိုးသွားမှာပဲ။ ၆  သူတို့ရဲ့သားကောင်အဖြစ် ငါတို့ကို မအပ်လိုက်တဲ့အတွက်ယေဟောဝါကို ချီးမွမ်းကြပါစေ။ ၇  ငါတို့ဟာ မုဆိုးရဲ့ ထောင်ချောက်ကနေ လွတ်သွားတဲ့ ငှက်လိုပါပဲ။+ ထောင်ချောက် ပျက်စီးပြီး ငါတို့ လွတ်မြောက်သွားတယ်။+ ၈  မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ယေဟောဝါလို့နာမည်ရှိတဲ့ အရှင်ဆီကနေ ငါတို့ အကူအညီရပြီ။”+

အောက်ခြေမှတ်ချက်များ