ဆာလံ ၁၂၇:၁-၅

  • ဘုရား မပါရင် အရာရာ အချည်းနှီးပဲ

    • “ယေဟောဝါသာ အိမ်ကို မဆောက်ရင်” ()

    • သားသမီးတွေဟာ ဘုရားပေး ဆုလာဘ် ()

ချီတက်သီချင်း။ ရှောလမုန်စပ်ဆိုတဲ့ သီချင်း။ ၁၂၇  ယေဟောဝါသာ အိမ်ကိုမဆောက်ရင်အိမ်ဆောက်တဲ့သူတွေ တပင်တပန်း ဆောက်နေလည်း အချည်းနှီးပဲ။+ ယေဟောဝါသာ မြို့ကို မစောင့်ကြပ်ရင်+ကင်းစောင့်တွေ နိုးနိုးကြားကြား စောင့်ကြပ်နေလည်း အချည်းနှီးပဲ။ ၂  ဘုရားသာ ကောင်းချီးမပေးရင်မင်းတို့ စောစောထတာ၊ ညဉ့်နက်တဲ့အထိ အလုပ်လုပ်တာ၊ပင်ပင်ပန်းပန်း ဝမ်းစာရှာတာတွေဟာ အချည်းနှီးပဲ။ ဘုရားက သူချစ်တဲ့သူတွေကို ဂရုစိုက်တယ်။ နှစ်ခြိုက်စွာ အိပ်ပျော်ခွင့် ပေးတယ်။+ ၃  သားသမီးတွေဟာ* ယေဟောဝါပေးတဲ့ အမွေပဲ။+ ရင်သွေးတွေဟာ ဘုရားပေးတဲ့ ဆုလာဘ်ပဲ။+ ၄  ပျိုရွယ်ချိန်မှာရတဲ့ သားတွေဟာစစ်သူရဲလက်ထဲက မြားတွေနဲ့ တူတယ်။+ ၅  ကိုယ့်မြားကျည်တောက်ထဲ မြားတွေဖြည့်ထားသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။+ သူတို့ အရှက်ကွဲရမှာ မဟုတ်ဘူး။ သူတို့ရဲ့သားတွေက မြို့တံခါးမှာ ရန်သူတွေနဲ့ ဆွေးနွေးကြမှာမို့လို့ပဲ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သားတွေ။”