ဆာလံ ၁၂၉:၁-၈

  • တိုက်ခိုက်ပေမဲ့ မနိုင်ကြ

    • ဇိအုန်ကို မုန်းတဲ့သူတွေ အရှက်ကွဲ ()

ချီတက်သီချင်း။ ၁၂၉  “ရန်သူတွေ ငါ့ကို ငယ်ငယ်ကတည်းက အမြဲတိုက်ခိုက်ခဲ့တာ”+ လို့အစချီပြီးအစ္စရေးတွေ သီဆိုကြ– ၂  “ရန်သူတွေ ငါ့ကို ငယ်ငယ်ကတည်းက အမြဲတိုက်ခိုက်ခဲ့တာ။+ ဒါပေမဲ့ မနိုင်ကြပါဘူး။+ ၃  လယ်သမားတွေ ငါ့ကျောပေါ် လယ်ထွန်ကြတယ်။+ ထယ်ကြောင်းတွေ အရှည်ကြီးထိုးကြတယ်။” ၄  ဒါပေမဲ့ ယေဟောဝါဟာ ဖြောင့်မတ်တယ်။+ လူဆိုးတွေ ချည်နှောင်တဲ့ ကြိုးတွေကို ဖြတ်ပစ်တယ်။+ ၅  ဇိအုန်ကို မုန်းတဲ့သူတွေ အရှက်ကွဲရလိမ့်မယ်။ အရှက်တကွဲ တပ်ခေါက်သွားရလိမ့်မယ်။+ ၆  ခေါင်မိုးပေါ်က မြက်ပင်လိုမနုတ်ခင်မှာပဲ ညှိုးနွမ်းသွားလိမ့်မယ်။ ၇  အဲဒီမြက်ပင်တွေဟာ ရိတ်လိုက်တဲ့အခါ လက်တစ်ဆုပ်စာတောင် မရှိဘူး။ စုလိုက်တဲ့အခါ တစ်ပွေ့စာတောင် မရှိဘူး။ ၈  “မင်းတို့အပေါ် ယေဟောဝါရဲ့ ကောင်းချီး သက်ရောက်ပါစေ။ မင်းတို့ကို ယေဟောဝါရဲ့နာမည်နဲ့ ကောင်းချီးပေးပါတယ်” ဆိုပြီးဖြတ်သန်းသွားလာသူတွေ ပြောကြမှာ မဟုတ်ဘူး။

အောက်ခြေမှတ်ချက်များ