ဆာလံ ၁၃၂:၁-၁၈

  • ဒါဝိဒ်နဲ့ ဇိအုန် ရွေးချယ်ခံရ

    • “ဘိသိက်ပေးထားသူကို မပစ်ပယ်လိုက်ပါနဲ့” (၁၀)

    • ဇိအုန်ရဲ့ပုရောဟိတ်တွေ ကယ်တင်ခြင်းဝတ်ရုံ ဝတ်ဆင် (၁၆)

ချီတက်သီချင်း။ ၁၃၂  အို ယေဟောဝါ၊ ဒါဝိဒ်ကိုရော သူကြုံရတဲ့ဒုက္ခ တွေကိုပါသတိရလှည့်ပါ။+ ၂  ယေဟောဝါကို သူ ဘယ်လိုသစ္စာဆိုခဲ့တယ်၊ယာကုပ်ရဲ့ တန်ခိုးကြီးရှင်ကို သူ ဘယ်လို သစ္စာကတိပြုခဲ့တယ်ဆိုတာ သတိရလှည့်ပါ။+ ၃  “ကျွန်တော် ကိုယ့်အိမ်၊ ကိုယ့်တဲထဲ မဝင်ဘူး။+ အိပ်ရာပေါ်၊ သလွန်ပေါ် မလှဲဘူး။ ၄  မအိပ်စက်ပါဘူး။ အိပ်မောမကျပါဘူး။ ၅  ယေဟောဝါရဲ့ သေတ္တာတော် ထားမယ့်နေရာ၊ယာကုပ်ရဲ့ တန်ခိုးကြီးရှင်အတွက် တင့်တယ်တဲ့စံအိမ် တည်မယ့်နေရာကို ရှာမတွေ့မချင်းပေါ့။”+ ၆  သေတ္တာတော်* အကြောင်း ဧဖရတ်မှာ ငါတို့ကြားခဲ့တယ်။+ တောထဲမှာ ရှိနေမှန်း သိလိုက်ရတယ်။+ ၇  စံအိမ်တော်ထဲ ဝင်ကြစို့။+ ခြေတော်တင်ရာခုံရှေ့ ဦးချကြစို့။+ ၈  ယေဟောဝါဘုရား၊ ထတော်မူပါ။ အစွမ်းတန်ခိုးတော်ရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ သေတ္တာတော်နဲ့အတူ+ စံမြန်းတဲ့နေရာဆီ ဝင်တော်မူပါ။+ ၉  ကိုယ်တော့်ရဲ့ ပုရောဟိတ်တွေ ဖြောင့်မတ်ခြင်းကို ဝတ်ဆင်ကြပါစေ။ သစ္စာစောင့်သိသူတွေလည်း ရွှင်လန်းစွာ ကြွေးကြော်ကြပါစေ။ ၁၀  ကိုယ်တော့်ကျွန် ဒါဝိဒ်ကို ထောက်ထားပြီးဘိသိက်ပေးထားသူကို မပစ်ပယ်လိုက်ပါနဲ့။+ ၁၁  ယေဟောဝါက ဒါဝိဒ်ကို ကျိန်ဆိုခဲ့တယ်။ ဒီစကားတွေကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး-“မင်းရဲ့ ရင်သွေးတစ်ယောက်ကိုမင်းရဲ့ ရာဇပလ္လင်ပေါ် နန်းထိုင်စေမယ်။+ ၁၂  မင်းရဲ့သားတွေက ငါ့ပဋိညာဉ်ကို စောင့်ထိန်းမယ်၊ငါသင်ပေးတဲ့ သတိပေးချက်တွေကို လိုက်နာမယ်ဆိုရင်+သူတို့ရဲ့သားတွေလည်းမင်းရဲ့ ရာဇပလ္လင်ပေါ် ထာဝစဉ် နန်းထိုင်ရလိမ့်မယ်။”+ ၁၃  ယေဟောဝါက ဇိအုန်ကို ရွေးချယ်လိုက်ပြီ။+ အဲဒီမှာစံမြန်းဖို့ အလိုရှိတယ်-+ ၁၄  “ဒါဟာ ငါ ထာဝစဉ်စံမြန်းတဲ့နေရာပဲ။ ဒီမှာ ငါနေမယ်။+ ဒါဟာ ငါ့ဆန္ဒပဲ။ ၁၅  ဇိအုန်ကို အစာရေစာတွေနဲ့ အလျှံပယ် ငါကောင်းချီးပေးမယ်။ နွမ်းပါးတဲ့ မြို့သူမြို့သားတွေကို စားစရာတွေ အဝကျွေးမယ်။+ ၁၆  ဇိအုန်ရဲ့ပုရောဟိတ်တွေကို ကယ်တင်ခြင်းဝတ်ရုံ ဝတ်ဆင်ပေးမယ်။+ သစ္စာစောင့်သိသူတွေ ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မယ်။+ ၁၇  အဲဒီမှာ ဒါဝိဒ်ရဲ့ အစွမ်းခွန်အားကို* ငါကြီးထွားစေမယ်။ ဘိသိက်ပေးထားသူအတွက် မီးခွက်ကို အသင့်ပြင်ထားမယ်။+ ၁၈  သူ့ရန်သူတွေကို ငါအရှက်ခွဲမယ်။ သူ့ခေါင်းပေါ်က သရဖူကတော့ တောက်ပနေလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “တဲတော်။”
မူရင်း၊ “ဦးချိုကို။”