ဆာလံ ၁၄၂:၁-၇
မက်စကီး။* လိုဏ်ဂူထဲ ရောက်နေချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။+ ဆုတောင်းချက်။
၁၄၂ ယေဟောဝါကို ကျွန်တော် အကူအညီ တောင်းပါတယ်။+
ယေဟောဝါရဲ့ မျက်နှာသာရဖို့ အသနားခံပါတယ်။
၂ စိုးရိမ်ပူပန်စရာတွေကို ရှေ့တော်မှာ ရင်ဖွင့်ပါတယ်။
စိတ်ညစ်စရာတွေကိုလည်း ပြောပြပါတယ်။+
၃ စိတ်အားငယ်နေချိန်မှာ အဲဒီလို ပြောပြလိုက်တဲ့အခါကျွန်တော် သွားမယ့်လမ်းတွေကို ကိုယ်တော် စောင့်ကြည့်ပေးတယ်။+
ကျွန်တော်လျှောက်မယ့်လမ်းမှာ သူတို့ ထောင်ချောက်ဆင်ထားတယ်။
၄ ကျွန်တော့်ရဲ့ ညာဘက်ကို ကြည့်လိုက်ပါ။
ဂရုစိုက်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူးဆိုတာကို မြင်လှည့်ပါ။+
ပြေးစရာနေရာ မရှိ၊+စိုးရိမ်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။
၅ အို ယေဟောဝါ၊ ကိုယ်တော့်ကို အကူအညီတောင်းပါတယ်။
“ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာပဲ။+
သက်ရှိလောကမှာ ကျွန်တော် ပိုင်ဆိုင်တာဆိုလို့ ကိုယ်တော်ပဲ ရှိတာပါ” လို့ ကျွန်တော်ပြောတယ်။
၆ ကျွန်တော် အကြီးအကျယ် နှိမ့်ချခံရလို့
အော်ဟစ်အကူအညီတောင်းနေတာကို အာရုံစိုက်လှည့်ပါ။
နှိပ်စက်သူတွေ ခွန်အားပိုကြီးနေလို့သူတို့လက်ကနေ ကယ်တင်ပေးပါ။+
၇ နာမတော်ကို ချီးမွမ်းနိုင်ဖို့မြေအောက်အကျဉ်းခန်းထဲကနေ ကျွန်တော့်ကို ခေါ်ထုတ်ပေးပါ။
ကျွန်တော့်ကို ကိုယ်တော် ကြင်ကြင်နာနာ ဆက်ဆံတဲ့အတွက်ပတ်လည်မှာ ဖြောင့်မတ်သူတွေ စုဝေးလာကြပါစေ။