ဆာလံ ၁၈:၁-၅၀

  • ကယ်တင်ပေးလို့ ဘုရားကို ချီးမွမ်း

    • “ယေဟောဝါဟာ ငါ့ကျောက်ဆောင်” ()

    • သစ္စာစောင့်သိသူကို သစ္စာစောင့်သိတဲ့ ယေဟောဝါ (၂၅)

    • ကိုယ်တော့်လမ်းစဉ် ပြည့်ဝစုံလင် (၃၀)

    • “ကိုယ်တော်နှိမ့်ချမှုကြောင့် ကျွန်တော် ကြီးမြတ်လာ” (၃၅)

ဂီတမှူးသို့။ ယေဟောဝါရဲ့ကျွန် ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ရှောလုနဲ့ ရန်သူတွေလက်ကနေ ယေဟောဝါ ကယ်တင်ပြီးနောက် ယေဟောဝါအတွက် သီဆိုတဲ့သီချင်း–+ ၁၈  အို ယေဟောဝါ၊ ကျွန်တော့် အစွမ်းခွန်အားဖြစ်တဲ့ ကိုယ်တော့်ကို ချစ်မြတ်နိုးလိုက်တာ။+ ၂  ယေဟောဝါဟာ ငါ့ကျောက်ဆောင်၊ ငါ့ရဲတိုက်၊ ငါ့ကို ကယ်တင်တဲ့အရှင်ပါ။+ ဘုရားသခင်ဟာ ငါခိုလှုံတဲ့ ကျောက်ဆောင်၊+ငါ့ရဲ့ ဒိုင်းလွှား၊ ငါ့ကို ကယ်တင်တဲ့ ဦးချို၊* လုံခြုံတဲ့ခိုလှုံရာပါ။+ ၃  ချီးမွမ်းထိုက်တဲ့အရှင် ယေဟောဝါကို ငါဆုတောင်းတဲ့အခါရန်သူတွေလက်ကနေ ကယ်တင်ပေးမှာပဲ။+ ၄  သေခြင်းရဲ့ကြိုးတွေ ငါ့ကို ရစ်ပတ်နေတယ်။+ အသုံးမကျသူတွေက ရုတ်တရက် လွှမ်းမိုးတတ်တဲ့ရေလို ငါ့ကို ခြောက်လှန့်နေတယ်။+ ၅  သင်္ချိုင်းရဲ့ကြိုးတွေ ငါ့ကို ပတ်ရစ်ထားတယ်။ သေခြင်းရဲ့ ကျော့ကွင်းတွေကို ငါရင်ဆိုင်နေရတယ်။+ ၆  ဒုက္ခရောက်နေချိန်မှာ ယေဟောဝါကို ငါဆုတောင်းတယ်။ ကူညီပါလို့ ဘုရားသခင်ကို တစာစာ တောင်းလျှောက်တယ်။ ငါ့အသံကို ဗိမာန်တော်ထဲကနေ ကြားတယ်။+ ငါ့ရဲ့ အကူအညီတောင်းသံဟာ ဘုရားရဲ့နားထဲ ရောက်သွားတယ်။+ ၇  အဲဒီအခါ မြေကြီး တုန်ခါလာတယ်။+ တောင်ရဲ့ အခြေအမြစ်တွေလည်း သိမ့်သိမ့်တုန်လာတယ်။ အမျက်တော်ကြောင့် အဲဒါတွေ ယိမ်းထိုးလာတယ်။+ ၈  ဘုရားရဲ့နှာခေါင်းထဲကနေ မီးခိုးတွေ၊ခံတွင်းထဲကနေ ကျွမ်းလောင်စေတဲ့မီးတွေ ထွက်လာတယ်။+ ဘုရားဆီကနေ မီးကျီးခဲတွေ ထွက်လာတယ်။ ၉  ဘုရား ဆင်းသက်တဲ့အခါ ကောင်းကင် ညွှတ်ကျလာတယ်။+ ခြေတော်ရင်းမှာ မည်းမှောင်တဲ့တိမ်ထု ရှိနေတယ်။+ ၁၀  ဘုရားက ခေရုဗိမ်ကို စီးပြီး ပျံသန်းလာတယ်။+ ကောင်းကင်တမန်* ရဲ့တောင်ပံကို စီးပြီး ထိုးဆင်းလာတယ်။+ ၁၁  မှောင်မိုက်ကို လွှမ်းခြုံထားတယ်။+ မည်းမှောင်နေတဲ့ မိုးတိမ်နဲ့ တိမ်ထုကြီးကိုပတ်လည်မှာ ခြံရံထားတယ်။+ ၁၂  မိုးသီးတွေ၊ မီးကျီးခဲတွေက ရှေ့တော်မှာရှိတဲ့ လျှပ်စီးတွေထဲကနေ တိမ်ထုကို ဖောက်ထွက်ပြီး ကျလာတယ်။ ၁၃  အဲဒီနောက် ယေဟောဝါက ကောင်းကင်မှာ မိုးခြိမ်းစေတယ်။+ အမြင့်ဆုံးအရှင်က အသံကို လွှင့်တဲ့အခါ+ မိုးသီးတွေ၊ မီးကျီးခဲတွေ ကျလာတယ်။ ၁၄  မြားတွေပစ်လွှတ်ပြီး ရန်သူတွေကို ကစဉ့်ကလျားဖြစ်စေတယ်။+ လျှပ်စီးလက်ပြီး သူတို့ကို ဖရိုဖရဲဖြစ်စေတယ်။+ ၁၅  အို ယေဟောဝါ၊ ကိုယ်တော် ဆုံးမလိုက်တဲ့အတွက်၊နှာခေါင်းထဲကနေ လေမှုတ်ထုတ်လိုက်တဲ့အတွက်+မြစ်ကြမ်းပြင်တွေ ထင်ရှားလာတယ်။+ မြေကြီးအုတ်မြစ်တွေ ပေါ်လာတယ်။ ၁၆  အထက်အရပ်ကနေ လက်တော်ကို ဆန့်လိုက်တယ်။ ငါ့ကိုကိုင်ပြီး နက်ရှိုင်းတဲ့ ရေထဲကနေ ဆယ်ယူတယ်။+ ၁၇  အင်အားကြီးတဲ့ ရန်သူတွေ၊+အင်အားပိုကြီးပြီး ငါ့ကို မုန်းတီးနေသူတွေလက်ကနေ ကယ်တင်တယ်။+ ၁၈  ငါဒုက္ခရောက်နေချိန်မှာ သူတို့ တိုက်ခိုက်ပေမဲ့လည်း+ ငါ့ကို ယေဟောဝါ ထောက်မပေးတယ်။ ၁၉  ဘေးကင်းလုံခြုံတဲ့ နေရာဆီ ငါ့ကို ပို့ဆောင်ပေးတယ်။ ငါ့ကိုနှစ်သက်တဲ့အတွက် ကယ်တင်တယ်။+ ၂၀  ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း ဆုချတယ်။+ ငါ့လက်တွေ အပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးတယ်။+ ၂၁  ယေဟောဝါရဲ့ လမ်းစဉ်တွေအတိုင်း ငါအမြဲလိုက်လျှောက်တယ်။ ဘုရားသခင်ကို ကျောခိုင်းတာဟာ ဆိုးညစ်တဲ့ လုပ်ရပ်ဖြစ်လို့ ငါမလုပ်ဘူး။ ၂၂  ဘုရားရဲ့ တရားစီရင်ချက်တွေအကြောင်း ငါအမြဲစဉ်းစားတယ်။ ဘုရားရဲ့ဥပဒေတွေကို လျစ်လျူမရှုဘူး။ ၂၃  ရှေ့တော်မှာ အပြစ်ပြောစရာမရှိအောင် ငါနေမယ်။+ မပြစ်မှားမိအောင် စောင့်ထိန်းမယ်။+ ၂၄  ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း၊+ရှေ့တော်မှာ ငါ့လက်တွေ အပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးပါစေ။+ ၂၅  သစ္စာစောင့်သိသူကို ကိုယ်တော်ကလည်း သစ္စာစောင့်သိတယ်။+ အပြစ်ပြောစရာမရှိသူကို အပြစ်ပြောစရာမရှိအောင် ဆက်ဆံတယ်။+ ၂၆  ဖြူစင်တဲ့သူကို ဖြူစင်တဲ့သဘောနဲ့ ဆက်ဆံတယ်။+ ကောက်ကျစ်သူကိုတော့ ပါးနပ်စွာ ဆက်ဆံတယ်။+ ၂၇  နိမ့်ကျသူတွေကို ကယ်တင်တယ်။+ မောက်မာသူတွေကိုတော့ ချိုးနှိမ်ပစ်တယ်။+ ၂၈  အို ယေဟောဝါ၊ ကျွန်တော့်မီးခွက်ကို ထွန်းညှိပေးသူဟာ ကိုယ်တော်ပါ။ ဘုရားသခင်က ကျွန်တော့်ရဲ့ မှောင်မိုက်ကို ထွန်းလင်းစေတယ်။+ ၂၉  ကိုယ်တော့် အကူအညီကြောင့် ဓားပြအုပ်စုကို ဖြိုခွင်းနိုင်ပြီ။+ ဘုရားသခင်ပေးတဲ့ ခွန်အားကြောင့် မြို့ရိုးကို တက်နိုင်ပြီ။+ ၃၀  စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်ဟာ ပြည့်ဝစုံလင်တယ်။+ ယေဟောဝါရဲ့ နှုတ်ထွက်စကားဟာ သန့်စင်တယ်။+ ဘုရားဟာ ခိုလှုံသူတွေအတွက် ဒိုင်းလွှားပဲ။+ ၃၁  ယေဟောဝါကလွဲလို့ ဘယ်ဘုရား ရှိသလဲ။+ ငါတို့ဘုရားသခင်ကလွဲလို့ ဘယ်သူဟာ ကျောက်ဆောင်ဖြစ်သလဲ။+ ၃၂  စစ်မှန်တဲ့ဘုရားသခင်က ငါ့ကိုအစွမ်းခွန်အားနဲ့ လွှမ်းခြုံပေးတယ်။+ ငါ့လမ်းခရီးကို ချောမွေ့စေတယ်။+ ၃၃  ငါ့ခြေကို သမင်ခြေလို ဖြစ်စေတယ်။ မြင့်မားတဲ့နေရာတွေမှာ ရပ်စေတယ်။+ ၃၄  ငါ့လက်တွေကို စစ်ရေးကျွမ်းကျင်အောင် လေ့ကျင့်ပေးတယ်။ ကြေးနီလေးကို ငါ့လက်ရုံးအားနဲ့ တင်နိုင်တယ်။ ၃၅  ကိုယ်တော်က ကျွန်တော့်ကို ကယ်တင်ခြင်းဒိုင်းလွှား ပေးတယ်။+ ညာလက်ရုံးတော်နဲ့ ထောက်မတယ်။ ကိုယ်တော့်နှိမ့်ချမှုကြောင့် ကျွန်တော် ကြီးမြတ်လာတယ်။+ ၃၆  ကျွန်တော် ခြေချမယ့်လမ်းကို ကိုယ်တော် ကျယ်ဝန်းစေတယ်။ ကျွန်တော် ခြေချော်မှာ မဟုတ်ဘူး။+ ၃၇  ရန်သူတွေကို လိုက်လံဖမ်းဆီးမယ်။ သုတ်သင်ဖယ်ရှားလို့ မပြီးမချင်း ပြန်မလာဘူး။ ၃၈  သူတို့ ပြန်မထနိုင်အောင် နင်းခြေပစ်မယ်။+ ကျွန်တော့်ခြေရင်းမှာ ပြိုလဲသွားလိမ့်မယ်။ ၃၉  ကျွန်တော် စစ်တိုက်နိုင်အောင် ကိုယ်တော် အစွမ်းခွန်အား ပေးလိမ့်မယ်။ ရန်သူတွေကို ခြေအောက်မှာ ပြိုလဲစေလိမ့်မယ်။+ ၄၀  ရန်သူတွေကို နောက်လှည့်ပြေးစေမယ်။ ကျွန်တော့်ကို မုန်းတဲ့သူတွေ ဇာတ်သိမ်းသွားအောင် ကျွန်တော်လုပ်မယ်။+ ၄၁  သူတို့ အော်ဟစ်အကူအညီတောင်းပေမဲ့ ကယ်တင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ သူတို့အော်ခေါ်ရင်တောင် ယေဟောဝါ ပြန်မထူးဘူး။ ၄၂  သူတို့ကို လေထဲလွင့်နေတဲ့ ဖုန်မှုန့်လို ဖြစ်သွားအောင် ကျွန်တော် ထုထောင်းပစ်မယ်။ လမ်းပေါ်က ရွှံ့တွေလို လွှင့်ပစ်မယ်။ ၄၃  ကျွန်တော့်ကို အပြစ်ရှာသူတွေလက်ကနေ ကိုယ်တော် ကယ်တင်လိမ့်မယ်။+ လူမျိုးတွေရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်လိမ့်မယ်။+ ကျွန်တော်မသိတဲ့ လူမျိုးတစ်မျိုးက ကျွန်တော့်ဆီမှာ ကျွန်ခံလိမ့်မယ်။+ ၄၄  ကျွန်တော့်အကြောင်းကို ကြားရုံနဲ့ သူတို့ နာခံလိမ့်မယ်။ တိုင်းတစ်ပါးသားတွေ ရှေ့မှာလာပြီး ဝပ်တွားကြလိမ့်မယ်။+ ၄၅  တိုင်းတစ်ပါးသားတွေ သတ္တိမရှိတော့ဘူး။ ရဲတိုက်တွေထဲကနေ ကြောက်ရွံ့တုန်လှုပ်ပြီး ထွက်လာလိမ့်မယ်။ ၄၆  ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရားပဲ။ ငါ့ကျောက်ဆောင်ကို ချီးမွမ်းကြပါ။+ ငါ့ကိုကယ်တင်တဲ့ ဘုရားသခင်ကို ချီးမြှောက်ကြပါ။+ ၄၇  စစ်မှန်တဲ့ဘုရားသခင်က ငါ့အတွက် လက်စားချေ ပေးတယ်။+ လူတွေကို ငါ့ခြေအောက်မှာ နှိမ်နင်းတယ်။ ၄၈  ဒေါသထွက်နေတဲ့ ရန်သူတွေလက်ကနေ ကယ်တင်ပေးတယ်။ တိုက်ခိုက်သူတွေရဲ့ အထက်မှာ ကျွန်တော့်ကို ချီးမြှင့်ပေးတယ်။+ အကြမ်းဖက်သူရဲ့ လက်ကနေ ကယ်တင်ပေးတယ်။ ၄၉  ဒါကြောင့် ယေဟောဝါဘုရား၊ လူမျိုးတွေအလယ်မှာ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းပါ့မယ်။+ နာမတော်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်။+ ၅၀  ဘုရားက ခန့်အပ်ထားတဲ့ ဘုရင်ကို ကယ်တင်ဖို့ ကြီးမြတ်တဲ့အရာတွေ လုပ်ဆောင်တယ်။+ ဘိသိက်ပေးထားသူကို၊+ ဒါဝိဒ်နဲ့ သူ့မျိုးနွယ်ကိုခိုင်မြဲတဲ့မေတ္တာ ထာဝစဉ်ပြတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ် “စွမ်းအား” ကိုကြည့်။