ဆာလံ ၂၄:၁-၁၀
-
ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ် မြို့တံခါးထဲ ဝင်လာ
-
‘ယေဟောဝါဟာ ကမ္ဘာမြေကို ပိုင်တယ်’ (၁)
-
ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၂၄ ယေဟောဝါဟာ ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်ရှိသမျှကို ပိုင်တယ်။+
မြေကြီးနဲ့ မြေကြီးပေါ် နေထိုင်သူတွေကို ပိုင်တယ်။
၂ ဘုရားက ကမ္ဘာမြေကို ပင်လယ်ရဲ့အထက်မှာ အခိုင်အမာ တည်စေတယ်။+
မြစ်ချောင်းတွေအထက်မှာ ခိုင်ခံ့မြဲမြံစေတယ်။
၃ ယေဟောဝါရဲ့ တောင်ပေါ်ကို ဘယ်သူ တက်ခွင့်ရှိသလဲ။+
သန့်ရှင်းရာဌာနမှာ ဘယ်သူ ရပ်နေခွင့်ရှိသလဲ။
၄ အပြစ်ကင်းတဲ့လက်နဲ့ ဖြူစင်တဲ့စိတ်နှလုံး ရှိသူ၊+ဘုရားရဲ့အသက်ကို တိုင်တည်ပြီး မဟုတ်မမှန် မကျိန်ဆိုတဲ့သူ၊အလိမ်အညာစကားတွေနဲ့ မကျိန်ဆိုတဲ့သူပဲပေါ့။+
၅ သူဟာ ယေဟောဝါရဲ့ ကောင်းချီးတွေ ခံစားရလိမ့်မယ်။+
ကယ်တင်ရှင် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်လိမ့်မယ်။+
၆ ယာကုပ်ရဲ့ဘုရားသခင်၊ ဒီလူမျိုးဆက်ဟာ ကိုယ်တော့်ကိုရှာတဲ့သူတွေ၊ကိုယ်တော့်မျက်နှာသာ ရချင်တဲ့သူတွေရဲ့ လူမျိုးဆက်ပါ။ (စဲလာ)
၇ မြို့တံခါးတို့၊ မင်းတို့ရဲ့မုခ်ဦးတွေကို မြှင့်လိုက်ကြ။+
ရှေးဟောင်းတံခါးတို့၊ ဖွင့်လိုက်ကြ။
ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ် ဝင်လာတော့မယ်။+
၈ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ်ဟာ ဘယ်သူလဲ။
အစွမ်းခွန်အားကြီးမားတဲ့ ယေဟောဝါ၊+စစ်မှုမှာ ပြိုင်ဘက်ကင်းတဲ့ ယေဟောဝါပဲပေါ့။+
၉ မြို့တံခါးတို့၊ မင်းတို့ရဲ့မုခ်ဦးတွေကို မြှင့်လိုက်ကြ။+
ရှေးဟောင်းတံခါးတို့၊ ဖွင့်လိုက်ကြ။
ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ် ဝင်လာတော့မယ်။
၁၀ ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ်ဟာ ဘယ်သူလဲ။
ဘုန်းကြီးတဲ့ ဘုရင်မင်းမြတ်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပဲပေါ့။+ (စဲလာ)