ဆာလံ ၂၇:၁-၁၄

  • ငါ့အသက်ရဲ့ ရဲတိုက် ယေဟောဝါ

    • ဗိမာန်တော်အတွက် ကျေးဇူးတင်လေးမြတ် ()

    • မိဘတွေ စွန့်ပစ်ရင်တောင် ယေဟောဝါ ဂရုစိုက် (၁၀)

    • “ယေဟောဝါကို မျှော်လင့်ပါ” (၁၄)

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၂၇  ယေဟောဝါဟာ ငါ့အလင်း၊+ ငါ့ကယ်တင်ခြင်းပဲ။ ဘယ်သူ့ကို ကြောက်နေရမှာလဲ။+ ယေဟောဝါဟာ ငါ့အသက်ရဲ့ ရဲတိုက်ပဲ။+ ဘယ်သူ့ကို ကြောက်လန့်နေရမှာလဲ။ ၂  လူယုတ်မာတွေက ငါ့အသားကိုဝါးမျိုဖို့ တိုက်ခိုက်ပေမဲ့+ ငါ့ရန်သူတွေ၊ ရန်ဘက်တွေဖြစ်တဲ့ သူတို့ပဲ တိုက်မိပြီး လဲကျကုန်တယ်။ ၃  တပ်မကြီးတစ်ခုလုံး ငါ့ကိုဝိုင်းထားရင်တောင် ငါမကြောက်ဘူး။+ သူတို့တိုက်ခိုက်လာရင်တောင်ငါ့မှာ ယုံကြည်စိတ်ချမှု အပြည့်ရှိနေလိမ့်မယ်။ ၄  ယေဟောဝါဆီမှာ ငါဆုပန်ထားတာ တစ်ခုပဲရှိတယ်။ ငါတောင့်တတဲ့ အဲဒီဆုကတော့ယေဟောဝါရဲ့အိမ်တော်မှာ အသက်ထက်ဆုံး နေထိုင်ခွင့်ရဖို့ပါပဲ။+ အဲဒီလိုသာဆိုရင် ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို ငါမြင်တွေ့နိုင်မယ်။ ဗိမာန်တော်ကိုလည်း တန်ဖိုးထားစိတ်နဲ့ ကြည့်နိုင်မယ်။+ ၅  ငါဒုက္ခရောက်ချိန်မှာ ဘုရားက သူ့ရဲ့ နားနေရာမှာ ငါ့ကို ဝှက်ထားပေးမယ်။+ လျှို့ဝှက်နေရာဖြစ်တဲ့ တဲတော်မှာ ဝှက်ထားပေးမယ်။+ ကျောက်ဆောင်ပေါ် တင်ထားပေးမယ်။+ ၆  အခုဆို ငါဟာ ဝိုင်းရံထားတဲ့ရန်သူတွေရဲ့ အထက်မှာ ဦးမော့နိုင်ပြီ။ ရွှင်လန်းစွာ သီချင်းဆိုရင်း တဲတော်မှာ ပူဇော်သက္ကာတွေ ဆက်သမယ်။ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုမယ်။ ၇  အို ယေဟောဝါ၊ ကျွန်တော်ခေါ်တဲ့အခါ ကြားလှည့်ပါ။+ မျက်နှာသာပေးပြီး ပြန်ထူးလှည့်ပါ။+ ၈  ‘“ငါ့မျက်နှာသာရဖို့ ကြိုးစားကြ” လို့ ဘုရားမိန့်မှာထားတယ်’ ဆိုပြီး စိတ်ထဲ တွေးမိတယ်။ ဒါကြောင့် ယေဟောဝါဘုရား၊ မျက်နှာသာရဖို့ ကျွန်တော် ကြိုးစားပါ့မယ်။+ ၉  ကျွန်တော်မျိုးကို မျက်နှာမလွှဲလိုက်ပါနဲ့။+ ဒေါသနဲ့ မောင်းမထုတ် လိုက်ပါနဲ့။ ကိုယ်တော်ဟာ ကူညီမစရှင်ပါ။+ ကယ်တင်ရှင် ဘုရားသခင်၊ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။ မထားခဲ့ပါနဲ့။ ၁၀  မိရင်းဖရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်တောင်+ ယေဟောဝါ လက်ခံထားမှာပါ။+ ၁၁  အို ယေဟောဝါ၊ ကိုယ်တော့်လမ်းစဉ်အကြောင်း သွန်သင်ပေးပါ။+ ရန်သူ့လက်ထဲ မရောက်ရလေအောင် ဖြောင့်မှန်တဲ့လမ်းထဲ ပို့ဆောင်ပေးပါ။ ၁၂  ရန်သူ့လက်ထဲ မအပ်လိုက်ပါနဲ့။+ ကျွန်တော့်အကြောင်း မဟုတ်မမှန် သက်သေထွက်ဆိုသူတွေ ထကြွနေပြီ။+ အကြမ်းဖက်ပြီး ခြိမ်းခြောက်နေပြီ။ ၁၃  သက်ရှိလောကမှာ ယေဟောဝါရဲ့  ကောင်းမြတ်ခြင်းကို ခံစားရမှာပါဆိုတဲ့ ယုံကြည်ချက်သာ မရှိခဲ့ရင် ကျွန်တော် ဘယ်ဆီကိုများ ရောက်နေမလဲ။+ ၁၄  ယေဟောဝါကို မျှော်လင့်ပါ။+ ရဲစွမ်းသတ္တိရှိပါ။+ ယေဟောဝါကိုသာ မျှော်လင့်နေပါ။

အောက်ခြေမှတ်ချက်များ