ဆာလံ ၃၀:၁-၁၂

  • ငိုကြွေးခြင်းကနေ ရွှင်လန်းခြင်းသို့

    • ဘုရားမျက်နှာသာ တစ်သက်လုံး ခံစား ()

ဒါဝိဒ်စပ်ဆိုတဲ့ အိမ်တော်အပ်နှံပွဲ သီချင်း။ ၃၀  အို ယေဟောဝါ၊ ကျွန်တော့်ကို မြှင့်တင်ပေးတဲ့အတွက် ကိုယ်တော့်ကို ချီးမြှောက်ပါ့မယ်။ ရန်သူတွေ ကျွန်တော့်ကိုကြည့်ပြီး ဝမ်းမြောက်တာမျိုး ကိုယ်တော် ဖြစ်ခွင့်မပေးခဲ့ဘူး။+ ၂  ကျွန်တော့်ရဲ့ဘုရား ယေဟောဝါ၊ကျွန်တော် အော်ဟစ်အကူအညီတောင်းတဲ့အခါ ဝေဒနာသက်သာစေတယ်။+ ၃  ယေဟောဝါဘုရား၊ ကျွန်တော့်ကို သင်္ချိုင်းကနေ ကိုယ်တော် ဆွဲတင်လိုက်ပြီ။+ သေတွင်းထဲ မဆင်းစေဘဲ အသက်ရှင်ခွင့်ပေးလိုက်ပြီ။+ ၄  သစ္စာစောင့်သိသူတို့၊ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။+ သန့်ရှင်းတဲ့နာမတော်ကို ကျေးဇူးတင်ချီးမွမ်းကြ။+ ၅  အမျက်တော်ခံရလည်း တစ်ခဏပါပဲ။+ မျက်နှာသာကိုတော့ တစ်သက်လုံး ခံစားရတာပါ။+ ညနေခင်းမှာ ငိုကြွေးရပေမဲ့ မနက်မိုးလင်းတဲ့အခါ ရွှင်လန်းစွာ သီချင်းဆိုရတယ်။+ ၆  “ငါဘယ်တော့မှ မတုန်လှုပ်ဘူး” လို့သောကကင်းဝေးချိန်မှာ ကျွန်တော် ပြောခဲ့တယ်။ ၇  အို ယေဟောဝါ၊ ကျွန်တော်ဟာ မျက်နှာသာခံစားရချိန်မှာ တောင်တန်းလို ခိုင်မြဲနေတယ်။+ ကိုယ်တော် မျက်နှာလွှဲလိုက်ချိန်မှာတော့ ကြောက်လန့်နေတယ်။+ ၈  ယေဟောဝါဘုရား၊ ကိုယ်တော့်ကို မပြတ်တမ်း ခေါ်နေပါတယ်။+ မျက်နှာသာရဖို့ ယေဟောဝါကို တဖွဖွ အသနားခံနေပါတယ်။ ၉  ကျွန်တော်သေဆုံးပြီး သင်္ချိုင်းတွင်းထဲ ဆင်းသွားလို့ကော ဘာအကျိုးရှိမှာလဲ။+ မြေမှုန့်ဟာ ကိုယ်တော့်ကို ချီးမွမ်းနိုင်ပါ့မလား။+ ကိုယ်တော့်သစ္စာတရားအကြောင်း ပြောနိုင်ပါ့မလား။+ ၁၀  အို ယေဟောဝါ၊ ကြားလှည့်ပါ။ မျက်နှာသာပေးလှည့်ပါ။+ ယေဟောဝါဘုရား၊ ကူညီမစရှင် ဖြစ်လှည့်ပါ။+ ၁၁  ကိုယ်တော်က ကျွန်တော့်ငိုကြွေးခြင်းကို ကခုန်ခြင်းအဖြစ် ပြောင်းလဲပေးတယ်။ အထည်ကြမ်း* ကိုချွတ်ပြီး ဝမ်းမြောက်ခြင်းကို ဝတ်ဆင်ပေးတယ်။ ၁၂  ဒါကြောင့် နှုတ်ဆိတ်မနေဘဲ ချီးမွမ်းသီချင်းဆိုနိုင်တာပါ။ ယေဟောဝါဘုရား၊ ကိုယ်တော့်ကို ထာဝစဉ်ချီးမွမ်းပါ့မယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။