ဆာလံ ၃၆:၁-၁၂
ဂီတမှူးသို့။ ယေဟောဝါရဲ့ကျွန် ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၃၆ လူဆိုးရဲ့စိတ်ထဲမှာ အပြစ်က စကားပြောနေတယ်။
လူဆိုးက ဘုရားသခင်ကို ကြောက်ရကောင်းမှန်း မသိဘူး။+
၂ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့အတွက်
ကိုယ့်အမှားကို မြင်လည်း မမြင်ဘူး၊ မုန်းလည်း မမုန်းဘူး။+
၃ သူ့နှုတ်ကထွက်တဲ့ စကားတွေဟာ ထိခိုက်စေတယ်။ လှည့်စားတတ်တယ်။
မှန်ရာလုပ်တဲ့အခါ လိုအပ်တဲ့ ထိုးထွင်းဉာဏ်မျိုး သူ့မှာ မရှိဘူး။
၄ အိပ်ရာပေါ် ရှိနေချိန်မှာတောင် သူတစ်ပါးကို အကောက်ကြံနေတယ်။
မကောင်းတဲ့လမ်းပေါ် ရပ်မြဲရပ်နေတယ်။
မကောင်းမှုကို မငြင်းပယ်ဘူး။
၅ ယေဟောဝါဘုရား၊ ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းကင်အထိ၊+သစ္စာတရားဟာ မိုးတိမ်တွေအထိ မြင့်မားလှတယ်။
၆ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ခံ့ညားတဲ့ တောင်တန်းကြီးလိုပါပဲ။+
ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေဟာ နက်ရှိုင်းတဲ့ ရေထုကြီးလိုပါပဲ။+
အို ယေဟောဝါ၊ လူတွေရော တိရစ္ဆာန်တွေပါ ရှင်သန်နေတာ ကိုယ်တော်ကြောင့်ပါ။+
၇ အို ဘုရားသခင်၊ ခိုင်မြဲတဲ့မေတ္တာတော်ဟာ အဖိုးထိုက်လှတယ်။+
အတောင်တော် အရိပ်အောက်မှာ လူသားတွေ ခိုလှုံကြတယ်။+
၈ အိမ်တော်ထဲက အဆီအနှစ်တွေကို သူတို့ ဝဝလင်လင် သောက်သုံးရတယ်။+
ကိုယ်တော်က သူတို့ကို ကောင်းမြတ်ခြင်းမြစ်ရေ သောက်သုံးစေတယ်။+
၉ ကိုယ်တော်ဟာ အသက်ရဲ့ပင်ရင်းပါ။+
အလင်းတော်ကြောင့်သာ အလင်းကို ကျွန်တော်တို့ မြင်တွေ့နိုင်တာပါ။+
၁၀ ကိုယ်တော့်ကို သိကျွမ်းသူတွေအပေါ် ခိုင်မြဲတဲ့မေတ္တာ ဆက်ပြလှည့်ပါ။+
စိတ်ရိုးဖြောင့်သူတွေအပေါ် ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုကို တည်မြဲတည်စေပါ။+
၁၁ မောက်မာသူတွေ ကျွန်တော့်ကို မနင်းပါစေနဲ့။
လူဆိုးတွေ ကျွန်တော့်ကို မမောင်းထုတ်ပါစေနဲ့။
၁၂ အမှားကျူးလွန်သူတွေ ကျဆုံးကုန်ပြီ။
ပြန်မထနိုင်လောက်အောင် အလဲထိုးခံရပြီ။+