ဆာလံ ၃၇:၁-၄၀

  • ယေဟောဝါကို ကိုးစားသူတွေ ကြီးပွား

    • လူယုတ်မာတွေကြောင့် စိတ်မပျက်နဲ့ ()

    • “ယေဟောဝါဆီမှာ ပျော်ရွှင်ကြည်နူးမှုကို ရှာပါ” ()

    • “မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်” ()

    • ‘စိတ်နူးညံ့သူတွေ ကမ္ဘာမြေကို ပိုင်ဆိုင်မယ်’ (၁၁)

    • ဖြောင့်မတ်သူ မတောင်းစားရ (၂၅)

    • ဖြောင့်မတ်သူတွေ ကမ္ဘာပေါ် ထာဝစဉ်နေထိုင်ရ (၂၉)

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ א ၃၇  လူယုတ်မာတွေကြောင့် စိတ်မပျက်နဲ့။ အပြစ်လုပ်သူတွေကို မနာလိုမဖြစ်နဲ့။+ ၂  သူတို့ဟာ မြက်ပင်တွေလို ချက်ချင်း ညှိုးနွမ်းပြီး+ မြက်နုတွေလို ခြောက်သွေ့သွားလိမ့်မယ်။ ב ၃  ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ။+ ကမ္ဘာပေါ်မှာ နေထိုင်ပြီး သစ္စာရှိရှိ ပြုမူပါ။+ ג ၄  ယေဟောဝါဆီမှာ ပျော်ရွှင် ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်။ ၅  မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။+ ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်။+ ၆  ဘုရားက မင်းတို့ရဲ့ဖြောင့်မတ်မှုကို အရုဏ်ဦးလို၊တရားမျှတမှုကို မွန်းတည့်နေလို ထွန်းလင်းစေမယ်။ ד ၇  ယေဟောဝါရှေ့မှာ နှုတ်ဆိတ်နေပါ။+ ဘုရားကို မျှော်လင့်တကြီး စောင့်စားနေပါ။ မကောင်းကြံပြီး အောင်မြင်နေသူတွေကြောင့် စိတ်မပျက်ပါနဲ့။+ ה ၈  အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။+ စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့။* ၉  လူယုတ်မာတွေ ပယ်ရှင်းခံရပြီး+ ယေဟောဝါကို မျှော်လင့်နေသူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရမှာ ဖြစ်လို့ပဲ။+ ו ၁၀  မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။+ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။+ ၁၁  စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။+ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။+ ז ၁၂  လူဆိုးက ဖြောင့်မတ်သူကို ဒုက္ခပေးဖို့ ကြံစည်နေတယ်။+ ဒေါသထွက်ပြီး အံကြိတ်နေတယ်။ ၁၃  ဒါပေမဲ့ သူကျဆုံးမယ့်နေ့ ရောက်လာမှာကိုယေဟောဝါသိတဲ့အတွက် သူ့ကို ရယ်လိမ့်မယ်။+ ח ၁၄  လူဆိုးတွေက ဖိနှိပ်ခံရသူတွေနဲ့ ဆင်းရဲသားတွေကို လဲကျစေဖို့၊ဖြောင့်မှန်တဲ့ လမ်းစဉ်အတိုင်း လိုက်တဲ့သူတွေကို ကွပ်မျက်ဖို့ ဓားကို ဆွဲထုတ်ပြီး လေးကို တင်ထားကြတယ်။ ၁၅  ဒါပေမဲ့ ဓားဟာ သူတို့နှလုံးထဲ ပြန်စိုက်လိမ့်မယ်။+ လေးတွေလည်း ကျိုးကုန်လိမ့်မယ်။ ט ၁၆  ဖြောင့်မတ်သူတစ်ယောက်ရဲ့ ဥစ္စာအနည်းအကျဉ်းဟာ လူဆိုးတွေရဲ့ ဥစ္စာအမြောက်အမြားထက် မွန်မြတ်တယ်။+ ၁၇  လူဆိုးရဲ့လက်ရုံး ကျိုးရလိမ့်မယ်။ ဖြောင့်မတ်သူကိုတော့ ယေဟောဝါ ထောက်မပေးလိမ့်မယ်။ י ၁၈  အပြစ်ပြောစရာမရှိသူတွေ ဘာတွေကြုံတွေ့နေရမှန်း ယေဟောဝါ သိတယ်။ သူတို့ရဲ့အမွေဟာ ထာဝစဉ် တည်လိမ့်မယ်။+ ၁၉  ဒုက္ခရောက်ချိန်မှာ သူတို့ အရှက်ကွဲရမှာ မဟုတ်ဘူး။ အငတ်ဘေးဆိုက်ချိန်မှာလည်း အလျှံပယ် စားရလိမ့်မယ်။ כ ၂၀  လူဆိုးတွေကတော့ ပျက်စီးသွားလိမ့်မယ်။+ ယေဟောဝါရဲ့ ရန်သူတွေဟာ စိမ်းလန်းတဲ့ စားကျက်တွေလို ပျောက်ခြင်းမလှ ပျောက်သွားလိမ့်မယ်။ မီးခိုးငွေ့လို လွင့်ပြယ်သွားလိမ့်မယ်။ ל ၂၁  လူဆိုးက ချေးငှားယူပြီး ပြန်မဆပ်တတ်ဘူး။ ဖြောင့်မတ်သူကတော့ ရက်ရောပြီး ပေးကမ်းတတ်တယ်။+ ၂၂  ဘုရားရဲ့ ကောင်းချီးခံစားရသူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ ဘုရားရဲ့ ကျိန်ခြင်းခံရသူတွေကတော့ ပယ်ရှင်းခံရလိမ့်မယ်။+ מ ၂၃  ယေဟောဝါက လူတစ်ယောက်ရဲ့လမ်းစဉ်ကို နှစ်သက်တဲ့အခါ+ သူ့ခြေလှမ်းတွေကို လမ်းညွှန်ပေးတယ်။+ ၂၄  ယေဟောဝါက လက်နဲ့ ထောက်မပေးတဲ့အတွက်+ သူလဲသွားရင်တောင် နာလန်မထူနိုင်အောင်ဖြစ်မှာ မဟုတ်ဘူး။+ נ ၂၅  ဖြောင့်မတ်သူ စွန့်ပစ်ခံရတာ၊+သူ့သားသမီးတွေ တောင်းစားနေရတာကိုလူငယ်ဘဝကနေ အခု အသက်ကြီးချိန်အထိ ငါတစ်ခါမှ မတွေ့ဖူးဘူး။+ ၂၆  သူဟာ ရက်ရက်ရောရော ချေးငှားပေးတတ်တယ်။+ သူ့သားသမီးတွေ ကောင်းချီးခံစားရလိမ့်မယ်။ ס ၂၇  မကောင်းမှုကို ရှောင်ပါ၊ ကောင်းမှုကို လုပ်ဆောင်ပါ။+ ဒါဆိုရင် ထာဝစဉ် တည်မြဲလိမ့်မယ်။ ၂၈  ယေဟောဝါဟာ တရားမျှတမှုကို မြတ်နိုးတယ်။ သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး။+ ע သူတို့ အစဉ်အမြဲ ကာကွယ်ခံရမယ်။+ လူဆိုးတွေရဲ့ သားစဉ်မြေးဆက်တွေကတော့ ပယ်ရှင်းခံရမယ်။+ ၂၉  ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး+ ထာဝစဉ် နေထိုင်ရလိမ့်မယ်။+ פ ၃၀  ဖြောင့်မတ်သူရဲ့နှုတ်ဟာ ဉာဏ်ပညာစကားကို ဝေမျှတယ်။ သူ့လျှာက တရားမျှတမှုအကြောင်း ပြောဆိုတယ်။+ ၃၁  ဘုရားသခင်ရဲ့ပညတ်ကို သူ နှလုံးသွင်းထားတယ်။+ သူ့ခြေလှမ်းတွေ ယိမ်းယိုင်မှာ မဟုတ်ဘူး။+ פ ၃၂  လူဆိုးက ဖြောင့်မတ်သူကို စောင့်ကြည့်နေတယ်။ သတ်ဖို့ ရှာကြံနေတယ်။ ၃၃  ဒါပေမဲ့ ယေဟောဝါက ဖြောင့်မတ်သူကို လူဆိုးလက်ထဲ စွန့်ပစ်မှာမဟုတ်ဘူး။+ တရားစီရင်ချိန်မှာ သူ့ကို အပြစ်ရှိသူလို့ သတ်မှတ်မှာ မဟုတ်ဘူး။+ ק ၃၄  ယေဟောဝါကို မျှော်လင့်ပြီး ဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်ပါ။ ဒါဆိုရင် ဘုရားက ကမ္ဘာမြေကို ပိုင်ဆိုင်ခွင့်ပေးပြီး ချီးမြှောက်လိမ့်မယ်။ လူဆိုးတွေ ပယ်ရှင်းခံရတာကိုလည်း+ မြင်ခွင့်ပေးလိမ့်မယ်။+ ר ၃၅  ရက်စက်ယုတ်မာတဲ့သူ ကြီးပွားနေတာကို ငါတွေ့ဖူးတယ်။ သူဟာ ဇာတိမြေပေါ်မှာပဲ ရှင်သန်စိမ်းလန်းနေတဲ့ အပင်နဲ့တူတယ်။+ ၃၆  ဒါပေမဲ့ ရုတ်ခြည်းသေဆုံးပြီး သူပျောက်ကွယ်သွားတယ်။+ ငါလိုက်ရှာပေမဲ့ မတွေ့တော့ဘူး။+ ש ၃၇  အပြစ်ပြောစရာမရှိသူကို သတိပြုကြည့်ပါ။ စိတ်ရိုးဖြောင့်သူကို မျက်ခြည်မပြတ် ကြည့်နေပါ။+ သူလိုလူရဲ့အနာဂတ်ဟာ ငြိမ်းချမ်းနေလိမ့်မယ်။+ ၃၈  ပြစ်မှားသူတွေကတော့ ဖျက်ဆီးခံရလိမ့်မယ်။ လူဆိုးတွေရဲ့ အနာဂတ်ဟာ ပျက်စီးရလိမ့်မယ်။+ ת ၃၉  ဖြောင့်မတ်သူတွေရဲ့ ကယ်တင်ခြင်းဟာ ယေဟောဝါဆီက လာတယ်။+ ဒုက္ခရောက်ချိန်မှာ ဘုရားဟာ သူတို့ရဲ့ခံတပ်ပဲ။+ ၄၀  ယေဟောဝါက သူတို့ကိုကူညီပြီး  ကယ်တင်ပေးလိမ့်မယ်။+ ဘုရားဆီမှာ ခိုလှုံတဲ့အတွက် သူတို့ကို လူဆိုးတွေလက်ကနေ လွတ်မြောက်စေပြီး ကယ်တင်ပေးလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

“စိတ်ပျက်နေရင် အကျိုးယုတ်တာပဲ အဖတ်တင်မယ်” လည်း ဖြစ်နိုင်။