ဆာလံ ၄၄:၁-၂၆

  • ကူညီပေးဖို့ ဆုတောင်းချက်

    • ‘ကိုယ်တော်ကသာ ကယ်ခဲ့တာ’ ()

    • “အသတ်ခံရမယ့် သိုးတွေလို ဖြစ်နေပြီ” (၂၂)

    • “ကူညီပေးဖို့ ထလှည့်ပါ” (၂၆)

ဂီတမှူးသို့။ ကောရရဲ့ သားမြေးတွေ+စပ်ဆိုတဲ့ မက်စကီး။* ၄၄  အို ဘုရားသခင်၊ ဟိုးရှေးရှေးတုန်းကဘိုးဘေးတွေရဲ့ လက်ထက်မှာကိုယ်တော် လုပ်ဆောင်ခဲ့တာတွေအကြောင်း တစ်ဆင့်ပြန်ပြောပြလို့+ကျွန်တော်တို့ကိုယ်တိုင် ကြားရပါပြီ။ ၂  တခြားလူမျိုးတွေကို လက်ရုံးတော်နဲ့ မောင်းထုတ်ခဲ့တယ်။+ သူတို့ကို နှိမ်နင်းပြီး နှင်ထုတ်ခဲ့တယ်။+ အဲဒီမှာ ဘိုးဘေးတွေကို နေရာချပေးခဲ့တယ်။+ ၃  ဘိုးဘေးတွေက အဲဒီပြည်ကိုသူတို့ဓားနဲ့ သိမ်းပိုက်ခဲ့တာ မဟုတ်ဘူး။+ သူတို့လက်ရုံးနဲ့ အနိုင်ရခဲ့တာလည်း မဟုတ်ဘူး။+ ညာလက်တော်၊ လက်ရုံးတော်နဲ့+မျက်နှာတော်အလင်းကြောင့်သာ အဲဒီလိုနိုင်ခဲ့တာ။ သူတို့ကို ကိုယ်တော် နှစ်သက်မြတ်နိုးခဲ့တယ်။+ ၄  အို ဘုရားသခင်၊ ကိုယ်တော်ဟာ ကျွန်တော့်ဘုရင်ပါ။+ အပြတ်အသတ် အောင်ပွဲဆင်ဖို့ ယာကုပ်ကို ကူညီပေးပါ။ ၅  ရန်သူတွေကို ကိုယ်တော်ပေးတဲ့တန်ခိုးနဲ့ မောင်းထုတ်ကြမယ်။+ ဆန့်ကျင်သူတွေကို နာမတော်အားကိုးနဲ့ နင်းခြေကြမယ်။+ ၆  လေးမြားတွေကို အားမကိုးဘူး။ ဓားက ကျွန်တော့်ကို မကယ်နိုင်ဘူး။+ ၇  ကိုယ်တော်ကသာ ရန်သူတွေလက်ကနေ ကယ်ခဲ့တာ။+ မလိုမုန်းထားသူတွေကို အရှက်ရစေခဲ့တာ။ ၈  ဘုရားသခင်ကို ကျွန်တော်တို့ တစ်နေ့လုံး ချီးမွမ်းမယ်။ နာမတော်ကို ထာဝစဉ် ကျေးဇူးတင်ချီးမွမ်းမယ်။ (စဲလာ) ၉  အခုတော့ ကိုယ်တော်က ကျွန်တော်တို့ကို စွန့်ပစ်ပြီး အရှက်ရစေတယ်။ ကျွန်တော်တို့ တပ်ဖွဲ့နဲ့အတူ မချီတက်တော့ဘူး။ ၁၀  ကျွန်တော်တို့ကို ရန်သူတွေဆီကနေ တပ်ခေါက်စေတယ်။+ မလိုမုန်းထားသူတွေ စိတ်ကြိုက် လုယူသွားကြတယ်။ ၁၁  ကျွန်တော်တို့ကို သိုးတွေလို အသတ်ခံရအောင် ကိုယ်တော် အပ်လိုက်တယ်။ တခြားလူမျိုးတွေအလယ်မှာ ကွဲလွင့်စေတယ်။+ ၁၂  ကိုယ့်လူမျိုးကို မဖြစ်စလောက် ငွေလေးနဲ့ ရောင်းစားတယ်။+ အဲဒီလိုရောင်းစားလိုက်လို့ကိုယ်တော် ဘာအမြတ်မှ ရတာ မဟုတ်ဘူး။ ၁၃  ကိုယ်တော်က ကျွန်တော်တို့ကို အိမ်နီးချင်းတွေ ကဲ့ရဲ့ရှုတ်ချစရာ၊ပတ်ဝန်းကျင်ကလူတွေ လှောင်ပြောင်သရော်စရာ ဖြစ်စေတယ်။ ၁၄  တခြားလူမျိုးတွေ အလယ်မှာ နှာခေါင်းရှုံ့စရာ ဖြစ်စေတယ်။+ လူတွေက လှောင်တဲ့အနေနဲ့ ခေါင်းခါကြတယ်။ ၁၅  ကျွန်တော် တစ်နေ့လုံး အရှက်ရနေတယ်။ ရှက်စိတ်ကြောင့် ခေါင်းမဖော်နိုင်ဘူး။ ၁၆  သူတို့ရဲ့ ကဲ့ရဲ့စော်ကားသံတွေကြောင့်၊လက်စားချေတဲ့ ရန်သူတွေကြောင့်ပါ။ ၁၇  ဒါတွေအားလုံး ကြုံနေရပေမဲ့ကိုယ်တော့်ကို ကျွန်တော်တို့ မမေ့လျော့ပါဘူး။ ပဋိညာဉ်ကိုလည်း မချိုးဖောက်ပါဘူး။+ ၁၈  ကျွန်တော်တို့ရဲ့ စိတ်ဟာ မသွေဖည်ပါဘူး။ ကိုယ်တော့်လမ်းစဉ်ကနေ ခြေလှမ်းမလွဲသွားပါဘူး။ ၁၉  ဒါပေမဲ့ ကိုယ်တော်က ခွေးအတွေ ကျက်စားတဲ့အရပ်မှာကျွန်တော်တို့ကို အရေးနိမ့်စေတယ်။ အမှောင်ထုကြီးနဲ့ ဖုံးလွှမ်းပစ်တယ်။ ၂၀  ကျွန်တော်တို့က ကိုယ့်ဘုရားသခင်ရဲ့ နာမည်ကို မေ့လျော့ခဲ့မယ်၊တခြားဘုရားဆီ လက်ဖြန့်ဆုတောင်းခဲ့မယ်ဆိုရင်၊ ၂၁  ဘုရားသခင် မသိဘဲနေပါ့မလား။ စိတ်ထဲ လျှို့ဝှက်ထားတာတွေကို ဘုရားသိတာပဲ။+ ၂၂  ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ်တော့်အတွက် နေ့တိုင်းလိုလိုသေဘေးနဲ့ ကြုံနေရတယ်။ အသတ်ခံရမယ့် သိုးတွေလို ဖြစ်နေပြီ။+ ၂၃  ယေဟောဝါဘုရား၊ ထတော်မူပါ။ ဘာလို့ အိပ်မြဲအိပ်နေတာလဲ။+ နိုးထပါတော့။ ကျွန်တော်တို့ကို ထာဝစဉ် မစွန့်ပစ်ပါနဲ့။+ ၂၄  ဘာလို့ မျက်နှာလွှဲထားတာလဲ။ ကျွန်တော်တို့ခံရတဲ့ ဒုက္ခနဲ့ ဖိနှိပ်မှုတွေကို ဘာလို့ မေ့ထားတာလဲ။ ၂၅  ကျွန်တော်တို့ မြေမှုန့်အထိ လှဲချခံရပြီ။ ခန္ဓာကိုယ်ကလည်း မြေမှာ ပြားပြားဝပ်နေရပြီ။+ ၂၆  ကူညီပေးဖို့ ထလှည့်ပါ။+ ခိုင်မြဲတဲ့မေတ္တာတော်ကို ထောက်ပြီး ကယ်တင်လှည့်ပါ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။