ဆာလံ ၅:၁-၁၂

  • ဖြောင့်မတ်သူတွေရဲ့ ခိုလှုံရာ ယေဟောဝါ

    • ဆိုးညစ်မှုကို ဘုရား မုန်း (၄၊ ၅)

    • ‘ဖြောင့်မတ်တဲ့လမ်းထဲ ပို့ဆောင်ပေးပါ’ ()

နီဟလုတ်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။  ယေဟောဝါဘုရား၊ ကျွန်တော့်စကားတွေကို နားထောင် ပေးပါ။+ ကျွန်တော့်ညည်းတွားသံကို အာရုံစိုက်ပေးပါ။ ၂  ကျွန်တော့်ဘုရင်၊ ကျွန်တော့်ဘုရားသခင်၊ ကိုယ်တော့်ကိုသာ ဆုတောင်းတဲ့အတွက်ကျွန်တော့်ရဲ့ အကူအညီတောင်းသံကို အာရုံစိုက်ပေးပါ။ ၃  အို ယေဟောဝါ၊ မနက်မှာ ကျွန်တော့်အသံကို ကိုယ်တော် ကြားလိမ့်မယ်။+မနက်မှာ ကျွန်တော့်သောကတွေကို ပြောပြပြီး+ ကိုယ်တော့်အဖြေကို မျှော်လင့်တကြီး စောင့်နေပါ့မယ်။ ၄  ကိုယ်တော်ဟာ ဆိုးညစ်မှုကို နှစ်သက်တဲ့ဘုရားသခင် မဟုတ်တဲ့အတွက်+ဘယ်လူဆိုးမှ ကိုယ်တော့်အနားမှာ နေနိုင်မှာမဟုတ်ဘူး။+ ၅  မောက်မာသူ တစ်ယောက်မှ ရှေ့တော်မှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ယုတ်မာသူအားလုံးကို ကိုယ်တော် မုန်းတယ်။+ ၆  လိမ်ပြောတတ်သူတွေကို ကိုယ်တော် ဖျက်ဆီးလိမ့်မယ်။+ အကြမ်းဖက်သူတွေ၊ လှည့်စားတတ်သူတွေကို ယေဟောဝါ ရွံမုန်းတယ်။+ ၇  ခိုင်မြဲတဲ့မေတ္တာ ကြီးမားလှတဲ့အတွက်+ အိမ်တော်ကို ကျွန်တော် လာပါ့မယ်။+ သန့်ရှင်းတဲ့ ဗိမာန်တော်ကို မျက်နှာမူပြီး ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ဦးညွှတ်ပါ့မယ်။+ ၈  အို ယေဟောဝါ၊ ရန်သူတွေလက်ထဲ မရောက်ရအောင် ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့လမ်းထဲကျွန်တော့်ကို ပို့ဆောင်ပေးပါ။ ကိုယ်တော့်လမ်းပေါ်မှာ အနှောင့်အယှက်ကင်းကင်း လျှောက်ခွင့်ပေးပါ။+ ၉  သူတို့ပြောသမျှ ယုံကြည်စိတ်ချလို့ မရဘူး။ သူတို့ဆီမှာ မလိုတမာစိတ်ပဲ ရှိတယ်။ သူတို့လည်ချောင်းဟာ ပွင့်နေတဲ့ သင်္ချိုင်းတွင်းပဲ။ သူတို့လျှာက မြှောက်ပင့်ပြောဆိုတတ်တယ်။+ ၁၀  ဒါပေမဲ့ ဘုရားသခင်က သူတို့ကို အပြစ်ရှိသူလို့ သတ်မှတ်လိမ့်မယ်။ ကိုယ့်အတတ်နဲ့ ကိုယ်စူးကြလိမ့်မယ်။+ အပြစ်တွေ များလွန်းတဲ့အတွက်၊ကိုယ်တော့်ကို ပုန်ကန်တဲ့အတွက် သူတို့ မောင်းထုတ်ခံရပါစေ။ ၁၁  ကိုယ်တော့်ဆီ ခိုလှုံသူတွေကတော့ ဝမ်းမြောက်လိမ့်မယ်။+ အစဉ်အမြဲ ရွှင်လန်းစွာ သီချင်းဆိုလိမ့်မယ်။ သူတို့ကို ကိုယ်တော် ကာကွယ်ပေးလိမ့်မယ်။ နာမတော်ကို ချစ်မြတ်နိုးသူတွေဟာ ကိုယ်တော်ကြောင့် ဝမ်းမြောက်လိမ့်မယ်။ ၁၂  ယေဟောဝါဘုရား၊ ဖြောင့်မတ်သူမှန်သမျှကို ကိုယ်တော် ကောင်းချီးပေးမယ်။ ကိုယ်တော့်မျက်နှာသာဟာ သူတို့ကို ဒိုင်းလွှားကြီးလို ကာကွယ်ပေးမယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။