ဆာလံ ၅၀:၁-၂၃

  • သစ္စာစောင့်သိသူနဲ့ လူဆိုးကို ဘုရားသခင် တရားစီရင်

    • ပူဇော်သက္ကာဆက်သပြီး ဘုရားနဲ့ပဋိညာဉ်ဖွဲ့ ()

    • “ဘုရားသခင်ဟာ တရားသူကြီးဖြစ်” ()

    • တိရစ္ဆာန်မှန်သမျှ ဘုရားသခင် ပိုင် (၁၀၊ ၁၁)

    • ဆိုးညစ်သူတွေကို ဘုရားသခင် ထုတ်ဖော် (၁၆-၂၁)

အာသပ်စပ်ဆိုတဲ့ သီချင်း။+ ၅၀  ဘုရားတို့ရဲ့ဘုရား ယေဟောဝါက+ ပြောနေတယ်။ နေထွက်ရာကနေ နေဝင်ရာအရပ်အထိ ကမ္ဘာမြေ တစ်ခွင်လုံးကို ဆင့်ခေါ်လိုက်တယ်။ ၂  ကျက်သရေအပေါင်း ခညောင်းရာ ဇိအုန်တောင်ကနေ+ ဘုရားသခင် အလင်းထွန်းလင်းတယ်။ ၃  ငါတို့ရဲ့ ဘုရားသခင် လာလိမ့်မယ်။ ဘုရားက နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။+ ရှေ့တော်မှာ လောင်နေတဲ့မီးလျှံ ရှိနေတယ်။+ ပတ်လည်မှာ မိုးသက်မုန်တိုင်း ထန်နေတယ်။+ ၄  ဘုရားက မိမိရဲ့လူတွေကို တရားစီရင်ဖို့+ အထက်မိုးကောင်းကင်နဲ့ ကမ္ဘာမြေကို ဆင့်ခေါ်ပြီး၊+ ၅  “သစ္စာစောင့်သိသူတွေပူဇော်သက္ကာဆက်သပြီး ငါနဲ့ပဋိညာဉ်ဖွဲ့ထားသူတွေ ငါ့ဆီမှာစုဝေးကြ”+ လို့ပြောတယ်။ ၆  ဘုရားသခင်ဟာ တရားသူကြီးဖြစ်လို့+ မိုးကောင်းကင်က ဘုရားရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို ကြေညာတယ်။ (စဲလာ) ၇  “ငါ့လူတို့၊ ငါပြောမယ်။ နားထောင်ကြ။ အို အစ္စရေး၊ မင်းကို ဆန့်ကျင်တဲ့ဘက်ကနေ ငါသက်သေထွက်ဆိုမယ်။+ ငါဟာ မင်းရဲ့ဘုရားသခင်ပဲ။+ ၈  မင်းဆက်သတဲ့ ပူဇော်သက္ကာတွေငါ့ရှေ့မှာ အမြဲရှိနေတဲ့ အကုန်အစင် မီးရှို့ရာအလှူတွေအတွက် မင်းကို ဆုံးမနေတာ မဟုတ်ဘူး။+ ၉  မင်းအိမ်က နွားထီး၊ မင်းခြံထဲက ဆိတ်တွေကိုငါယူစရာမလိုဘူး။+ ၁၀  တောထဲက သားရဲတိရစ္ဆာန်တွေ၊တောင်တန်းတွေပေါ်က တိရစ္ဆာန်တွေ အားလုံး ငါ့ဥစ္စာချည်းပဲ။+ ၁၁  တောင်တန်းတွေပေါ်က ငှက်မှန်သမျှ ငါသိတယ်။+ ကွင်းပြင်ထဲက မြောက်မြားလှတဲ့ တိရစ္ဆာန်တွေလည်း ငါ့ဥစ္စာချည်းပဲ။ ၁၂  ငါဆာလောင်နေရင်လည်း မင်းကိုမပြောဘူး။ သီးနှံဖြစ်ထွန်းတဲ့ ကမ္ဘာမြေနဲ့ အဲဒီမြေပေါ် ရှိသမျှ ငါ့ဥစ္စာချည်းပဲ။+ ၁၃  ငါ အမဲသားစားဖို့ လိုလို့လား။ ဆိတ်သွေးသောက်ဖို့ လိုလို့လား။+ ၁၄  ကျေးဇူးတင် ချီးမွမ်းခြင်းကိုသာ ဘုရားသခင်ဆီ ပူဇော်ပါ။+ အမြင့်ဆုံးအရှင်ဆီမှာ သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ပါ။+ ၁၅  ဒုက္ခရောက်ချိန်မှာ ငါ့ကိုဆုတောင်းပါ။+ ငါကယ်တင်မယ်။ မင်းကလည်း ငါ့ကို ဂုဏ်တင်ချီးမွမ်းလိမ့်မယ်။”+ ၁၆  လူဆိုးကိုတော့ ဘုရားသခင်ပြောတာက– “ငါ့စည်းမျဉ်းတွေအကြောင်း၊+ ငါ့ပဋိညာဉ်အကြောင်း မင်းပြောပိုင်ခွင့်ရှိလို့လား။+ ၁၇  မင်းက ဆုံးမခံရတာကို မကြိုက်ဘူး။ ငါ့စကားကို ပစ်ပယ်တယ်။+ ၁၈  သူခိုးကို မြင်တဲ့အခါ မင်းသဘောကျတယ်။*+ အိမ်ထောင်ရေး ဖောက်ပြန်သူတွေနဲ့ အပေါင်းအသင်းလုပ်တယ်။ ၁၉  မကောင်းသတင်းတွေ ဖြန့်တယ်။ လှည့်စားတဲ့စကားတွေကိုပဲ ပြောတယ်။+ ၂၀  သူများနဲ့အတူထိုင်ပြီး ကိုယ့်ညီအစ်ကိုရဲ့ မကောင်းကြောင်းကို ပြောတယ်။+ ကိုယ့်မွေးချင်းရဲ့ အမှားတွေကို ဖော်တယ်။ ၂၁  မင်း ဒါတွေလုပ်တဲ့အခါ ငါဘာမှမပြောတော့ငါ့ကို မင်းလိုပဲ ထင်နေတာလား။ အခုတော့ မင်းကို ငါဆုံးမမယ်။ မင်းကို အမှုဖွင့်မယ်။+ ၂၂  ဘုရားသခင်ကို မေ့တဲ့လူတို့၊ အဲဒါကို ထည့်စဉ်းစားကြဦး။+ မဟုတ်ရင် ငါအပိုင်းပိုင်း ဆွဲဖြတ်လိုက်လို့ ကယ်မယ့်သူ ရှိမှာမဟုတ်ဘူး။ ၂၃  ကျေးဇူးတင် ချီးမွမ်းခြင်းကို ပူဇော်တဲ့သူဟာ ငါ့ကို ဂုဏ်တင်ချီးမွမ်းတဲ့သူပဲ။+ လမ်းမှန်ပေါ် စွဲစွဲမြဲမြဲ လျှောက်လှမ်းတဲ့သူကိုငါ့ကယ်တင်ခြင်းကျေးဇူး ခံစားခွင့်ပေးမယ်။”+

အောက်ခြေမှတ်ချက်များ

“သူနဲ့ပူးပေါင်းတယ်” လည်းဖြစ်နိုင်။