ဆာလံ ၆:၁-၁၀
ဂီတမှူးသို့။ ရှေမိနိတ်သံ* ညှိထားတဲ့ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။
၆ အို ယေဟောဝါ၊ ကျွန်တော့်ကို ဒေါသတကြီး မဆုံးမပါနဲ့။
စိတ်ဆိုးမာန်ဆိုး မတည့်မတ်ပါနဲ့။+
၂ ယေဟောဝါ၊ ကျွန်တော် ခြေကုန်လက်ပန်းကျနေလို့ ကရုဏာပြလှည့်ပါ။
ယေဟောဝါ၊ ကျွန်တော့်အရိုးတွေ တုန်လှုပ်နေလို့ ပျောက်ကင်းစေပါ။+
၃ ကျွန်တော် အရမ်းစိတ်ညစ်နေပြီ။+
ယေဟောဝါ၊ ကျွန်တော် မေးပါရစေ။ ဘယ်လောက်ကြာကြာ ဒီလိုခံစားနေရမှာလဲ။+
၄ ယေဟောဝါ၊ ကျွန်တော့်ကို လာကယ်ပါဦး။+
ခိုင်မြဲတဲ့မေတ္တာတော်ကို ထောက်ပြီး ကယ်တင်ပါဦး။+
၅ လူသေတွေ ကိုယ်တော့်အကြောင်း မပြောနိုင်ဘူး။
သင်္ချိုင်းမှာ ကိုယ်တော့်ကို မချီးမွမ်းနိုင်ဘူး။+
၆ ညည်းတွားရလွန်းလို့ ကျွန်တော် မောပန်းနေပြီ။+
တစ်ညလုံး ငိုရလွန်းလို့ အိပ်ရာဟာ မျက်ရည်တွေနဲ့ စိုရွှဲနေပြီ။
ခုတင်ကလည်း မျက်ရည်ထဲမှာ မျောနေပြီ။+
၇ သောကကြောင့် ကျွန်တော့်မျက်လုံးတွေ အားနည်းလာပြီ။+
ဒုက္ခပေးသူတွေကြောင့် မျက်စိတွေ မှုန်လာပြီ။
၈ လူယုတ်မာတို့၊ ငါ့ဆီကနေ ထွက်သွားကြ။
ငါ့ငိုကြွေးသံကို ယေဟောဝါ ကြားလိမ့်မယ်။+
၉ မျက်နှာသာပေးပါလို့ အသနားခံတာကို ယေဟောဝါ ကြားလိမ့်မယ်။+
ငါ့ဆုတောင်းချက်ကို ယေဟောဝါ လက်ခံလိမ့်မယ်။
၁၀ ငါ့ရန်သူအားလုံး အရှက်တကွဲဖြစ်ပြီး တုန်လှုပ်ချောက်ချားကြလိမ့်မယ်။
ရုတ်တရက် အရှက်ကွဲပြီး လှည့်ပြေးရလိမ့်မယ်။+