ဆာလံ ၇:၁-၁၇

  • ဖြောင့်မတ်တဲ့ တရားသူကြီး ယေဟောဝါ

    • ‘အို ယေဟောဝါ၊ ကျွန်တော့်ကို တရားစီရင်ပေးပါ’ ()

ဗင်ယာမိန်အမျိုးသား ကုရှရဲ့စကားကြောင့် ယေဟောဝါဆီ ဒါဝိဒ်သီဆိုတဲ့ ငိုချင်း။  အို ကျွန်တော့်ဘုရား ယေဟောဝါ၊ ကိုယ်တော့်ဆီမှာ ကျွန်တော် ခိုလှုံပါတယ်။+ ညှဉ်းပန်းနှိပ်စက်သူတွေရဲ့ လက်ကနေ ကယ်ပါဦး။+ ၂  မကယ်ရင်တော့ သူတို့က ကျွန်တော့်ကို ခြင်္သေ့ဆွဲဖဲ့သလို အပိုင်းပိုင်း ဆွဲဖဲ့ကြလိမ့်မယ်။+ ကျွန်တော့်ကို ကိုက်ဆွဲသွားလို့ ကယ်မယ့်သူ ရှိမှာ မဟုတ်ဘူး။ ၃  ကျွန်တော့်ဘုရား ယေဟောဝါ၊ ကျွန်တော် အမှားလုပ်မိခဲ့ရင်၊မတရားတာ လုပ်မိခဲ့ရင်၊ ၄  ကိုယ့်အပေါ် ကောင်းတဲ့သူကို အဆိုးနဲ့ တုံ့ပြန်မိခဲ့ရင်၊+ရန်သူကို အကြောင်းမဲ့ လုယက်မိခဲ့ရင်၊ ၅  ကျွန်တော့်ကို ရန်သူ ဖမ်းမိပါစေ။ ကျွန်တော့်အသက်ကို မြေပေါ်မှာ နင်းခြေပစ်ပါစေ။ ကျွန်တော့်ဂုဏ်သိက္ခာကို မြေမှုန့်ထဲမှာ ဖျက်ဆီးပစ်ပါစေ။ (စဲလာ) ၆  ယေဟောဝါဘုရား၊ ဒေါသတကြီး ထတော်မူပါ။ ဒေါသထွက်နေတဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ ထတော်မူပါ။+ နိုးထပြီး ကျွန်တော့်အတွက် တရားသဖြင့်စီရင်ဖို့ အမိန့်ပေးလိုက်ပါ။+ ၇  ကိုယ်တော့်ဆီ လူမျိုးတွေ ဝိုင်းရံလာပါစေ။ အထက်အရပ်ကနေ သူတို့ကို ကိုယ်တော် တိုက်ခိုက်လိမ့်မယ်။ ၈  လူတွေကို ယေဟောဝါ ပြစ်ဒဏ် ချမှတ်လိမ့်မယ်။+ အို ယေဟောဝါ၊ ကျွန်တော် ဖြောင့်မတ်တဲ့အတိုင်း၊သမာဓိရှိတဲ့အတိုင်း တရားစီရင်ပေးပါ။+ ၉  လူဆိုးတွေရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ပေးပါ။ ဖြောင့်မတ်သူတွေကိုတော့ ခိုင်ခံ့ မြဲမြံစေပါ။+ ကိုယ်တော်ဟာ နှလုံးသားနဲ့+ အနက်ရှိုင်းဆုံး ခံစားချက်တွေကို* စစ်ဆေးတဲ့+ ဖြောင့်မတ်တဲ့ဘုရားသခင် ဖြစ်လို့ပါ။+ ၁၀  ဘုရားသခင်ဟာ ငါ့ဒိုင်းလွှားပါ၊+ စိတ်ရိုးဖြောင့်သူတွေရဲ့ ကယ်တင်ရှင်ပါ။+ ၁၁  ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ တရားသူကြီးပဲ။+ နေ့တိုင်း တရားစီရင်ချက်တွေ ချမှတ်နေတယ်။ ၁၂  လူတွေ နောင်တမယူဘူးဆိုရင်+ ဘုရားက ဓားကို သွေးလိမ့်မယ်။+ လေးကိုတင်ပြီး ချိန်ရွယ်လိမ့်မယ်။+ ၁၃  သေစေနိုင်တဲ့ လက်နက်တွေကို ပြင်ဆင်ပြီးမီးမြားတွေကို အသင့်ပြင်လိမ့်မယ်။+ ၁၄  ဆိုးသွမ်းမှုကို ကိုယ်ဝန်ဆောင်ထားတဲ့သူကို ကြည့်လိုက်ပါ။ ဒုက္ခကို ကိုယ်ဝန်လွယ်ပြီး အလိမ်အညာတွေကိုသူမွေးဖွားတယ်။+ ၁၅  တွင်းကို နက်နက်တူးပေမဲ့အဲဒီတွင်းထဲ ပြန်ကျလိမ့်မယ်။+ ၁၆  သူဖန်တီးတဲ့ဒုက္ခဟာ သူ့ခေါင်းပေါ် ပြန်ရောက်လိမ့်မယ်။+ သူလုပ်တဲ့ အကြမ်းဖက်မှုဟာ သူ့ငယ်ထိပ်ပေါ် ပြန်ကျလိမ့်မယ်။ ၁၇  ငါကတော့ ယေဟောဝါရဲ့ တရားမျှတမှုကြောင့် ဘုရားကို ချီးမွမ်းမယ်။+ အမြင့်ဆုံးအရှင်+ ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းသီချင်းဆိုမယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကျောက်ကပ်တွေကို။”