ဆာလံ ၇၀:၁-၅

  • အရေးပေါ် အကူအညီတောင်း

    • “အမြန်ဆုံး လာကူလှည့်ပါ” ()

ဂီတမှူးသို့။ သတိရအောက်မေ့ဖို့ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၇၀  အို ဘုရားသခင်၊ ကျွန်တော့်ကို ကယ်တင်ပေးပါ။ ယေဟောဝါဘုရား၊ အမြန်လာကူပါဦး။+ ၂  ကျွန်တော့်အသက်ကို သတ်ချင်တဲ့သူတွေ အရှက်ကွဲပြီး ရှုတ်ချခံရပါစေ။ ကျွန်တော် ဘေးဆိုးကြုံရလို့ ဝမ်းသာအားရ ဖြစ်နေသူတွေ အရှက်တကွဲ နောက်လှည့်ပြေးရပါစေ။ ၃  ကျွန်တော့်ကို ဟားတိုက်နေသူတွေ အရှက်တကွဲ လှည့်ပြန်ရပါစေ။  ၄  ကိုယ်တော့်ကို ရှာတဲ့သူတွေကတော့ ကိုယ်တော်ကြောင့် ရွှင်လန်းဝမ်းမြောက်ကြပါစေ။+ ကိုယ်တော့် ကယ်တင်ခြင်းကို မြတ်နိုးသူတွေက “ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြပါ” လို့ အမြဲပြောနိုင်ပါစေ။ ၅  ကျွန်တော် ခိုကိုးရာမဲ့ပြီး ဆင်းရဲနွမ်းပါးနေတယ်။+ အို ဘုရားသခင်၊ ကျွန်တော့်အတွက် အမြန်ဆုံး လုပ်ဆောင်ပေးလှည့်ပါ။+ ကိုယ်တော်ဟာ ကူညီမစရှင်၊ ကယ်တင်ရှင်ပါ။+ ယေဟောဝါဘုရား၊ နှောင့်နှေးမနေပါနဲ့။+

အောက်ခြေမှတ်ချက်များ