ဆာလံ ၇၃:၁-၂၈

  • ဘုရားတရားကိုင်းရှိုင်းသူ အမြင်မှန်ရလာ

    • ‘ခြေလှမ်း မှားလုမတတ်ဖြစ်ခဲ့’ ()

    • “တစ်နေ့လုံး ဒုက္ခခံနေရတယ်” (၁၄)

    • “သန့်ရှင်းရာဌာနတော်ထဲ ဝင်တော့မှပဲ” (၁၇)

    • ချော်တဲ့မြေပေါ်က လူဆိုးတွေ (၁၈)

    • ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိ (၂၈)

အာသပ်စပ်ဆိုတဲ့ သီချင်း။+ ၇၃  ဘုရားသခင်ဟာ အစ္စရေးတွေအပေါ်၊ စိတ်ထား ဖြူစင်သူတွေအပေါ် ကောင်းမြတ်လှတယ်။+ ၂  ငါ့မှာတော့ ခြေလှမ်းတွေ မှားလုမတတ်၊ခြေချော်လဲမတတ် ဖြစ်ခဲ့တယ်။+ ၃  လူဆိုးတွေ ကြီးပွား ကောင်းစားနေတာကို မြင်ရတဲ့အခါမောက်မာတဲ့ အဲဒီလူတွေကို ငါမနာလို မရှုဆိတ် ဖြစ်မိတယ်။+ ၄  သူတို့ဟာ ကျန်းမာသန်စွမ်းနေတယ်။+ သေဆုံးချိန်မှာလည်း ဘာဝေဒနာမှ မခံစားရဘူး။ ၅  တခြားသူတွေလို ဒုက္ခမကြုံရဘူး။+ ဝေဒနာလည်း မခံစားရဘူး။+ ၆  ဒါကြောင့် မောက်မာမှုကို လည်မှာ ဆွဲထားတယ်။+ အကြမ်းဖက်မှုကို ဝတ်ဆင်ထားတယ်။ ၇  ကြီးပွားကောင်းစားနေလို့ မျက်လုံးတွေ ဖောင်းအစ်နေတယ်။ မှန်းထားတာထက်တောင် ပိုအောင်မြင်နေတယ်။ ၈  လှောင်ပြောင်တတ်တဲ့အပြင် ဆိုးညစ်တဲ့စကားတွေ ပြောတတ်တယ်။+ မောက်မောက်မာမာ ခြိမ်းခြောက်ပြီး ဖိနှိပ်တတ်တယ်။+ ၉  မိုးလားကဲလား သူတို့ပြောတတ်တယ်။ ဝင့်ဝင့်ဝါဝါ ကြွားလုံးထုတ်တတ်တယ်။ ၁၀  ဒါကြောင့် ဘုရားရဲ့လူတွေ သူတို့ဘက်ပါသွားပြီးသူတို့တိုက်တဲ့ရေကို တဝကြီး သောက်ကြတယ်။ ၁၁  “ဘုရားသခင် ဘယ်လိုလုပ် သိမှာလဲ။+ အမြင့်ဆုံးအရှင်က ဘာများသိလို့လဲ” ဆိုပြီး ပြောတတ်တယ်။ ၁၂  အပူအပင် ကင်းကင်းနဲ့ နေရတာလည်း အဲဒီလူဆိုးတွေပါပဲ။+ သူတို့စည်းစိမ်တွေဆို တိုးပြီးရင်း တိုးနေတာပဲ။+ ၁၃  ငါ့စိတ်ကို ဖြူစင်အောင်ထားလည်း အလကားပဲ။ ငါ့လက်ကို အပြစ်မဲ့ခြင်းနဲ့ ဆေးရင်လည်း အလကားပဲ။+ ၁၄  ငါ့မှာ တစ်နေ့လုံး ဒုက္ခခံနေရတယ်။+ မနက်တိုင်း ဆုံးမခံနေရတယ်။+ ၁၅  ဒါပေမဲ့ ဒီအကြောင်းတွေကို ထုတ်ပြောလိုက်ရင်ကိုယ်တော့်လူတွေကို သစ္စာဖောက်ရာရောက်မယ်။ ၁၆  ဒါကိုနားလည်ဖို့ ကြိုးစားပေမဲ့ စိတ်အနှောင့်အယှက်ပဲ ဖြစ်ရတယ်။ ၁၇  ဘုရားသခင်ရဲ့ ခမ်းနားတဲ့ သန့်ရှင်းရာဌာနတော်ထဲ ဝင်တော့မှပဲ သူတို့ရဲ့အနာဂတ်ကို သိမြင်လာတော့တယ်။ ၁၈  တကယ်တော့ ကိုယ်တော်က သူတို့ကို ချော်တဲ့မြေပေါ်မှာ ချထားတာကိုး။+ သူတို့ပြိုလဲပျက်စီးအောင် လုပ်တော့မှာကိုး။+ ၁၉  သူတို့ ရုတ်ချည်း တုန်လှုပ်ချောက်ချားရပြီ။+ မထင်မှတ်ဘဲ ဆိုးဆိုးရွားရွား ဇာတ်သိမ်းရပြီ။ ၂၀  ယေဟောဝါဘုရား၊ ကိုယ်တော် နိုးထလာတဲ့အခါ သူတို့ရဲ့ပုံရိပ်ကို မေ့ဖျောက်ပစ်လိမ့်မယ်။ အိပ်ရာနိုးလာတဲ့အခါ ကိုယ့်အိပ်မက်ကို မမှတ်မိသလိုမျိုးပေါ့။ ၂၁  ကျွန်တော်ကတော့ စိတ်အချဉ်ပေါက်နေခဲ့တာ။+ ရင်ထဲမှာ စူးစူးရှရှ နာကျင်နေခဲ့တာ။ ၂၂  စဉ်းစားဉာဏ်မဲ့ပြီး ဘာမှ နားမလည်နိုင်ခဲ့ဘူး။ ရှေ့တော်မှာ အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်လို ဖြစ်ခဲ့တာ။ ၂၃  အခုတော့ ကိုယ်တော်နဲ့အတူ ကျွန်တော် အမြဲရှိနေပါတယ်။ ကျွန်တော့်ညာလက်ကို ကိုယ်တော်ဆုပ်ကိုင်ထားတယ်။+ ၂၄  ကိုယ်တော် အကြံဉာဏ်ပေးပြီး လမ်းပြတယ်။+ အဲဒီနောက် ကျွန်တော့်ကို ဂုဏ်ကျက်သရေ ရှိစေလိမ့်မယ်။+ ၂၅  ကျွန်တော့်အတွက် ကောင်းကင်မှာ ကိုယ်တော်ကလွဲလို့ ဘယ်သူရှိလို့လဲ။ မြေပေါ်မှာလည်း ကိုယ်တော်ရှိနေသရွေ့ ဘာမှ မလိုအပ်ပါဘူး။+ ၂၆  စိတ်နဲ့ခန္ဓာ ဆုတ်ယုတ်လာရင်တောင် ဘုရားသခင်က ကျွန်တော့်စိတ်ကို အားဖြည့်ပေးတယ်။ ကိုယ်တော်ဟာ ကျွန်တော့်ကျောက်ဆောင်ပါ။ ကျွန်တော့်ဝေစု အမြဲဖြစ်နေမှာပါ။+ ၂၇  ကိုယ်တော့်ကို ဝေးဝေးရှောင်သူတွေ တကယ်ပျက်စီးရလိမ့်မယ်။ ဖောက်ပြန်ပြီး စွန့်ခွာသူတိုင်းကို ကိုယ်တော် ဇာတ်သိမ်းပစ်မယ်။+ ၂၈  ကျွန်တော့်အတွက်တော့ ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်။+ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဆီမှာ ကျွန်တော် ခိုလှုံနေပါတယ်။ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း ကြားပြောနိုင်ဖို့ပါ။+

အောက်ခြေမှတ်ချက်များ