ဆာလံ ၇၈:၁-၇၂
အာသပ်စပ်ဆိုတဲ့ မက်စကီး။*+
၇၈ ငါ့လူတို့၊ ငါ့သွန်သင်ချက်ကို နားထောင်ကြ။
ငါပြောမယ့် စကားတွေကို နားစွင့်ကြ။
၂ ငါ့နှုတ်ကိုဖွင့်ပြီး စကားပုံတွေ ပြောမယ်။
ရှေးစကားထာတွေ ပြောပြမယ်။+
၃ ဘိုးဘေးတွေ ပြောပြခဲ့လို့+
ငါတို့ ကြားသိထားသမျှ၊
၄ သားမြေးတွေကို မထိမ်ဝှက်ထားပါဘူး။
ယေဟောဝါရဲ့ ချီးမွမ်းထိုက်တဲ့ လုပ်ဆောင်မှုတွေအကြောင်း၊ အစွမ်းတန်ခိုးအကြောင်း၊+ဘုရားလုပ်ခဲ့တဲ့ အံ့ဖွယ်ရာတွေအကြောင်း+နောင်လာနောက်သားတွေကို ပြောပြမယ်။+
၅ ဘုရားသခင်က ယာကုပ်အမျိုးကို သတိပေးချက် ပြဋ္ဌာန်းပေးတယ်။
အစ္စရေးလူမျိုးကို ပညတ်တရား ချမှတ်ပေးတယ်။
ပြီးတော့ သားမြေးတွေဆီ လက်ဆင့်ကမ်းဖို့+ ဘိုးဘေးတွေကို မိန့်မှာခဲ့တယ်။
၆ နောက်မျိုးဆက်နဲ့
မွေးဖွားလာမယ့် သားမြေးတွေ သိလာဖို့ပဲ။+
သူတို့ကလည်း သားမြေးတွေကို တစ်ဆင့် ပြန်ပြောပြလိမ့်မယ်။+
၇ အဲဒီအခါ ဘုရားသခင်ကို သားမြေးတွေ ယုံကြည်အားထားလာမယ်။
ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကို မမေ့လျော့ဘဲ+ ပညတ်ချက်တွေကို လိုက်နာကြလိမ့်မယ်။+
၈ ဒါမှ ဘိုးဘေးတွေလို သူတို့မဖြစ်ကြမှာ။
ဘိုးဘေးတွေဟာ ခေါင်းမာပြီး ပုန်ကန်တတ်တဲ့ လူမျိုးဆက်၊+စိတ်မတည်ငြိမ်တဲ့ လူမျိုးဆက်၊+ဘုရားသခင်အပေါ် သစ္စာမရှိတဲ့ လူမျိုးဆက်ဖြစ်ခဲ့တယ်။
၉ ဧဖရိမ် အမျိုးသားတွေက လေးမြားတွေ အသင့်ပြင်ထားပေမဲ့စစ်မြေပြင်ကနေ တပ်ခေါက်ခဲ့ရတယ်။
၁၀ ဘုရားသခင်ရဲ့ ပဋိညာဉ်ကို မစောင့်ထိန်းခဲ့ဘူး။+
ပညတ်တရားအတိုင်း မလိုက်လျှောက်ခဲ့ဘူး။+
၁၁ ဘုရားလုပ်ဆောင်ခဲ့တာတွေ၊+ပြခဲ့တဲ့ အံ့ဖွယ်ရာတွေကိုလည်း မေ့သွားကြတယ်။+
၁၂ ဘုရားက အီဂျစ်ပြည်၊ ဇောနအရပ်မှာ+အံ့ဖွယ်ရာတွေကို ဘိုးဘေးတွေရှေ့ လုပ်ဆောင်ခဲ့တယ်။+
၁၃ သူတို့ဖြတ်လျှောက်နိုင်ဖို့ ပင်လယ်ကို နှစ်ခြမ်းခွဲခဲ့တယ်။
ရေတွေကို တံတိုင်းကြီးလိုဖြစ်အောင် လုပ်လိုက်တယ်။+
၁၄ နေ့အချိန်မှာ မိုးတိမ်နဲ့၊ညအချိန်မှာ မီးရောင်နဲ့ လမ်းပြခဲ့တယ်။+
၁၅ တောကန္တာရမှာ ကျောက်ဆောင်တွေကို ထက်ခြမ်းခွဲပြီးနက်ရှိုင်းတဲ့ ရေထုကို သောက်ရသလို အဝသောက်စေခဲ့တယ်။+
၁၆ ကျောက်ဆောင်ထဲကနေ စမ်းရေ ဖြာထွက်စေခဲ့တယ်။
ရေကို မြစ်လို စီးဆင်းစေခဲ့တယ်။+
၁၇ ဒါပေမဲ့ သူတို့က အမြင့်ဆုံးအရှင်ကို ကန္တာရမှာ ပုန်ကန်ပြီး+ဆက်ပြစ်မှားခဲ့ကြတယ်။
၁၈ အငမ်းမရ စားချင်လို့ အစာကို မရမက တောင်းပြီးစိတ်ထဲမှာ ဘုရားသခင်ကို စိန်ခေါ်ခဲ့ကြတယ်။+
၁၉ “ဘုရားသခင်က တောကန္တာရမှာ စားပွဲကို တည်ခင်းပေးနိုင်ပါ့မလား” ဆိုပြီးဘုရားသခင်ကို ဆန့်ကျင်ပြောဆိုကြတယ်။+
၂၀ ကြည့်ပါ။ ဘုရားက ကျောက်ဆောင်ကို ရိုက်လိုက်တဲ့အခါရေတွေ ပန်းထွက်ပြီး ဒလဟော စီးဆင်းလာတယ်။+
“ဘုရားက ငါတို့အတွက် မုန့်ကို ပေးနိုင်ပါ့မလား။
သူ့လူတွေအတွက် အသားကို ပေးနိုင်ပါ့မလား”+ လို့ပြောကြတယ်။
၂၁ ဒါကို ယေဟောဝါ ကြားတဲ့အခါ အမျက်ထွက်တယ်။+
ယာကုပ်ကို ဒေါသမီး+ တောက်လောင်တယ်။
အစ္စရေးကို ဒေါသထွက်တယ်။+
၂၂ ဘုရားသခင်ကို သူတို့ မယုံကြည်ကြဘူး။+
ဘုရားရဲ့ ကယ်တင်နိုင်စွမ်းကို မကိုးစားကြဘူး။
၂၃ ဒါကြောင့် ဘုရားက အုံ့မှိုင်းနေတဲ့ ကောင်းကင်ကို အမိန့်ပေးပြီးမိုးကောင်းကင်တံခါးတွေ ဖွင့်လိုက်တယ်။
၂၄ သူတို့စားဖို့ မန္နမုန့်ကို မိုးလို ရွာကျစေတယ်။
ကောင်းကင်ကနေ ကောက်နှံတွေ ချပေးတယ်။+
၂၅ သူတို့အဝစားနိုင်ဖို့ လုံလုံလောက်လောက် ချပေးခဲ့တယ်။+
ခွန်အားကြီးသူတွေရဲ့* အစာကို သူတို့စားခဲ့ရတယ်။+
၂၆ ဘုရားက ကောင်းကင်မှာ အရှေ့လေကို တိုက်ခတ်စေတယ်။
တောင်လေကို တန်ခိုးတော်နဲ့ တိုက်စေတယ်။+
၂၇ အဲဒီနောက် အသားကို မြေမှုန့်တွေလို၊ငှက်တွေကို ပင်လယ်ကမ်းခြေ သဲပွင့်တွေလို ရွာကျစေတယ်။
၂၈ အဲဒါတွေကို တပ်စခန်းရဲ့အလယ်မှာ၊တဲတွေပတ်လည်မှာ ကျစေတယ်။
၂၉ သူတို့ တနင့်တပိုး စားခဲ့ရတယ်။
သူတို့ဆန္ဒကို ဘုရားဖြည့်ဆည်းပေးခဲ့တယ်။+
၃၀ ဒါပေမဲ့ သူတို့ အာသာမပြေခင်မှာပဲ၊အစာကို ဝါးနေတုန်းမှာပဲ၊
၃၁ ဘုရားသခင်ရဲ့ဒေါသ ကျရောက်လာတယ်။+
သူတို့ထဲက အသန်မာဆုံးလူတွေကို ဘုရားကွပ်မျက်ခဲ့တယ်။+
အစ္စရေး လူငယ်တွေကို ပြိုလဲစေခဲ့တယ်။
၃၂ ဒါတောင်မှ သူတို့ ထပ်ပြီး ပြစ်မှားကြသေးတယ်။+
ဘုရားရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေကို မယုံကြည်ကြဘူး။+
၃၃ ဒါကြောင့် ဘုရားက သူတို့ရဲ့ နေ့ရက်တွေကို ပင့်သက်တစ်ရှိုက်စာလို အဆုံးတိုင်စေတယ်။+
သူတို့ရဲ့နှစ်တွေကို ရုတ်တရက်ဖြစ်ပေါ်တဲ့ ထိတ်လန့်စရာတွေနဲ့ နိဂုံးချုပ်စေတယ်။
၃၄ ဒါပေမဲ့ သူတို့ ကွပ်မျက်ခံရတိုင်း ဘုရားသခင်ကို ရှာဖွေကြတယ်။+
ပြန်လှည့်လာပြီး ဘုရားကို မျှော်ကိုးကြတယ်။
၃၅ ဘုရားသခင်ဟာ သူတို့ရဲ့ ကျောက်ဆောင်ဖြစ်မှန်း၊+အမြင့်ဆုံးအရှင် ဘုရားသခင်ဟာ သူတို့ရဲ့ ရွေးနုတ်ရှင်ဖြစ်မှန်း သတိရသွားလို့ပဲ။+
၃၆ ဒါပေမဲ့ သူတို့က ဘုရားကို အပြောနဲ့လှည့်စားတယ်။
လိမ်ညာတဲ့ စကားတွေ ပြောတယ်။
၃၇ သူတို့ရဲ့စိတ်ဟာ ဘုရားအပေါ် စွဲမြဲမနေဘူး။+
ဘုရားရဲ့ ပဋိညာဉ်ကို သစ္စာမစောင့်ကြဘူး။+
၃၈ ဒါပေမဲ့ ဘုရားက ကရုဏာထားတယ်။+
သူတို့ကို မဖျက်ဆီးဘဲ အမှားတွေကို ခွင့်လွှတ်ပေးတယ်။+
ဒေါသကို မပေါက်ကွဲစေဘဲ အကြိမ်ကြိမ် ထိန်းချုပ်ခဲ့တယ်။+
၃၉ သူတို့ဟာ အသွေးအသားပဲ၊+တိုက်ခတ်သွားပြီး ပြန်မလာတတ်တဲ့ လေပဲဆိုတာကို ဘုရား သတိရတယ်။
၄၀ တောကန္တာရမှာ ဘုရားကို သူတို့ပုန်ကန်ခဲ့တာ၊+ကန္တာရမှာ ဘုရားကို စိတ်ထိခိုက်အောင်လုပ်ခဲ့တာ အကြိမ်ကြိမ်ပဲ။+
၄၁ ဘုရားသခင်ကို ခဏခဏအကဲစမ်းကြတယ်။+
အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကို စိတ်နာစေကြတယ်။
၄၂ တန်ခိုးတော်ကိုရော၊ရန်သူတွေလက်ကနေ ကယ်တင်ခဲ့တဲ့နေ့ကိုပါ သတိမရကြဘူး။+
၄၃ အီဂျစ်ပြည်မှာ ထူးဆန်းတဲ့အရာတွေကို ဘုရား ဘယ်လိုပြခဲ့တယ်၊+ဇောနအရပ်မှာ အံ့ဖွယ်အမှုတွေကို ဘယ်လိုလုပ်ပြခဲ့တယ်ဆိုတာ သတိမရကြဘူး။
၄၄ အီဂျစ်ပြည်သားတွေ သောက်လို့မရအောင် နိုင်းမြစ်တူးမြောင်းထဲက ရေကို သွေးဖြစ်စေခဲ့မှန်းလည်း သတိမရကြဘူး။+
၄၅ ဘုရားက ယင်ရဲတွေ အုပ်လိုက်လွှတ်ပြီး ကိုက်စေခဲ့တယ်။+
ဖားတွေလွှတ်ပြီးဖျက်ဆီးခဲ့တယ်။+
၄၆ ကျိုင်းကောင်တွေ လွှတ်ပြီး ကောက်ပဲသီးနှံတွေကို စားစေတယ်။
ကျိုင်းကောင်အုပ်တွေ လွှတ်ပြီး တပင်တပန်း စိုက်ထားတဲ့ သီးနှံတွေကို စားစေတယ်။+
၄၇ စပျစ်ပင်နဲ့ သဖန်းပိုးစာပင်တွေကို မိုးသီးတွေ ရွာချပြီး ဖျက်ဆီးပစ်တယ်။+
၄၈ ဝန်တင်တိရစ္ဆာန်တွေအပေါ် မိုးသီးကျစေတယ်။+
ခြံမွေးတိရစ္ဆာန်တွေကို မိုးကြိုးပစ်စေတယ်။*
၄၉ ဘုရားက အမျက်တော်ရှပြီး အမျက်ဒေါသ၊ ဘေးဒုက္ခနဲ့ ဒဏ်ခတ်တယ်။
ကောင်းကင်တမန်အုပ်စုကို သုံးပြီး ဘေးဆိုးတွေ ကျရောက်စေတယ်။
၅၀ ဒေါသကို မထိန်းချုပ်ဘဲ လွှတ်လိုက်တယ်။
သူတို့ကို အသက်ချမ်းသာ မပေးဘဲကပ်ရောဂါဘေးလက်ထဲ အပ်လိုက်တယ်။
၅၁ နောက်ဆုံး၊ အီဂျစ်ပြည်ရဲ့ သားဦးမှန်သမျှကို ကွပ်မျက်တယ်။+
သူတို့ဟာ ဟာမရဲ့တဲတွေထဲက ရင်သွေးဦးတွေပဲ။
၅၂ ပြီးတဲ့နောက် သိုးအုပ်ကို ခေါ်ထုတ်သလို လူမျိုးတော်ကို ခေါ်ထုတ်လာတယ်။+
တောကန္တာရမှာ တိရစ္ဆာန်အုပ်ကို လမ်းပြသလို လမ်းပြခဲ့တယ်။
၅၃ ဘုရားက ဘေးကင်းလုံခြုံစွာ ဦးဆောင်ခေါ်လာတဲ့အတွက်
သူတို့ ဘာကိုမှ မကြောက်ခဲ့ရဘူး။+
ပင်လယ်ကြီးက ရန်သူတွေကို လွှမ်းမိုးပစ်လိုက်တယ်။+
၅၄ သန့်ရှင်းတဲ့နယ်မြေဆီ၊+ညာလက်တော်နဲ့ ရယူထားတဲ့ ဒီတောင်တန်းဒေသဆီ သူတို့ကို ခေါ်ဆောင်လာတယ်။+
၅၅ လူမျိုးတွေကို သူတို့ရှေ့ကနေ မောင်းထုတ်တယ်။+
သူတို့အတွက် အမွေမြေကို တိုင်းတာပြီး ခွဲဝေပေးတယ်။+
အစ္စရေးအနွယ်တွေကို ကိုယ့်အိမ်ကိုယ့်ရာနဲ့ အခြေတကျဖြစ်စေတယ်။+
၅၆ ဒါပေမဲ့ သူတို့က အမြင့်ဆုံးအရှင် ဘုရားသခင်ကို စိန်ခေါ်ပြီး ပုန်ကန်နေတုန်းပဲ။+
ဘုရား သတိပေးတာကို အရေးမစိုက်ဘူး။+
၅၇ ဘိုးဘေးတွေလို လမ်းလွဲပြီး သစ္စာဖောက်ကြတယ်။+
ကြိုးလျော့နေတဲ့ လေးလိုပဲ စိတ်ချလို့မရဘူး။+
၅၈ အထွတ်အမြတ်နေရာတွေ တည်ပြီး ဘုရားကို စိတ်ဆိုးစေတယ်။+
ရုပ်တုတွေလုပ်ပြီး အမျက်တော်ထွက်စေတယ်။+
၅၉ ဒါကို ဘုရားသခင် မြင်တဲ့အခါ ဒေါသထွက်ပြီး+အစ္စရေးလူမျိုးကို လုံးဝပစ်ပယ်လိုက်တယ်။
၆၀ နောက်ဆုံး၊ လူတွေအလယ်မှာ စံမြန်းရာဖြစ်ခဲ့တဲ့+ရှိလောမြို့က တဲတော်ကို စွန့်ပယ်လိုက်တယ်။+
၆၁ ဘုရားက မိမိအစွမ်းတန်ခိုးရဲ့ အမှတ်သင်္ကေတကို သုံ့ပန်းဘဝ ရောက်စေတယ်။
မိမိရဲ့ ဘုန်းအသရေကို ရန်သူ့လက်ထဲ အပ်လိုက်တယ်။+
၆၂ လူမျိုးတော်ကို ဓားဘေးလက်ထဲ အပ်တယ်။+
အမွေတော်ကို အကြီးအကျယ် စိတ်ဆိုးတယ်။
၆၃ လူပျိုတွေကို မီးတွေဝါးမျိုပစ်တယ်။
မိန်းမပျိုတွေအတွက် မင်္ဂလာသီချင်းတွေလည်း မသီဆိုရတော့ဘူး။
၆၄ ပုရောဟိတ်တွေ ဓားဘေးကြောင့် ကျဆုံးသွားတယ်။+
ကျန်ရစ်တဲ့မုဆိုးမတွေ မငိုကြဘူး။+
၆၅ အဲဒီတော့မှ ယေဟောဝါက အိပ်မောကျရာက နိုးလာတဲ့သူလို၊+ဝိုင်အမူးပြေသွားတဲ့ စစ်သူရဲလို+ နိုးထလာတယ်။
၆၆ ဒါနဲ့ ရန်သူတွေကို မောင်းထုတ်ပြီး+ထာဝစဉ် အရှက်ရစေတယ်။
၆၇ ဘုရားက ယောသပ်ရဲ့ သားမြေးတွေကို ငြင်းပယ်တယ်။
ဧဖရိမ်အနွယ်ကို မရွေးချယ်ဘူး။
၆၈ အဲဒီအစား ယုဒအနွယ်၊+ချစ်မြတ်နိုးရတဲ့ ဇိအုန်တောင်ကို ရွေးချယ်တယ်။+
၆၉ သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ပြီး ကောင်းကင်လို တည်မြဲစေတယ်။+
ထာဝစဉ် တည်ထားတဲ့ ကမ္ဘာမြေလို တည်မြဲစေတယ်။+
၇၀ မိမိကျွန် ဒါဝိဒ်ကို ရွေးချယ်ပြီး+သိုးခြံတွေထဲကနေ ခေါ်ထုတ်ခဲ့တယ်။+
၇၁ နို့တိုက်သိုးမတွေကို ထိန်းကျောင်းရာကနေ လူမျိုးတော် ယာကုပ်ကို၊အမွေတော် အစ္စရေးကို ထိန်းကျောင်းမယ့် သိုးထိန်းအဖြစ်+ ခန့်အပ်ခဲ့တယ်။+
၇၂ ဒါဝိဒ်က သူတို့ကို တည်ကြည်တဲ့စိတ်နဲ့ ထိန်းကျောင်းပြီး+ကျွမ်းကျင်လိမ္မာစွာ ဦးဆောင်ခဲ့တယ်။+