ဆာလံ ၈၈:၁-၁၈

  • သေဘေးက ကာကွယ်ပေးဖို့ ဆုတောင်းချက်

    • “သင်္ချိုင်းနှုတ်ခမ်းဝနား ရောက်နေပြီ” ()

    • ‘နံနက်တိုင်း ဆုတောင်းတယ်’ (၁၃)

ကောရရဲ့သားမြေးတွေ စပ်ဆိုတဲ့သီချင်း။+ ဂီတမှူးသို့။ မဟာလတ်* တေးအမျိုးအစားအတိုင်း အလှည့်ကျသီဆိုရန်။ ဧဇရဟိတ်အမျိုးသား ဟေမန်စပ်ဆိုတဲ့+ မက်စကီး။* ၈၈  ကယ်တင်ရှင် ယေဟောဝါဘုရား၊+နေ့ဘက်မှာ ကိုယ်တော့်ဆီ အော်ဟစ်အကူအညီ တောင်းပါတယ်။ ညဘက်မှာလည်း ရှေ့တော်ကို လာပါတယ်။+ ၂  ကျွန်တော့်ရဲ့ ဆုတောင်းချက်တွေ ရှေ့တော်ကို ရောက်ပါစေ။+ အော်ဟစ်အကူအညီ တောင်းတဲ့အခါ နားစွင့်ပေးပါ။+ ၃  ကျွန်တော် ဒုက္ခနွံထဲ နစ်နေပြီ။+ သင်္ချိုင်းရဲ့ နှုတ်ခမ်းဝနား ရောက်နေပြီ။+ ၄  သင်္ချိုင်းတွင်းထဲ ဆင်းနေသူတွေထဲမှာ ကျွန်တော်လည်း ပါနေပြီ။+ ခိုကိုးရာမဲ့နေပါပြီ။+ ၅  လူသေတွေကြားမှာ ပစ်ထားခံရပြီ။ သင်္ချိုင်းမှာ လဲလျောင်းနေတဲ့ လူသေလို ဖြစ်နေပြီ။ ကိုယ်တော် သတိမရတော့တဲ့သူတွေလို၊ကိုယ်တော်ရဲ့ ဂရုစိုက်မှုကို မခံရတော့တဲ့သူတွေလို ဖြစ်နေပြီ။ ၆  ကိုယ်တော်က အမှောင်ဆုံး၊ အနက်ဆုံး တွင်းနက်ကြီးထဲ ကျွန်တော့်ကို ချပစ်တယ်။ ၇  အမျက်တော်ကြောင့် ကျွန်တော် ပိပြားနေပြီ။+ လှိုင်းလုံးကြီးတွေနဲ့ လွှမ်းမိုးပစ်ပြီ။ (စဲလာ) ၈  အသိမိတ်ဆွေတွေကို အလှမ်းဝေးရာဆီ မောင်းထုတ်ပစ်တယ်။+ ကျွန်တော့်ကို သူတို့အတွက် ရွံစရာကောင်းတဲ့သူလို ဖြစ်စေတယ်။ ကျွန်တော့်မှာ မလွတ်မြောက်နိုင်အောင် ပိတ်မိနေတယ်။ ၉  ဒုက္ခကြောင့် မျက်စိတွေမှုန်နေပြီ။+ အို ယေဟောဝါ၊ ကိုယ်တော့်ကို တစ်နေ့လုံး ဆုတောင်းပါတယ်။+ လက်ဖြန့်ဆုတောင်းနေပါတယ်။ ၁၀  ကိုယ်တော်က လူသေတွေကို အံ့သြစရာတွေ လုပ်ပြပါ့မလား။ ဘာမှ မစွမ်းဆောင်နိုင်တော့တဲ့ လူသေတွေ ထလာပြီး ကိုယ်တော့်ကို ချီးမွမ်းနိုင်ပါ့မလား။+ (စဲလာ) ၁၁  ခိုင်မြဲတဲ့မေတ္တာအကြောင်း သင်္ချိုင်းမှာ ကြေညာနိုင်ပါ့မလား။ သစ္စာတရားအကြောင်း ဖျက်ဆီးခြင်းအရပ်မှာ* ကြေညာနိုင်ပါ့မလား။ ၁၂  ကိုယ်တော်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း မှောင်မိုက်မှာ သိနိုင်ပါ့မလား။ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းအကြောင်း အသိမဲ့နေသူတွေရဲ့ ပြည်မှာ သိနိုင်ပါ့မလား။+ ၁၃  အို ယေဟောဝါ၊ ကျွန်တော်ကတော့ ကိုယ်တော့်ဆီ အော်ဟစ်အကူအညီတောင်းနေပါတယ်။+ ကျွန်တော့်ရဲ့ ဆုတောင်းချက်တွေ ရှေ့တော်ကို နံနက်တိုင်း ရောက်ပါတယ်။+ ၁၄  အို ယေဟောဝါ၊ ကျွန်တော့်ကို ဘာလို့ ပစ်ပယ်ထားတာလဲ။+ ဘာလို့ မျက်နှာလွှဲထားတာလဲ။+ ၁၅  ကျွန်တော့်မှာ ငယ်ငယ်ကတည်းက ဒုက္ခရောက်ပြီး သေလုနီးနီးပဲ။+ ကိုယ်တော် ခွင့်ပြုလိုက်တဲ့ ထိတ်လန့်စရာတွေကြောင့် ငိုင်တိုင်တိုင်ကြီး ဖြစ်နေပြီ။ ၁၆  ကျွန်တော့်ကို အမျက်တော်မီးက လွှမ်းမိုးပစ်တယ်။+ ကိုယ်တော် ကျရောက်စေတဲ့ ထိတ်လန့်စရာတွေက ဖျက်ဆီးပစ်တယ်။ ၁၇  ထိတ်လန့်စရာတွေက တစ်နေ့လုံး ရေလိုလွှမ်းမိုးထားတယ်။ အဘက်ဘက်ကနေ* ဝိုင်းရံထားတယ်။ ၁၈  မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကို အလှမ်းဝေးရာဆီ ကိုယ်တော် မောင်းထုတ်ပစ်လို့+မှောင်မိုက်ကိုပဲ အပေါင်းအသင်း လုပ်နေရတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “အဗဒုန်အရပ်မှာ။”
“ရုတ်တရက်” လည်းဖြစ်နိုင်။