ဆာလံ ၉၁:၁-၁၆
၉၁ အမြင့်ဆုံးအရှင်ရဲ့ လျှို့ဝှက်နေရာမှာ နေထိုင်သူတိုင်းဟာ+အနန္တတန်ခိုးရှင်ရဲ့ အရိပ်အောက် ခိုလှုံခွင့်ရလိမ့်မယ်။+
၂ “ကိုယ်တော်ဟာ ကျွန်တော့်ခိုလှုံရာ၊ ကျွန်တော့်ရဲတိုက်၊+ကျွန်တော်ကိုးစားတဲ့ ဘုရားသခင်ပါ”+ လို့ ယေဟောဝါကို ငါပြောမယ်။
၃ ဘုရားက မင်းကို ငှက်ဖမ်းသမားရဲ့ ထောင်ချောက်ကနေ၊သေစေနိုင်တဲ့ ကပ်ရောဂါဘေး ကနေ ကယ်တင်လိမ့်မယ်။
၄ မင်းကို အမွေးအတောင်တွေနဲ့ ဖုံးအုပ်ပေးလိမ့်မယ်။
အတောင်တော်အောက်မှာ မင်း ခိုလှုံရလိမ့်မယ်။+
ဘုရားရဲ့ သစ္စာတရားဟာ+ ဒိုင်းလွှားကြီး၊+ ကာကွယ်ပေးတဲ့တံတိုင်း ဖြစ်လိမ့်မယ်။
၅ ညဘက်မှာ ဖြစ်တတ်တဲ့ ထိတ်လန့်စရာတွေ၊+
နေ့ဘက်မှာ ပျံဝဲလာတဲ့ မြားတွေကို မင်း ကြောက်မှာမဟုတ်ဘူး။+
၆ မှောင်မိုက်မှာ ပျံ့နှံ့တဲ့ ကပ်ရောဂါဘေး၊မွန်းတည့်ချိန်မှာ ဖြစ်တတ်တဲ့ ဖျက်ဆီးခြင်းဘေးကို မင်း ကြောက်မှာမဟုတ်ဘူး။
၇ မင်းရဲ့ဘေးမှာ လူတစ်ထောင်၊မင်းရဲ့ညာဘက်မှာ လူတစ်သောင်း လဲကျလိမ့်မယ်။
ဒါပေမဲ့ မင်းကတော့ အဲဒီဘေးဆိုးတွေကို ကြုံရမှာမဟုတ်ဘူး။+
၈ လူဆိုးတွေ ပြစ်ဒဏ်ခံရတာကိုမျက်ဝါးထင်ထင် မြင်ရလိမ့်မယ်။
၉ “ယေဟောဝါဟာ ကျွန်တော့်ရဲ့ ခိုလှုံရာပါ”* လို့ မင်းပြောတဲ့အတွက်၊အမြင့်ဆုံးအရှင်ကို ခိုလှုံတဲ့အတွက်၊+
၁၀ မင်းအပေါ် ဘေးဒုက္ခတစ်ခုမှကျရောက်မှာ မဟုတ်ဘူး။+
မင်းရဲ့တဲနားကို ကပ်ရောဂါတစ်ခုမှ ရောက်လာမှာ မဟုတ်ဘူး။
၁၁ သွားလေရာရာမှာ မင်းကိုစောင့်ရှောက်ဖို့+ကောင်းကင်တမန်တွေကို ဘုရားမိန့်မှာထားလိမ့်မယ်။+
၁၂ သူတို့ လက်နဲ့ပင့်ထားမှာဖြစ်လို့+မင်းက ကျောက်တုံးနဲ့ ထိမိခိုက်မိမှာ မဟုတ်ဘူး။+
၁၃ မင်းက ခြင်္သေ့ပေါက်နဲ့ မြွေဟောက်ကို၊ခြင်္သေ့ပျိုနဲ့ မြွေကြီးကို ခြေနဲ့နင်းလိမ့်မယ်။+
၁၄ ဘုရားသခင်က“ငါ့ကို ချစ်မြတ်နိုးတဲ့အတွက် သူ့ကိုကယ်တင်မယ်။+
ငါ့နာမည်ကို သိတဲ့အတွက် သူ့ကိုကာကွယ်မယ်။+
၁၅ သူဆုတောင်းတဲ့အခါ ငါဖြေကြားမယ်။+
သူဒုက္ခရောက်တဲ့အခါ သူနဲ့အတူ ငါရှိမယ်။+
သူ့ကိုကယ်တင်ပြီး ဂုဏ်တင်မယ်။
၁၆ သူ့ကို အသက်ရှည်ရှည် နေခွင့်ပေးမယ်။+
ငါ့ကယ်တင်ခြင်းကို တွေ့မြင်ခွင့်ပေးမယ်”+ လို့ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ “ရဲတိုက်ပါ” လည်းဖြစ်နိုင်။