ဆာလံ ၉၄:၁-၂၃

  • လက်စားချေပေးဖို့ ဘုရားသခင်ဆီ ဆုတောင်း

    • “လူဆိုးတွေ ဘယ်လောက်ကြာကြာ ရွှင်မြူးနေမှာလဲ” ()

    • ဘုရားသခင့် ဆုံးမမှုဟာ ပျော်ရွှင်စေ (၁၂)

    • လူမျိုးတော်ကို ဘုရား မပစ်ပယ် (၁၄)

    • “ဥပဒေကို အသုံးချပြီး ဒုက္ခပေးဖို့ ကြံစည်” (၂၀)

၉၄  လူဆိုးတွေကို လက်စားချေတဲ့ ဘုရားသခင်၊+ လူဆိုးတွေကို လက်စားချေတဲ့ ဘုရား ယေဟောဝါ၊ အလင်း ထွန်းလင်းလှည့်ပါ။ ၂  ကမ္ဘာမြေရဲ့ တရားသူကြီး၊ ထတော်မူပါ။+ မောက်မာသူတွေကို ထိုက်သင့်သလို ပြန်ဆပ်ပေးလှည့်ပါ။+ ၃  ယေဟောဝါဘုရား၊ လူဆိုးတွေ ဘယ်လောက်ကြာကြာ ရွှင်မြူးနေမှာလဲ။+ ဘယ်လောက်တောင် ကြာဦးမှာလဲ။ ၄  သူတို့က မောက်မာတဲ့စကားတွေ တရစပ် ပြောနေတယ်။ အမှားလုပ်သူတွေ ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး ပြောနေတယ်။ ၅  အို ယေဟောဝါ၊ ကိုယ်တော့်လူတွေကို သူတို့ နင်းခြေတယ်။+ ကိုယ်တော့်အမွေကို ဖိနှိပ်တယ်။ ၆  မုဆိုးမတွေ၊ တိုင်းတစ်ပါးသားတွေကို သတ်ပစ်တယ်။ ဖတဆိုးလေးတွေကိုလည်း သတ်ဖြတ်တယ်။ ၇  “ယေဟောဝါ မမြင်ပါဘူး။+ ယာကုပ်ရဲ့ ဘုရားသခင်က သတိမထားမိပါဘူး”+ လို့ ပြောနေတယ်။ ၈  စဉ်းစားဉာဏ်မဲ့သူတို့၊ နားလည်ကြစမ်းပါ။ လူမိုက်တို့၊ ဘယ်အခါမှ ထိုးထွင်းဉာဏ် ရှိလာမှာလဲ။+  ၉  နားကိုဖန်ဆင်းတဲ့အရှင်က မကြားဘဲနေမလား။ မျက်စိကိုပြုလုပ်တဲ့အရှင်က မမြင်ဘဲနေမလား။+ ၁၀  လူမျိုးတွေကို တည့်မတ်ပေးတဲ့အရှင်က မပဲ့ပြင်ဘဲနေမလား။+ ကိုယ်တော်ဟာ လူတွေကို အသိပညာပေးတဲ့ အရှင်ပဲ။+ ၁၁  လူတွေရဲ့ အကြံအစည်တွေဟာ ပင့်သက်တစ်ရှိုက်စာပဲဆိုတာယေဟောဝါသိတယ်။+ ၁၂  အို ယေဟောဝါ၊ ကိုယ်တော် တည့်မတ်ပေးတာကို ခံရတဲ့သူ၊ပညတ်တရားအကြောင်း ကိုယ်တော် သွန်သင်ပေးတာကို ခံရတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+ ၁၃  ဘေးဆိုးကြုံရချိန်မှာ၊ လူဆိုးတွေ တွင်းထဲမကျခင်မှာ+ကိုယ်တော်က သူ့ကို စိတ်ငြိမ်သက်မှုပေးတယ်။ ၁၄  ယေဟောဝါက မိမိရဲ့လူတွေကို ပစ်ထားမှာ မဟုတ်ဘူး။+ မိမိရဲ့အမွေကို စွန့်ပစ်မှာ မဟုတ်ဘူး။+ ၁၅  တရားစီရင်ချက်တွေ ပြန်ပြီး ဖြောင့်မတ်လာတဲ့အခါစိတ်ရိုးဖြောင့်သူအားလုံး လိုက်နာကြလိမ့်မယ်။ ၁၆  ဘယ်သူက ငါ့ဘက်မှာနေပြီး လူဆိုးကိုတိုက်ခိုက်မလဲ။ ဘယ်သူက ငါ့ဘက်မှာ ရပ်တည်ပြီး အမှားလုပ်သူတွေကို ဆန့်ကျင်မလဲ။ ၁၇  ယေဟောဝါသာ မကူညီခဲ့ရင်ငါသေတာ ကြာလှပြီ။+ ၁၈  အို ယေဟောဝါ၊ “ကျွန်တော် ခြေချော်နေပြီ” လို့ ပြောတဲ့အခါခိုင်မြဲတဲ့မေတ္တာဟာ အမြဲထောက်မပေးတယ်။+ ၁၉  စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။+ ၂၀  ဥပဒေကို အသုံးချပြီး ဒုက္ခပေးဖို့ ကြံစည်ရုံမက အကျင့်ပျက် ခြစားနေတဲ့ အုပ်စိုးရှင်တွေဟာ ကိုယ်တော်နဲ့ မိတ်ဖွဲ့နိုင်ပါ့မလား။+ ၂၁  သူတို့က ဖြောင့်မတ်သူကို ရက်ရက်စက်စက် တိုက်ခိုက်တယ်။+ အပြစ်မဲ့သူကို သေဒဏ်ပေးတယ်။+ ၂၂  ယေဟောဝါကတော့ ငါ့ရဲ့ လုံခြုံတဲ့ခိုလှုံရာပဲ။ ဘုရားသခင်ဟာ ငါ့ရဲ့ ခိုလှုံရာကျောက်ဆောင်ပဲ။+ ၂၃  ဘုရားက လူဆိုးတွေကို သူတို့လုပ်ရပ်အတိုင်း ပြန်ခံစေမယ်။+ သူတို့ရဲ့ ယုတ်မာမှုနဲ့အညီ သူတို့ကို ပယ်ရှင်းမယ်။ ငါတို့ရဲ့ဘုရား ယေဟောဝါက သူတို့ကို ပယ်ရှင်းမယ်။+

အောက်ခြေမှတ်ချက်များ