ဆာလံ ၉၆:၁-၁၃

  • “ယေဟောဝါကို ချီးမွမ်းတဲ့ သီချင်းအသစ် ဆိုကြ”

    • ချီးမွမ်းခံထိုက်ဆုံးအရှင် ယေဟောဝါ ()

    • လူမျိုးခြားဘုရားတွေ အသုံးမဝင် ()

    • သန့်ရှင်းတဲ့အဝတ် ဝတ်ပြီး ကိုးကွယ် ()

၉၆  မြေကြီးသားအပေါင်းတို့၊ ယေဟောဝါကို ချီးမွမ်း သီချင်းဆိုကြ။+ ယေဟောဝါကို ချီးမွမ်းတဲ့ သီချင်းသစ်ကို ဆိုကြ။+ ၂  ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။ နာမတော်ကို ချီးမွမ်းကြ။ ကယ်တင်ခြင်း သတင်းကောင်းကို နေ့စဉ်နေ့တိုင်း ကြေညာကြ။+ ၃  ဘုန်းတန်ခိုးတော်အကြောင်း လူမျိုးတွေအလယ်မှာ ကြေညာကြ။ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း လူတွေအလယ်မှာ ကြေညာကြ။+ ၄  ယေဟောဝါဟာ ကြီးမြတ်ပြီး ချီးမွမ်းခံထိုက်ဆုံးအရှင်ပဲ။ တခြားဘုရားတွေထက် ရိုသေခန့်ညားဖွယ် ကောင်းလှတယ်။  ၅  လူမျိုးခြားတွေရဲ့ ဘုရားတွေဟာ အသုံးမဝင်တဲ့ ဘုရားတွေပါ။+ ယေဟောဝါကတော့ ကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်ပဲ။+ ၆  ရှေ့တော်မှာ ဘုန်းတန်ခိုးနဲ့ ခမ်းနားမှု ရှိနေတယ်။+ သန့်ရှင်းရာဌာနတော်မှာအစွမ်းတန်ခိုးနဲ့ အလှတရား ရှိနေတယ်။+ ၇  လူမျိုးနွယ်တို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။ ယေဟောဝါဟာ ဘုန်းအသရေနဲ့ အစွမ်းတန်ခိုးရှိတဲ့အတွက် ဘုရားရထိုက်တာကို ပေးကြ။+ ၈  ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင်ချီးမွမ်းကြ။+ လက်ဆောင်တွေယူပြီး ရင်ပြင်တော်ကို လာကြ။ ၉  သန့်ရှင်းတဲ့အဝတ် ဝတ်ပြီး* ယေဟောဝါကို ဦးချကြ။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်မှာ ကြောက်ရွံ့တုန်လှုပ်ကြ။ ၁၀  “ယေဟောဝါ ဘုရင်ဖြစ်ပြီ။+ ကမ္ဘာမြေကို ရွှေ့လို့မရနိုင်အောင် အခိုင်အမာ တည်ထားတယ်။ ဘုရားက လူတွေကို မျှမျှတတ တရားစီရင်လိမ့်မယ်”+ ဆိုပြီး လူမျိုးတွေအလယ်မှာ ကြေညာကြ။ ၁၁  မိုးကောင်းကင် ပျော်ရွှင်ပါစေ။ ကမ္ဘာမြေ ရွှင်လန်းပါစေ။ ပင်လယ်နဲ့ ပင်လယ်ထဲမှာရှိသမျှ မြည်ဟည်းကြပါစေ။+ ၁၂  လယ်ပြင်နဲ့ လယ်ပြင်မှာရှိသမျှ ဝမ်းမြောက်ကြပါစေ။+ တစ်ချိန်တည်းမှာ တောသစ်ပင်တွေလည်း ယေဟောဝါရှေ့ ရွှင်လန်းစွာ သီချင်းဆိုကြပါစေ။+ ၁၃  ဘုရား ကြွလာပြီ။ ကမ္ဘာမြေကို တရားစီရင်ဖို့ ကြွလာပြီ။ ဘုရားက လူနေထိုင်ရာ ကမ္ဘာမြေကို ဖြောင့်မတ်မှုနဲ့အညီ၊+လူတွေကို သစ္စာတရားနဲ့အညီ တရားစီရင်လိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

“သန့်ရှင်းမြင့်မြတ်တဲ့ ဘုန်းတော်ကြောင့်” လည်းဖြစ်နိုင်။