တရားသူကြီး ၁၇:၁-၁၃

  • မိက္ခာရဲ့ရုပ်တုတွေနဲ့ ပုရောဟိတ် (၁-၁၃)

၁၇  ဧဖရိမ်တောင်တန်းဒေသမှာ+  မိက္ခာလို့ခေါ်တဲ့  လူတစ်ယောက်ရှိတယ်။ ၂  သူက မိခင်ကို “အမေ့ငွေစ ၁,၁၀၀ ပျောက်သွားတယ် မဟုတ်လား။ ယူတဲ့သူကို အမေကျိန်စာတိုက်တာ  ကျွန်တော်ကြားတယ်။ တကယ်တော့ အဲဒီငွေကို ကျွန်တော်ယူမိတာပါ။ ကျွန်တော့်ဆီမှာ ရှိပါတယ်” လို့ပြောတော့ မိခင်က “ငါ့သားကို ယေဟောဝါဘုရား ကောင်းချီးပေးပါစေ” လို့ပြောတယ်။ ၃  သားက ငွေစ ၁,၁၀၀ ပြန်ပေးလိုက်တော့ မိခင်က “ငွေတွေကို သားအတွက်ရည်စူးပြီး ယေဟောဝါဘုရားဆီ ဆက်ကပ်လိုက်မယ်။ ပြီးတော့ ဒီငွေစနဲ့ ရုပ်တုတွေလုပ်ပြီး+ သားကို အမေပြန်ပေးမယ်” လို့ပြောတယ်။ ၄  မိက္ခာက ငွေပြန်ပေးပြီးနောက် မိခင်က ငွေစ ၂၀၀ ကိုယူပြီး ပန်းထိမ်သမားကို အပ်တယ်။ ပန်းထိမ်သမားက ထွင်းထားတဲ့ရုပ်တုနဲ့ သွန်းထားတဲ့ရုပ်တု လုပ်ပေးတော့ အဲဒီရုပ်တုတွေကို မိက္ခာရဲ့အိမ်မှာ ထားတယ်။ ၅  သူ့အိမ်မှာ ဘုရားခန်း တစ်ခန်းရှိတယ်။ သူက သင်တိုင်း*+ တစ်ခုအပြင် တေရပ်ရုပ်တုတွေ*+ ကိုလည်း လုပ်ပြီး သူ့သားတစ်ယောက်ကို ပုရောဟိတ် ခန့်လိုက်တယ်။+ ၆  အဲဒီတုန်းက  အစ္စရေးပြည်မှာ ဘုရင် မရှိဘူး။+ လူတိုင်း ကိုယ်မှန်တယ်ထင်တာ လုပ်ကြတယ်။+ ၇  ယုဒနယ်မြေ၊ ဘက်သလီဟင်မြို့မှာ+ လေဝိအမျိုးသား+ လူငယ်တစ်ယောက်က ယုဒအနွယ် မိသားစုတစ်စုနဲ့အတူ အတော်ကြာ နေထိုင်တယ်။ ၈  အဲဒီနောက် နေစရာရှာဖို့ ယုဒနယ်မြေ၊ ဘက်သလီဟင်မြို့ကနေ ထွက်လာတယ်။  ခရီးသွားရင်းနဲ့  ဧဖရိမ်တောင်တန်းဒေသမှာရှိတဲ့  မိက္ခာရဲ့အိမ်ကို ရောက်လာတဲ့အခါ၊+ ၉  မိက္ခာက “ခင်ဗျား ဘယ်ကလာတာလဲ” လို့မေးတော့ “ယုဒနယ်မြေ၊ ဘက်သလီဟင်မြို့ကနေ လာတာဗျ။ ကျွန်တော်ဟာ လေဝိအမျိုးသားပါ။ နေစရာ လိုက်ရှာနေတာ” လို့ဖြေတယ်။ ၁၀  မိက္ခာက “ဒါဆိုရင် အကြံပေးသူ၊* ပုရောဟိတ်အဖြစ် ကျွန်တော့်ဆီမှာပဲ နေလိုက်ပါတော့။ တစ်နှစ်ကို ငွေစဆယ်စပေးမယ်။ ပုရောဟိတ်ဝတ်စုံအပြင် စားဖို့သောက်ဖို့လည်း စီစဉ်ပေးမယ်” လို့ပြောတော့ လေဝိအမျိုးသားလည်း သူ့အိမ်မှာ နေလိုက်တယ်။ ၁၁  ဒီလိုနဲ့ လေဝိအမျိုးသားက မိက္ခာဆီမှာနေဖို့ သဘောတူလိုက်တယ်။ သူဟာ သားအရင်းနဲ့မခြား ဖြစ်လာတယ်။ ၁၂  မိက္ခာက သူ့ကို ပုရောဟိတ် ခန့်လိုက်တဲ့အတွက်+ မိက္ခာရဲ့အိမ်မှာ  နေထိုင်တယ်။ ၁၃  မိက္ခာက “လေဝိအမျိုးသားတစ်ယောက်က ငါ့ရဲ့ ပုရောဟိတ်ဖြစ်လာပြီဆိုတော့ ယေဟောဝါဘုရား ကောင်းချီးပေးမှာ သေချာတယ်” လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “ဖခင်။”