တရားသူကြီး ၅:၁-၃၁

  • ဒေဗောရနဲ့ ဗာရက်ရဲ့ အောင်ပွဲခံသီချင်း (၁-၃၁)

    • ကြယ်တာရာတွေ သိသရကို တိုက်ခိုက် (၂၀)

    • ကိရှုန်ချောင်း ရေကြီး (၂၁)

    • ယေဟောဝါကို ချစ်မြတ်နိုးသူများ နေမင်းနဲ့တူ (၃၁)

 အဲဒီနေ့မှာ  ဒေဗောရနဲ့+  အဘိနောင်ရဲ့သား ဗာရက်+ သီဆိုတဲ့သီချင်း–+  ၂  “ယေဟောဝါကို ချီးမွမ်းကြ။ အစ္စရေးတွေ ဆံပင်ဖားလျား ချထားပြီ။* စေတနာအလျောက် တိုက်ပွဲဝင်ပြီ။+  ၃  ရှင်ဘုရင်တို့ နားထောင်ပါ။ အုပ်စိုးရှင်တို့ နားစိုက်ပါ။ ယေဟောဝါကို ငါချီးမွမ်းသီချင်းဆိုမယ်။ အစ္စရေးတို့ရဲ့ဘုရား+ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုမယ်။+  ၄  အို ယေဟောဝါ၊ စိရပြည်ကနေ ကိုယ်တော် ထွက်လာတဲ့အခါ၊+ ဧဒုံပြည်ကနေ ချီတက်လာတဲ့အခါ မြေကြီး တုန်လှုပ်သွားတယ်။ ကောင်းကင်က မိုးရွာချတယ်။ တိမ်တွေကလည်း ရေတွေသွန်ချတယ်။  ၅  ယေဟောဝါရဲ့ ရှေ့မှောက်မှာ တောင်တွေ သိမ့်သိမ့်တုန်တယ်။+ အစ္စရေးတို့ရဲ့ဘုရား+ ယေဟောဝါရဲ့ ရှေ့တော်မှာ ဆိုင်းနိုင်းတောင်လည်း သိမ့်သိမ့်တုန်တယ်။+  ၆  အာနတ်ရဲ့သား ရှံဂါလက်ထက်မှာ၊+ ယေလလက်ထက်မှာ+ လမ်းတွေ လူသူကင်းမဲ့နေခဲ့တာ။ ခရီးသည်တွေက လမ်းကြိုလမ်းကြားကနေ သွားခဲ့ရတာ။  ၇  အစ္စရေးရွာတွေမှာ လူမရှိတော့ဘူး။ အစ္စရေးရဲ့ မိခင်သဖွယ်+ ငါဒေဗောရ+ မပေါ်ထွန်းခင်အထိ လူမရှိကြဘူး။  ၈  နောက်ပေါ် ဘုရားတွေကို သူတို့ကိုးကွယ်တဲ့အခါ+ မြို့တံခါးတွေမှာ စစ်ဖြစ်တယ်။+ အစ္စရေးလူ ၄၀,၀၀၀ မှာ ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမှ မရှိဘူး။  ၉  လူတွေနဲ့အတူ စေတနာအလျောက် တိုက်ပွဲဝင်ကြတဲ့+ အစ္စရေးတပ်မှူးတွေဆီ ငါ့စိတ်ရောက်နေတယ်။+ ယေဟောဝါကို ချီးမွမ်းကြ။ ၁၀  အုန်းခွံရောင်မြည်း စီးသူတို့၊ နူးညံ့တဲ့ ကော်ဇောပေါ် ထိုင်သူတို့၊ လမ်းမပေါ် လျှောက်သူတို့ စဉ်းစားကြည့်ပါ။ ၁၁  ရေတွင်းတွေနားမှာ တိရစ္ဆာန်အတွက် ရေခပ်ပေးသူတွေ ပြောနေကြလေရဲ့။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်အကြောင်း၊ အစ္စရေး တောသူတောင်သားတွေရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်အကြောင်းပေါ့။ ယေဟောဝါရဲ့လူမျိုးက မြို့တံခါးတွေဆီ သွားကြတယ်။ ၁၂  အို ဒေဗောရ၊+ နိုးလှည့်ပါ။ ထလှည့်ပါ။ နိုးထပြီး သီချင်းဆိုပါ။+ အဘိနောင်ရဲ့သား ဗာရက်၊+ ထပါတော့။ သုံ့ပန်းတွေကို ခေါ်သွားလိုက်ပါတော့။ ၁၃  ကျန်ကြွင်းသူတွေက မြင့်မြတ်သူတွေဆီ ဆင်းလာတယ်။ ယေဟောဝါရဲ့ လူမျိုးက ခွန်အားကြီးသူတွေကို တိုက်ဖို့ ငါ့ဆီဆင်းလာတယ်။ ၁၄  အို ဗင်ယာမိန်၊ ချိုင့်ဝှမ်းမှာနေတဲ့ ဧဖရိမ်က မင်းရဲ့လူတွေနဲ့အတူ မင်းရဲ့နောက်ကို လိုက်လာတယ်။ တပ်မှူးတွေ မာခိရဆီကနေ+ ထွက်လာတယ်။ တပ်သားစုဆောင်းပေးသူတွေ* ဇာဗုလုန်ဆီကနေ ထွက်လာတယ်။ ၁၅  ဒေဗောရနဲ့အတူ အိသခါမှူးမတ်တွေ ရှိနေတယ်။ အိသခါလိုပဲ ဗာရက်လည်း+ ရှိနေတယ်။ သူက ချိုင့်ဝှမ်းလွင်ပြင်ဆီ ခြေကျင်ဆင်းရတယ်။+ ရုဗင်ကတော့ မညီညွတ်လို့ ဆုံးဖြတ်ရခက်နေတယ်။ ၁၆  ကုန်းနှီးနှစ်အိတ်ကြားမှာ မင်း ဘာလို့ထိုင်နေတာလဲ။ သိုးထိန်းရဲ့ ပလွေသံကို ဘာလို့နားထောင်နေတာလဲ။+ ရုဗင်က မညီညွတ်လို့ ဆုံးဖြတ်ရခက်နေတယ်။ ၁၇  ဂိလဒ်က ဂျော်ဒန်မြစ်တစ်ဖက်မှာပဲ ဆက်နေတယ်။+ ဒန်က ဘာလို့များ သင်္ဘောတွေနားက မခွာနိုင်ရတာလဲ။+ အာရှာကလည်း ကမ်းခြေမှာပဲ အချိန်ဖြုန်းနေတယ်။ သင်္ဘောဆိပ်တွေနားက မခွာနိုင်ဘူး။+ ၁၈  ဇာဗုလုန်ကတော့ အသက်စတေးဝံ့သူပါ။ ကုန်းမြင့်ပိုင်းမှာနေထိုင်တဲ့+ နဿလိလည်း+ အဲဒီလိုပါပဲ။ ၁၉  ဘုရင်တွေ လာပြီး စစ်တိုက်တယ်။ မေဂိဒေါချောင်းနား တာနက်မြို့မှာ+ ခါနန်ဘုရင်တွေ စစ်တိုက်တယ်။+ တိုက်ရာပါ ဥစ္စာတွေထဲက ငွေတစ်ပြားမှ မယူသွားနိုင်ပါလား။+ ၂၀  ကြယ်တာရာတွေ ကောင်းကင်တစ်ခွင်ကနေ တိုက်ခိုက်တယ်။ ပတ်လမ်းအတိုင်း ရွေ့ ရှားရင်း သိသရကို တိုက်ခိုက်တယ်။ ၂၁  ကိရှုန်ချောင်းရေက ရန်သူတွေကို တိုက်ချပစ်ပြီ။+ ရှေးကတည်းကရှိခဲ့တဲ့ ကိရှုန်ချောင်းပဲပေါ့။ ခွန်အားကြီးသူကို ငါနင်းချေလိုက်ပြီ။ ၂၂  မြင်းတွေ ဒုန်းစိုင်းပြေးလာတယ်။ စစ်မြင်းတွေ ကဆုန်ပေါက်နေတယ်။+ ၂၃  ယေဟောဝါရဲ့ ကောင်းကင်တမန်က ‘မေရောဇအရပ်ကို ကျိန်စာတိုက်ကြ။ မေရောဇအရပ်သားတွေကို ကျိန်စာတိုက်ကြ။ ဒီလူတွေ ယေဟောဝါကို လာမကူဘူး။ ယေဟောဝါအတွက် တိုက်ပွဲဝင်နေတဲ့ ခွန်အားကြီးသူတွေကို လာမကူဘူး’ လို့ပြောတယ်။ ၂၄  ကေနိတ်လူ ဟေဗာရဲ့+ ဇနီး ယေလဟာ+ အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးပဲ။ တဲမှာနေတဲ့ အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးပဲ။ ၂၅  ရေကိုတောင်းတော့ နို့ကိုပေးတယ်။ သိပ်လှတဲ့ဖလားနဲ့ မလိုင်တွေ ထည့်ပေးတယ်။+ ၂၆  တဲငုတ်တိုင်ကို ယူ၊ လက်သမားသုံးတဲ့ တူကို ညာလက်နဲ့ကိုင်ပြီး သိသရခေါင်းထဲ ရိုက်သွင်းတယ်။ နားထင်ကို ထုတ်ချင်းပေါက်အောင် ထိုးဖောက်ပစ်တယ်။+ ၂၇  ယေလခြေရင်းမှာ ပြိုလဲပြီး မလှုပ်မယှက်ဖြစ်သွားတယ်။ ခြေရင်းမှာ လဲကျပြီး လဲကျတဲ့နေရာမှာပဲ သေဆုံးသွားတယ်။ ၂၈  သိသရရဲ့မိခင်က ပြတင်းပေါက် ကနေ လှမ်းမျှော်ရင်း၊ မှန်ကူကွက် ဖော်ထားတဲ့ ပြတင်းပေါက်ကနေ ကြည့်နေရင်း ‘ငါ့သားရဲ့မြင်းရထား ဘာလို့ နောက်ကျနေပါလိမ့်။ မြင်းရထားက ဘာလို့ အပြန်နောက်ကျနေပါလိမ့်’ လို့ ညည်းတယ်။+ ၂၉  အဲဒီအခါ ဉာဏ်ပညာရှိတဲ့ နန်းတွင်းသူတွေ ပြန်ဖြေတယ်။ မိခင်ကလည်း ဟုတ်မှာပါလို့ တွေးနေတယ်။ ၃၀  ‘တိုက်ရာပါ ဥစ္စာတွေကို ခွဲဝေနေတာဖြစ်မှာပါ။ စစ်သည်တွေအတွက် မိန်းမပျိုလေး  တစ်ယောက်ပြီးတစ်ယောက်၊ သိသရအတွက် ရောင်စုံဝတ်လုံ တစ်ထည်ပြီးတစ်ထည်၊ လုယက်သူတွေအတွက် ရောင်စုံပန်းထိုး လည်စည်း တစ်ခုပြီးတစ်ခု ခွဲဝေနေတာ ဖြစ်မှာပါ’ လို့ ဖြေကြတာကိုး။ ၃၁  အို ယေဟောဝါ၊ ရန်သူအားလုံး ပျက်စီးပါစေ။+ ကိုယ်တော့်ကို ချစ်မြတ်နိုးသူတွေကတော့ အရှိန်အဝါနဲ့ ထွန်းလင်းလာတဲ့ နေမင်းလို ဖြစ်ပါစေ။” အဲဒီနောက် တိုင်းပြည်က နှစ်ပေါင်း ၄၀ လုံး ငြိမ်းချမ်းသာယာနေတယ်။+

အောက်ခြေမှတ်ချက်များ

ဘုရားကို သစ္စာကတိပြုထားတဲ့ အမှတ်အသား။
“စာရေးတော်မင်တံ ကိုင်တဲ့သူတွေ” လည်းဖြစ်နိုင်။