တောလည်ရာ ၂၉:၁-၄၀
၂၉ “‘ခုနစ်လပိုင်း၊ တစ်ရက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။+ အဲဒီနေ့ဟာ ခရာမှုတ်ပြီး ကြေညာရမယ့်နေ့ပဲ။+
၂ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ခုနစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် မွှေးကြိုင်တဲ့ရနံ့ ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။
၃ ကောက်နှံအလှူအဖြစ် နွားထီးတစ်ကောင်အတွက် ဆီရောထားတဲ့ ဂျုံနု တစ်ဧဖာရဲ့ ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်အတွက် ဆယ်ပုံနှစ်ပုံ၊
၄ သိုးထီးလေးခုနစ်ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံတစ်ပုံကို ပူဇော်ရမယ်။
၅ မင်းတို့အတွက် အပြစ်ဖြေပေးဖို့ အပြစ်ဖြေရာ အလှူအဖြစ် ဆိတ်ထီးလေး တစ်ကောင်ကိုလည်း ပူဇော်ရမယ်။
၆ လစဉ်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊+ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေအပြင်+ အဲဒါတွေကိုလည်း ပူဇော်ရမယ်။ လုပ်ထုံးလုပ်နည်းအတိုင်း မွှေးကြိုင်တဲ့ ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။
၇ “‘ခုနစ်လပိုင်း၊ ဆယ်ရက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။+ ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးရမယ်။* ဘာအလုပ်မှ မလုပ်ကြနဲ့။+
၈ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၉ ကောက်နှံအလှူအဖြစ် နွားထီးတစ်ကောင်အတွက် ဆီရောထားတဲ့ ဂျုံနုတစ်ဧဖာရဲ့ ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်အတွက် ဆယ်ပုံနှစ်ပုံ၊
၁၀ သိုးထီးလေးခုနစ်ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံတစ်ပုံကိုလည်း ပူဇော်ရမယ်။
၁၁ အပြစ်ဖြေရာနေ့မှာပူဇော်တဲ့ အပြစ်ဖြေရာအလှူ၊ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်ကလေး တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၁၂ “‘ခုနစ်လပိုင်း၊ ၁၅ ရက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။ ခုနစ်ရက်လုံး ယေဟောဝါအတွက် ပွဲခံရမယ်။+
၁၃ နွားထီးပျို ၁၃ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို မီးရှို့ရာအလှူအဖြစ်+ မွှေးကြိုင်တဲ့ ရနံ့ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၁၄ ကောက်နှံအလှူအဖြစ် နွားထီး ၁၃ ကောင်မှာ တစ်ကောင်စီအတွက် ဆီရောထားတဲ့ဂျုံနု တစ်ဧဖာရဲ့ ဆယ်ပုံသုံးပုံ၊ သိုးထီး ၂ ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံနှစ်ပုံ၊
၁၅ သိုးထီးလေး ၁၄ ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံတစ်ပုံကိုလည်း ပူဇော်ရမယ်။
၁၆ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်ကလေး တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၁၇ “‘ဒုတိယနေ့မှာ နွားထီးပျို ၁၂ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၁၈ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။
၁၉ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်ကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၂၀ “‘တတိယနေ့မှာ နွားထီး ၁၁ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၂၁ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။
၂၂ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၂၃ “‘စတုတ္ထနေ့မှာ နွားထီး ၁၀ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၂၄ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။
၂၅ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်ကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၂၆ “‘ပဉ္စမနေ့မှာ နွားထီး ၉ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၂၇ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။
၂၈ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၂၉ “‘ဆဋ္ဌမနေ့မှာ နွားထီး ၈ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေဖြစ်ရမယ်။+
၃၀ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။
၃၁ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၃၂ “‘သတ္တမနေ့မှာ နွားထီး ၇ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၃၃ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။
၃၄ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၃၅ “‘အဋ္ဌမနေ့မှာ အထူးအစည်းအဝေး ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။+
၃၆ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+
၃၇ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။
၃၈ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+
၃၉ “‘သစ္စာကတိအလျောက် ဒါမှမဟုတ် စေတနာအလျောက်ပေးတဲ့ အလှူတွေအပြင်+ အဲဒါတွေကို မီးရှို့ရာအလှူ၊+ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူ၊+ မိတ်သဟာယပူဇော်သက္ကာတွေအဖြစ်+ ရာသီပွဲတော်တွေမှာ+ ယေဟောဝါဆီ ပူဇော်ရမယ်။’”
၄၀ မောရှေလည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း အစ္စရေးတွေကို ပြန်ပြောပြတယ်။
အောက်ခြေမှတ်ချက်များ
^ အစာရှောင်တာလိုမျိုး ခြိုးခြံစွာကျင့်တဲ့နည်းတွေလို့ ယူဆကြ။