တောလည်ရာ ၃၆:၁-၁၃
-
အမွေခံသမီးတွေအတွက် အိမ်ထောင်ရေးပညတ် (၁-၁၃)
၃၆ ယောသပ်ရဲ့ သားမြေးတွေထဲက မနာရှေနဲ့ မာခိရ+ တို့ကနေ ဆင်းသက်လာတဲ့ ဂိလဒ်အမျိုးရဲ့ ခေါင်းဆောင်တွေက မောရှေနဲ့ အစ္စရေးမျိုးနွယ်စု ခေါင်းဆောင်တွေဆီ လာပြီး တိုင်ပင်တယ်။
၂ “အစ္စရေးတွေအတွက် အမွေအဖြစ် ဒီပြည်ကို မဲချပြီး ခွဲဝေပေးဖို့ သခင့်ကို ယေဟောဝါဘုရား မိန့်မှာခဲ့ပါတယ်။+ ကျွန်တော်တို့ရဲ့ ညီအစ်ကို ဇလောဖဒ်ရဲ့ အမွေမြေကို သမီးတွေဆီ ပေးဖို့လည်း ယေဟောဝါဘုရား မိန့်မှာခဲ့ပါတယ်။+
၃ တကယ်လို့ သူတို့က တခြားအစ္စရေးအနွယ်ထဲက ယောက်ျားတွေနဲ့ လက်ထပ်ရင် ဘိုးဘေးတွေဆီကနေ ရထားတဲ့အမွေမြေကို သူတို့လက်ထပ်တဲ့အနွယ်ဆီ ပေးရမှာပေါ့။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အမွေမြေ လျော့သွားမှာပေါ့။
၄ အစ္စရေးလူတွေအတွက် လွတ်လပ်ခွင့်ရတဲ့နှစ်*+ ရောက်လာတဲ့အခါ သူတို့အမွေမြေကို သူတို့လက်ထပ်တဲ့ အနွယ်ဆီ အပြီးအပိုင် ပေးလိုက်ရမှာဖြစ်လို့ ကျွန်တော်တို့အနွယ်ရဲ့ အမွေမြေ လျော့သွားပါလိမ့်မယ်” ဆိုပြီး ပြောကြတယ်။
၅ မောရှေလည်း ယေဟောဝါရဲ့ အမိန့်အတိုင်း အစ္စရေးတွေကို မှာတယ်– “ယောသပ်အနွယ်ဝင်တွေ ပြောတာ တရားနည်းလမ်းကျတယ်။
၆ ဒါကြောင့် ဇလောဖဒ်ရဲ့ သမီးတွေကို ယေဟောဝါဘုရား မိန့်မှာတာက ‘ကိုယ်ကြိုက်တဲ့သူကို လက်ထပ်နိုင်တယ်။ ဒါပေမဲ့ ဖခင်ရဲ့ အနွယ်ဝင်တွေကိုပဲ လက်ထပ်ရမယ်။
၇ အစ္စရေးတွေက ကိုယ့်အမွေမြေကို တခြားတစ်နွယ်ဆီ မလွှဲပြောင်းရဘူး။ ကိုယ့်မျိုးနွယ်ရဲ့ အမွေမြေကို ထိန်းသိမ်းရမယ်။
၈ အစ္စရေးအနွယ်တွေထဲမှာ အမွေမြေဆက်ခံရတဲ့ သမီးတိုင်း ဖခင်ရဲ့ အနွယ်ဝင်ကိုပဲ လက်ထပ်ရမယ်။+ ဒီနည်းနဲ့ ကိုယ့်မျိုးနွယ်ရဲ့ အမွေမြေကို ထိန်းသိမ်းရမယ်။
၉ အစ္စရေးအနွယ်တိုင်း ကိုယ့်အမွေမြေကို ထိန်းသိမ်းရမှာဖြစ်တဲ့အတွက် ကိုယ့်အမွေမြေကို တခြားတစ်နွယ်ဆီ မလွှဲပြောင်းရဘူး။’”
၁၀ ဇလောဖဒ်ရဲ့ သမီးတွေလည်း မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ဆောင် ကြတယ်။+
၁၁ ဇလောဖဒ်ရဲ့ သမီးတွေဖြစ်တဲ့ မာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလခါ၊ နောဧတို့ဟာ+ ဘကြီးဘထွေးရဲ့ သားတွေနဲ့ လက်ထပ်ကြတယ်။
၁၂ ယောသပ်သား မနာရှေရဲ့ အမျိုးထဲက ယောက်ျားတွေနဲ့ လက်ထပ်တဲ့အတွက် သူတို့အမွေမြေဟာ ဖခင်မျိုးနွယ်ထဲမှာပဲ ဆက်ရှိနေတယ်။
၁၃ ဒါတွေဟာ ယေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်မှာ+ အစ္စရေးတွေကို မောရှေကတစ်ဆင့် ယေဟောဝါဘုရားပေးတဲ့ ပညတ်ချက်တွေနဲ့ တရားစီရင်ချက်တွေဖြစ်တယ်။