ဒေသနာ ၄:၁-၁၆

  • ဖိနှိပ်ခံရတာထက် သေတာကမှ ခံသာသေး (၁-၃)

  • အလုပ်အပေါ် မျှတတဲ့အမြင် (၄-၆)

  • မိတ်ဆွေရဲ့တန်ဖိုး (၇-၁၂)

    • တစ်ယောက်ထက် နှစ်ယောက် ပိုကောင်း ()

  • အုပ်စိုးရှင်ရဲ့အသက်တာ အချည်းနှီးဖြစ်နိုင် (၁၃-၁၆)

 အဲဒီနောက် နေအောက်မှာ ဖြစ်နေတဲ့ ဖိနှိပ်တဲ့ လုပ်ရပ်တွေအကြောင်း ငါစူးစမ်းမိတယ်။ ဖိနှိပ်ခံရသူတွေ ငိုကြွေးနေပေမဲ့ နှစ်သိမ့်ပေးသူတစ်ယောက်မှ မရှိမှန်း ငါမြင်တယ်။+ ဖိနှိပ်သူတွေက သြဇာအာဏာရှိသူတွေဖြစ်လို့ နှစ်သိမ့်ပေးသူ တစ်ယောက်မှ မရှိဘူး။ ၂  အသက်ရှင်နေတဲ့လူထက် သေသွားတဲ့လူက ပိုသာတယ်လို့ ငါတွေးမိတယ်။+ ၃  သူတို့နှစ်ယောက်ထက် မမွေးဖွားသေးတဲ့လူက ပိုတောင်သာတယ်။+ နေအောက်မှာ  ဖြစ်နေတဲ့  စိတ်ဆင်းရဲစရာတွေကို သူ မတွေ့ဖူးသေးလို့ပဲ။+ ၄  လူတွေရဲ့   ပြိုင်ဆိုင်ချင်စိတ်ကြောင့်  အားထုတ်မှုတွေ၊  ပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာတယ်ဆိုတာ ငါမြင်တယ်။+ ဒါလည်း အချည်းနှီးပါပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။ ၅  မိုက်မဲတဲ့သူဟာ မိမိအသားတွေ ကြုံလှီသွားပါစေ လက်ကတော့ ပိုက်ထားတုန်းပဲ။+ ၆  လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။+ ၇  နေအောက်မှာ အချည်းနှီးဖြစ်တဲ့အရာ နောက်တစ်ခုကိုလည်း ငါစူးစမ်းမိပြန်တယ်။ ၈  လူတစ်ယောက်က အပေါင်းအဖော်မရှိ၊ သားမရှိ၊ ညီအစ်ကိုမရှိဘဲ တစ်ကိုယ်တည်းဖြစ်ပေမဲ့ အလုပ်နဲ့လက် ပြတ်တယ်လို့ကို မရှိဘူး။ စည်းစိမ်တွေကိုပဲ မျက်စိကျနေတော့ ဘယ်တော့မှ သူ မရောင့်ရဲနိုင်ဘူး။+ “ငါ ကောင်းမွန်ရာတွေ မခံစားဘဲ ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဘယ်သူ့အတွက်လဲ”+ လို့ သူ့ကိုယ်သူ မမေးဘူး။ ဒါလည်း အချည်းနှီးပဲ။ စိတ်ပျက်စရာ အလုပ်ပဲ။+ ၉  လူတစ်ယောက်ထက်   နှစ်ယောက်က  ပိုကောင်းတယ်။+  နှစ်ယောက်ပေါင်းပြီး  ကြိုးစားပမ်းစားလုပ်ရင်  ကောင်းကျိုးပိုရတတ်လို့ပဲ။ ၁၀  တစ်ယောက်လဲရင် ကျန်တဲ့တစ်ယောက်က ပြန်ထူပေးလိမ့်မယ်။ တစ်ယောက်တည်းသမားက ထူမယ့်သူမရှိတော့ လဲသွားရင် ဘယ်လိုလုပ်မလဲ။ ၁၁  နှစ်ယောက်အတူအိပ်ရင် နွေးတတ်တယ်။ တစ်ယောက်တည်း အိပ်ရင်တော့  ဘယ်လိုလုပ်   နွေးမှာလဲ။ ၁၂  ဒါ့အပြင် တစ်ယောက်တည်းသမားကို အနိုင်ယူလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ပြန်ခုခံနိုင်တယ်။ သုံးလွန်းတင်တဲ့ကြိုးဟာ အလွယ်တကူ မပြတ်နိုင်ဘူး။ ၁၃  ဆင်းရဲပေမဲ့ ဉာဏ်ပညာရှိတဲ့ ကလေးဟာ အသက်ကြီးပေမဲ့ ဉာဏ်တိမ်ပြီး သတိပေးတာကို လက်မခံတတ်တဲ့  ဘုရင်ထက်+  ပိုသာတယ်။+ ၁၄  အဲဒီကလေးက နိုင်ငံမှာ ဆင်းရဲသားအဖြစ် မွေးဖွားလာပေမဲ့+ ထောင်ကထွက်ပြီး  ဘုရင်ဖြစ်လာတယ်။+ ၁၅  နေအောက်မှာ   သွားလာလှုပ်ရှားနေတဲ့   အသက်ရှင်သူအားလုံးအကြောင်း၊ ဘုရင့်အရိုက်အရာကို ဆက်ခံတဲ့ လူငယ်လေး ဘာတွေ ကြုံရတယ်ဆိုတဲ့အကြောင်းကို ငါဆင်ခြင်မိတယ်။ ၁၆  သူ့ကိုထောက်ခံသူတွေ အများကြီးရှိပေမဲ့ နောက်ပိုင်းမှာပေါ်လာမယ့်သူတွေက သူ့ကို သဘောကျမှာ မဟုတ်ဘူး။+ ဒါလည်း အချည်းနှီးပဲ။ လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။

အောက်ခြေမှတ်ချက်များ