ဒေသနာ ၇:၁-၂၉

  • နာမည်ကောင်း၊ သေဆုံးတဲ့နေ့ (၁-၄)

  • ဉာဏ်ပညာရှိသူရဲ့ ဆုံးမမှု (၅-၇)

  • အဆုံးဟာ အစထက်ဟာ ပိုကောင်း (၈-၁၀)

  • ဉာဏ်ပညာရဲ့ အားသာချက် (၁၁၊ ၁၂)

  • အဆင်ပြေတဲ့နေ့၊ ဒုက္ခရောက်တဲ့နေ့ (၁၃-၁၅)

  • အစွန်းမရောက်နဲ့ (၁၆-၂၂)

  • နည်းပြဆရာရဲ့ လေ့လာဆန်းစစ်ချက် (၂၃-၂၉)

 နာမည်ကောင်းဟာ တန်ဖိုးကြီးတဲ့ဆီထက် ပိုကောင်းတယ်။+ သေဆုံးတဲ့နေ့ကလည်း မွေးဖွားတဲ့နေ့ထက် ပိုကောင်းတယ်။ ၂  အသုဘအိမ်ကို သွားတာက ပွဲခံတဲ့အိမ်ကို သွားတာထက် ပိုကောင်းတယ်။+ ဘာဖြစ်လို့လဲဆိုတော့ လူသားအားလုံးဟာ သေခြင်းမှာ လမ်းဆုံးရလို့ပဲ။ ဒါကို အသက်ရှင်နေသူတွေ နှလုံးသွင်းသင့်တယ်။ ၃  ဝမ်းနည်းတာက  ရယ်မောတာထက်  ပိုကောင်းတယ်။+ ညှိုးငယ်တဲ့မျက်နှာဟာ စိတ်ထားကို ပိုကောင်းလာစေလို့ပဲ။+ ၄  ဉာဏ်ပညာရှိသူက အသုဘအိမ်မှာ စိတ်ရောက်နေတတ်တယ်။ မိုက်မဲတဲ့သူကတော့ ပွဲခံတဲ့အိမ်ကိုပဲ စိတ်ရောက်နေတတ်တယ်။+ ၅  ဉာဏ်ပညာရှိသူ ပြစ်တင်ဆုံးမတာကို နားထောင်ရတာက+ ဉာဏ်တိမ်တဲ့လူတွေ သီချင်းဆိုတာကို နားထောင်ရတာထက် ပိုကောင်းတယ်။ ၆  ဉာဏ်တိမ်တဲ့သူရဲ့ ရယ်မောသံဟာ တည်ထားတဲ့အိုးရဲ့ အောက်မှာ ဆူးပင်တွေ တဖြောက်ဖြောက် လောင်နေတဲ့အသံနဲ့ တူတယ်။+ ဒါလည်း အချည်းနှီးပါပဲ။ ၇  ဖိနှိပ်မှုက ဉာဏ်ပညာရှိသူကို ရူးစေနိုင်တယ်။ တံစိုးလက်ဆောင်က စိတ်ဓာတ်ကို ယိုယွင်းစေနိုင်တယ်။+ ၈  ကိစ္စတစ်ခုရဲ့  အဆုံးဟာ  အစထက် ပိုကောင်းတယ်။ စိတ်ရှည်တာက စိတ်မောက်မာတာထက် ပိုကောင်းတယ်။+ ၉  ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။+ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်တိမ်သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတတ်တယ်။*+ ၁၀  “အရင်ခေတ်က  အခုခေတ်ထက် ပိုကောင်းတယ်” လို့မပြောပါနဲ့။ အဲဒီလိုပြောတာက  ဉာဏ်ပညာရှိရာမရောက်ဘူး။+ ၁၁  အမွေဥစ္စာနဲ့အတူ ဉာဏ်ပညာကိုရတာ ကောင်းတယ်။ ဉာဏ်ပညာဟာ နေ့အလင်းမြင်ရသူတွေကို* အကျိုးပေးတယ်။ ၁၂  ငွေက ကာကွယ်ပေးသလို+ ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။+ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေတယ်။+ ၁၃  ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း  စဉ်းစားကြည့်ပါ။ ကောက်ကွေးနေအောင်  ဘုရားလုပ်ထားတာကို ဖြောင့်သွားအောင် ဘယ်သူလုပ်နိုင်လို့လဲ။+ ၁၄  အရာရာ အဆင်ပြေတဲ့နေ့မှာ ကောင်းတာတွေ လုပ်ဆောင်ပါ။+ ဒုက္ခရောက်တဲ့နေ့မှာတော့ အနာဂတ်မှာ ကြုံရမယ့်အရာတွေကို လူတွေ တပ်အပ်မသိနိုင်အောင်+ အဆင်ပြေတဲ့နေ့ကိုရော ဒုက္ခနေ့ကိုပါ ဘုရားသခင် ကျရောက်စေတယ်လို့ ယူမှတ်ပါ။+ ၁၅  အချည်းနှီးဖြစ်တဲ့ ငါ့သက်တမ်းအတွင်းမှာ+ အရာအားလုံးကို ငါမြင်ခဲ့ရတယ်။ ရိုးဖြောင့်လျက်နဲ့ အသက်တိုတဲ့ ဖြောင့်မတ်သူကိုရော+ ဆိုးညစ်နေလျက်နဲ့ အသက်ရှည်တဲ့ လူဆိုးကိုပါ ငါမြင်ခဲ့ရတယ်။+ ၁၆  တရားလွန် မဖြောင့်မတ်ပါနဲ့။+ အလွန်အကျွံ ဉာဏ်ပညာမရှိပါနဲ့။+ ဘာလို့  ကိုယ့်ကိုယ်ကိုယ်   ဒုက္ခပေးချင်ရတာလဲ။+ ၁၇  အလွန်အကျွံ  မဆိုးညစ်ပါနဲ့။  အလွန်အကျွံ မမိုက်မဲပါနဲ့။+ ဘာလို့  အသေစောချင်ရတာလဲ။+ ၁၈  ပထမသတိပေးချက်ကို* လက်ခံသလို ဒုတိယသတိပေးချက်ကိုလည်း* လက်မလွှတ်တာဟာ အကောင်းဆုံးပဲ။+ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူဟာ အဲဒီသတိပေးချက် နှစ်ခုစလုံးကို လိုက်နာလိမ့်မယ်။ ၁၉  ဉာဏ်ပညာရှိသူဟာ  ဉာဏ်ပညာကြောင့် မြို့ထဲမှာရှိတဲ့ ခွန်အားကြီးသူ ဆယ်ယောက်ထက် အစွမ်းတန်ခိုး ပိုရှိတယ်။+ ၂၀  ကောင်းတာတွေ အမြဲလုပ်ပြီး အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး။+ ၂၁  လူတွေပြောသမျှ စကားတိုင်းကို စိတ်ထဲမထားပါနဲ့။+ အဲဒီလိုထားရင် ကိုယ့်ကျွန်ကျိန်ဆဲတာကို ကြားရလိမ့်မယ်။ ၂၂  ကိုယ်လည်း သူများကို အကြိမ်ကြိမ် ကျိန်ဆဲဖူးတာ ကိုယ်တိုင် သိနေတာပဲ။+ ၂၃  ဒါတွေအားလုံးကို ငါ့မှာရှိသမျှ ဉာဏ်ပညာနဲ့ ဆင်ခြင်သုံးသပ်ပြီးတဲ့နောက် “ငါ ဉာဏ်ပညာရှိလာမှာပဲ” လို့ပြောတယ်။ ဒါပေမဲ့ ဉာဏ်ပညာကို ငါလက်လှမ်းမမီဘူး။ ၂၄  ဖြစ်ပျက်လာတဲ့ အရာတွေဟာ ဉာဏ်မမီနိုင်လောက်အောင် နက်နဲလွန်းတယ်။ ဘယ်သူနားလည်နိုင်မှာလဲ။+ ၂၅  ဉာဏ်ပညာနဲ့ အရင်းခံအကြောင်းတရားကို သိရှိပြီး စူးစမ်းရှာဖွေနိုင်ဖို့၊ မိုက်မဲမှုရဲ့ ဆိုးညစ်တဲ့သဘောနဲ့ ရူးသွပ်မှုရဲ့ မိုက်မဲတဲ့သဘောကို နားလည်နိုင်ဖို့ ငါကြိုးစားတယ်။+ ၂၆  အဲဒီအခါ ငါသိလိုက်ရတဲ့ အချက်ကတော့ အမဲလိုက်ရာမှာသုံးတဲ့ ပိုက်ကွန်လို မိန်းမမျိုးဟာ သေခြင်းထက် ခါးသီးတယ်ဆိုတဲ့အချက်ပဲ။ သူ့စိတ်ဟာ ဆွဲပိုက်တွေနဲ့ တူတယ်။ သူ့လက်တွေဟာ အကျဉ်းသားကိုချည်တဲ့ သံကြိုးတွေနဲ့ တူတယ်။ ဘုရားသခင်ရဲ့ နှစ်သက်မှုကိုရတဲ့သူက သူ့လက်ကနေ လွတ်မြောက်လိမ့်မယ်။+ အပြစ်လုပ်တဲ့သူကတော့ သူ့လက်ခုပ်ထဲ ရောက်သွားလိမ့်မယ်။+ ၂၇  နည်းပြဆရာ  ပြောတာက+ “နောက်ဆုံးကောက်ချက်ကို ချနိုင်ဖို့ အကြောင်းအရာ တစ်ခုပြီးတစ်ခု လေ့လာဆန်းစစ်ကြည့်တဲ့အခါ ငါသိသွားတာ တစ်ခုရှိတယ်။ ၂၈  ငါမပြတ်ရှာဖွေနေတဲ့  အရာကိုတော့  မတွေ့ဘူး။ လူတစ်ထောင်မှာ  ဖြောင့်မတ်တဲ့ ယောက်ျားတစ်ယောက် ရှိပေမဲ့ ဖြောင့်မတ်တဲ့မိန်းမကတော့ တစ်ယောက်မှ မရှိဘူး။ ၂၉  ဘုရားသခင်က လူသားတွေကို ဖြောင့်မှန်အောင် ဖန်ဆင်းခဲ့ပေမဲ့+ လူသားတွေကတော့ ကိုယ့်အကြံအစည် နောက်ကိုပဲ လိုက်နေကြမှန်း ငါသိသွားတယ်။”+

အောက်ခြေမှတ်ချက်များ

“ဉာဏ်တိမ်သူတွေရဲ့ အမှတ်လက္ခဏာပဲ” လည်းဖြစ်နိုင်။
အသက်ရှင်နေသူတွေကို ဆိုလို။
အခန်းငယ် ၁၆ မှာပါတဲ့အချက်။
အခန်းငယ် ၁၇ မှာပါတဲ့အချက်။