ပညာအလိမ္မာ ၁၆:၁-၃၃
၁၆ စိတ်ထဲက အကြောင်းအရာတွေကို ဘယ်လိုစီမံမလဲဆိုတာ လူနဲ့ပဲ ဆိုင်တယ်။
ပြန်ပြောရမယ့် စကားတွေကတော့ ယေဟောဝါဆီက လာတယ်။+
၂ ကိုယ့်အမြင်မှာတော့ ကိုယ့်လမ်းစဉ်မှန်တယ် ထင်ရပေမဲ့+ယေဟောဝါက စိတ်ရင်းကို စစ်ဆေးတယ်။+
၃ လုပ်ဆောင်လေသမျှ ယေဟောဝါဆီ ပုံအပ်ထားပါ။+
ဒါဆိုရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။
၄ ယေဟောဝါက မိမိရည်ရွယ်ချက် ပြည့်စုံလာဖို့ အရာရာကို စီစဉ်ထားတယ်။
လူဆိုးတွေကို ဒုက္ခနေ့ရက် ကြုံတွေ့စေဖို့တောင် စီစဉ်ထားတယ်။+
၅ စိတ်ကြီးဝင်နေသူကို ယေဟောဝါ ရွံရှာတယ်။+
သူ ပြစ်ဒဏ်ကနေ လွတ်မှာမဟုတ်ဘူးဆိုတာ စိတ်ချပါ။
၆ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကြောင့် အမှားတွေ ခွင့်လွှတ်ခံရတယ်။+
ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းက မကောင်းမှုကို ရှောင်စေတယ်။+
၇ ယေဟောဝါက လူတစ်ယောက်ရဲ့ လမ်းစဉ်တွေကို နှစ်သက်တဲ့အခါရန်သူတွေကိုတောင် သူနဲ့သင့်မြတ်စေတယ်။+
၈ ဥစ္စာနည်းနည်းပဲရှိပြီး ဖြောင့်မတ်တာဟာ+ဝင်ငွေအများကြီးရှိပြီး တရားမမျှတတာထက် ပိုသာတယ်။+
၉ လူက ဘာလုပ်မယ်ဆိုတာ စိတ်ထဲမှာ ကြံစည်နိုင်ပေမဲ့သူ့ခြေလှမ်းတွေကို လမ်းညွှန်ပေးသူကတော့ ယေဟောဝါပဲ။+
၁၀ ရှင်ဘုရင်ရဲ့နှုတ်မှာ ဘုရားရဲ့ဆုံးဖြတ်ချက်တွေ ရှိသင့်တယ်။+
သူက တရားမျှတမှုကို ဘယ်တော့မှ မဖောက်ဖျက်ရဘူး။+
၁၁ မှန်တဲ့အလေးနဲ့ မှန်တဲ့ချိန်ခွင်ဟာ ယေဟောဝါဆီကပဲ။
အိတ်ထဲမှာရှိတဲ့ အလေးအားလုံးဟာ ဘုရား သတ်မှတ်ထားရာတွေပဲ။+
၁၂ ဖြောင့်မတ်ခြင်းကြောင့်သာ ရာဇပလ္လင် တည်မြဲမှာမို့လို့+ရှင်ဘုရင်တွေဟာ ဆိုးညစ်တဲ့ အကျင့်တွေကို ရွံရှာရတယ်။+
၁၃ ရှင်ဘုရင်တွေဟာ ဖြောင့်မတ်တဲ့စကားကို နှစ်သက်တယ်။
ရိုးရိုးသားသား ပြောဆိုတဲ့သူကို ချစ်မြတ်နိုးတယ်။+
၁၄ ရှင်ဘုရင်ရဲ့အမျက်ဟာ သေမင်းတမန်နဲ့ တူတယ်။+
ဉာဏ်ပညာရှိသူကတော့ ဘုရင့်အမျက်ကို ပြေစေတယ်။+
၁၅ ရှင်ဘုရင်ရဲ့ မျက်နှာသာအလင်းဟာ အသက်ချမ်းသာရစေတယ်။
ရှင်ဘုရင်ပေးတဲ့ မျက်နှာသာဟာ နွေဦးမိုးကို သယ်ဆောင်လာတဲ့ မိုးတိမ်နဲ့ တူတယ်။+
၁၆ ဉာဏ်ပညာဆည်းပူးတာဟာ ရွှေကို စုဆောင်းတာထက် ပိုကောင်းတယ်။+
သိနားလည်နိုင်စွမ်းကို ရွေးချယ်တာဟာ ငွေကိုရွေးချယ်တာထက် ပိုကောင်းတယ်။+
၁၇ စိတ်ရိုးဖြောင့်သူတွေက မကောင်းတဲ့လမ်းစဉ်ကို ရှောင်တယ်။
ကိုယ့်လမ်းစဉ်ကို ကာကွယ်စောင့်ရှောက်တဲ့သူဟာ အသက်ကို စောင့်ရှောက်တဲ့သူပဲ။+
၁၈ မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။
မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်။+
၁၉ စိတ်နူးညံ့သူတွေအလယ်မှာ နှိမ့်ချရတာဟာ+မောက်မာသူတွေနဲ့အတူ တိုက်ရာပါဥစ္စာတွေ ခွဲဝေယူရတာထက် ပိုကောင်းတယ်။
၂၀ ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တဲ့သူဟာ အောင်မြင်လိမ့်မယ်။
ယေဟောဝါကို ယုံကြည်ကိုးစားသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၂၁ ဉာဏ်ပညာရှိသူဟာ သိနားလည်နိုင်စွမ်းရှိသူလို့ အခေါ်ခံရလိမ့်မယ်။+
ကြင်ကြင်နာနာ ပြောတတ်သူဟာ နားဝင်အောင်ပြောနိုင်စွမ်း ရှိတဲ့သူပဲ။+
၂၂ ထိုးထွင်းဉာဏ်ဟာ ပိုင်ဆိုင်သူအတွက် အသက်စမ်းရေတွင်းပဲ။
လူမိုက်တွေကိုတော့ သူတို့ရဲ့ မိုက်မဲမှုကပဲ ဆုံးမလိမ့်မယ်။
၂၃ ဉာဏ်ပညာရှိသူက နှုတ်မှာ ထိုးထွင်းဉာဏ်ရှိစေတယ်။+
နားဝင်အောင်ပြောနိုင်စွမ်း ရှိစေတယ်။
၂၄ ချိုသာတဲ့စကားတွေဟာ ပျားရည်စစ်စစ်နဲ့တူတယ်။
နားဝင်ချိုပြီး အရိုးတွေကို ကျန်းမာစေတယ်။+
၂၅ လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုး ရှိတယ်။+
၂၆ အလုပ်လုပ်တဲ့သူက အာသာပြေချင်စိတ်ကြောင့် အလုပ်ကြိုးစားတယ်။
ဆာလောင်မှုက အလုပ်လုပ်ဖို့ တွန်းအားပေးတယ်။+
၂၇ အသုံးမကျသူက မကောင်းမှုကို တူးဖော်တတ်တယ်။+
သူ့စကားဟာ ချစ်ချစ်တောက် ပူတဲ့ မီးနဲ့တူတယ်။+
၂၈ ပြဿနာလုပ်တတ်သူက စိတ်ဝမ်းကွဲစေတယ်။+
အသရေဖျက်သူက ရင်းနှီးတဲ့မိတ်ဆွေတွေကို စိမ်းကားစေတယ်။+
၂၉ အကြမ်းဖက်သူက အပေါင်းအသင်းတွေကို ဖြားယောင်းပြီးလမ်းမှားလိုက်စေတယ်။
၃၀ အန္တရာယ်ပေးဖို့ ကြံစည်တဲ့အခါ မျက်စိမှိတ်ပြတယ်။
ဒုက္ခပေးဖို့လုပ်တဲ့အခါ နှုတ်ခမ်းကို တင်းတင်းစေ့တယ်။
၃၁ ဖြောင့်မတ်တဲ့လမ်းစဉ်မှာ ရှိနေမယ်ဆိုရင်+ဖြူတဲ့ဆံပင်ဟာ အလှသရဖူပဲ။+
၃၂ လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ+ ခွန်အားကြီးသူထက် သာလွန်တယ်။
စိတ်ချုပ်တည်းနိုင်သူဟာ မြို့ကိုအောင်နိုင်သူထက် သာလွန်တယ်။+
၃၃ လူတွေက ပေါင်ပေါ်မှာ မဲချတတ်ကြတယ်။+
မဲချပြီးရလာတဲ့ ဆုံးဖြတ်ချက်ကတော့ ယေဟောဝါဆီကပဲ။+