ပညာအလိမ္မာ ၁၇:၁-၂၈

  • အကောင်းကို အဆိုးနဲ့ မတုံ့ပြန်နဲ့ (၁၃)

  • အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်ပါ (၁၄)

  • မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြ (၁၇)

  • “ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်” (၂၂)

  • ပိုင်းခြားသိမြင်မှုရှိသူ စကားများများမပြော (၂၇)

၁၇  ငြင်းခုံရန်တွေ့နေတဲ့အိမ်မှာ စားကောင်းသောက်ဖွယ် အလျှံပယ် စားရတာထက်+ငြိမ်သက်အေးချမ်းတဲ့နေရာမှာ မုန့်ခြောက်တစ်ဖဲ့ စားရတာ ပိုကောင်းတယ်။+  ၂  ထိုးထွင်းဉာဏ်ရှိတဲ့ကျွန်ဟာ အရှက်မရှိ ပြုမူတဲ့သားကို ပြန်အုပ်စိုးရလိမ့်မယ်။ သားတစ်ယောက်အဖြစ် အမွေခံရလိမ့်မယ်။  ၃  ငွေကိုစစ်တာက အရည်ကျိုသန့်စင် တဲ့အိုး၊ ရွှေကိုစစ်တာက မီးဖို၊+စိတ်နှလုံးကို စစ်ဆေးသူကတော့ ယေဟောဝါပဲ။+  ၄  လူဆိုးက ထိခိုက်စေတဲ့စကားတွေကိုပဲ အာရုံစိုက်တယ်။ လှည့်စားတတ်သူက မလိုတမာစိတ်နဲ့ ပြောတဲ့စကားတွေကိုပဲ နားထောင်တယ်။+  ၅  ဆင်းရဲသားကို လှောင်ပြောင်သူဟာ ဖန်ဆင်းရှင်ကို စော်ကားတဲ့သူပဲ။+ သူတစ်ပါးဒုက္ခရောက်တာကို ဝမ်းသာတဲ့သူက ပြစ်ဒဏ်ကနေ လွတ်မှာမဟုတ်ဘူး။+  ၆  မြေးတွေဟာ သက်ကြီးရွယ်အိုတွေရဲ့ သရဖူပဲ။ ဖခင်ဟာ သားတွေရဲ့ ဂုဏ်ကျက်သရေပဲ။  ၇  မှန်သောစကားဟာ လူမိုက်နဲ့ မအပ်စပ်ဘူး။+ မုသာစကားက အုပ်စိုးရှင်နဲ့ ပိုလို့တောင် မအပ်စပ်ဘူး။+  ၈  လက်ဆောင်ဟာ ပိုင်ရှင်အတွက် ကောင်းကျိုးရစေတဲ့ ကျောက်မျက်နဲ့တူတယ်။+ လုပ်ဆောင်သမျှကို အောင်မြင်စေတယ်။+  ၉  အမှားကို ခွင့်လွှတ်သူတိုင်းဟာ မေတ္တာရဖို့ ကြိုးစားတဲ့သူပဲ။+ ကိစ္စတစ်ခုကို ခဏခဏ ပြန်ဖော်တဲ့သူကတော့ ရင်းနှီးတဲ့မိတ်ဆွေတွေကို စိမ်းကားစေတယ်။+ ၁၀  သိနားလည်နိုင်စွမ်းရှိသူကို တစ်ကြိမ် ပြစ်တင်ဆုံးမတာဟာ+လူမိုက်ကို အကြိမ်တစ်ရာ ရိုက်နှက်တာထက် ပိုထိရောက်တယ်။+ ၁၁  မကောင်းတဲ့လူက ကလန်ကဆန်လုပ်ဖို့ ရှာကြံတတ်တယ်။ သူ့ကိုပြစ်ဒဏ်ပေးဖို့ ရက်စက်တဲ့ စေတမန်ကို စေလွှတ်လိမ့်မယ်။+ ၁၂  မိုက်လုံးကြီးသူနဲ့ ထိပ်တိုက်တွေ့ရတာထက်သားငယ်တွေပျောက်သွားတဲ့ ဝက်ဝံမနဲ့ ပက်ပင်းတိုးတာ ပိုကောင်းတယ်။+ ၁၃  အကောင်းကို အဆိုးနဲ့ တုံ့ပြန်မယ်ဆိုရင်အဆိုးတွေ အိမ်ကနေ ထွက်သွားမှာ မဟုတ်ဘူး။+ ၁၄  ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ။+ ၁၅  လူဆိုးကို ပြစ်ဒဏ်မပေးတဲ့သူ၊ ဖြောင့်မတ်သူကို ပြစ်ဒဏ် စီရင်တဲ့သူ+နှစ်ယောက်စလုံးကို ယေဟောဝါ ရွံမုန်းတယ်။ ၁၆  လူမိုက်က ဉာဏ်ပညာဆည်းပူးနိုင်တဲ့ အခွင့်အလမ်းရှိပေမဲ့ ဆည်းပူးချင်စိတ် မရှိဘူးဆိုရင် ဘာအကျိုးထူးမှာလဲ။+ ၁၇  မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။+ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။+ ၁၈  ဆင်ခြင်ဉာဏ်မရှိသူဟာ* သူတစ်ပါးအတွက် အာမခံဖို့ သဘောတူပြီးအပေါင်းအသင်းရှေ့မှာ လက်ဆွဲနှုတ်ဆက်တတ်တယ်။+ ၁၉  ရန်တွေ့တာကို သဘောကျတဲ့သူဟာ အပြစ်ကျူးလွန်တာကို သဘောကျတဲ့သူပဲ။+ တံခါးပေါက်ကို မြင့်မြင့်ဆောက်တဲ့သူဟာ ပျက်စီးခြင်းကို ဖိတ်ခေါ်တဲ့သူပဲ။+ ၂၀  ကောက်ကျစ်သူဟာ အောင်မြင်မှာ မဟုတ်ဘူး။+ လှည့်စားပြောဆိုတတ်သူဟာ ပျက်စီးရလိမ့်မယ်။ ၂၁  သားမိုက်ရဲ့ဖခင်ဟာ စိတ်ဆင်းရဲရလိမ့်မယ်။ ဆင်ခြင်ဉာဏ်မရှိတဲ့ကလေးရဲ့ ဖခင်ကလည်း ပျော်ရမှာ မဟုတ်ဘူး။+ ၂၂  ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။+ ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်။+ ၂၃  လူဆိုးက တိုးတိုးတိတ်တိတ် လာဘ်စားပြီးအမှန်တရားကို ကပြောင်းကပြန်ဖြစ်အောင် လုပ်တတ်တယ်။+ ၂၄  ပိုင်းခြားသိမြင်တတ်သူရဲ့ ရှေ့တည့်တည့်မှာ ဉာဏ်ပညာရှိနေတယ်။ လူမိုက်ကတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတယ်။+ ၂၅  သားမိုက်က ဖခင်ကို စိတ်ဆင်းရဲစေတယ်။ မွေးမိခင်ကို ရင်နာအောင် လုပ်တယ်။+ ၂၆  ဖြောင့်မတ်သူကို ပြစ်ဒဏ်ပေးတာ မကောင်းဘူး။ ဂုဏ်အသရေရှိသူတွေကို ရိုက်နှက်တာ မမှန်ဘူး။ ၂၇  ဉာဏ်ပညာရှိသူဟာ စကား များများ မပြောဘူး။+ ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်။+ ၂၈  လူမိုက်တောင်မှ နှုတ်ဆိတ်နေရင် ဉာဏ်ပညာရှိသူလို့ အထင်ခံရတတ်တယ်။ နှုတ်ပိတ်နေသူကလည်း ပိုင်းခြားသိမြင်မှုရှိသူလို့ အထင်ခံရတတ်တယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “စိတ်နှလုံးမရှိသူဟာ။”