ပညာအလိမ္မာ ၁၉:၁-၂၉

  • ထိုးထွင်းဉာဏ်ရှိသူ ဒေါသချုပ်တည်း (၁၁)

  • ရန်တွေ့တတ်တဲ့ဇနီး မိုးယိုတဲ့ အိမ်ခေါင်မိုးနဲ့တူ (၁၃)

  • သတိပညာရှိတဲ့ဇနီး ယေဟောဝါဆီကအမွေ (၁၄)

  • မျှော်လင့်ချက်ရှိနေတုန်း ကလေးကို ဆုံးမပါ (၁၈)

  • အကြံပေးတာကို နားထောင်ရင် ဉာဏ်ပညာရှိ (၂၀)

၁၉  လိမ်လည်ပြောဆိုပြီး လူမိုက်ဖြစ်ရတာထက်+သမာဓိရှိရှိ လျှောက်လှမ်းရင်း ဆင်းရဲနေရတာ ပိုကောင်းတယ်။+  ၂  အသိပညာမရှိတာ မကောင်းဘူး။+ အလျင်စလိုလုပ်ရင် အပြစ်လုပ်မိတတ်တယ်။  ၃  လူတွေက ကိုယ်တိုင်ရဲ့ မိုက်မဲမှုကြောင့် လမ်းလွဲသွားတဲ့အခါယေဟောဝါကို စိတ်ဆိုးတတ်ကြတယ်။  ၄  စည်းစိမ်ဟာ မိတ်ဆွေ ပေါများစေတယ်။ ဆင်းရဲသားကိုတော့ မိတ်ဆွေရင်းကတောင် စွန့်ခွာသွားလိမ့်မယ်။+  ၅  မမှန်တဲ့သက်သေဟာ ပြစ်ဒဏ်လွတ်မှာ မဟုတ်ဘူး။+ အလိမ်အညာချည်းပဲ ပြောတဲ့သူဟာ လွတ်မြောက်မှာ မဟုတ်ဘူး။+  ၆  ဂုဏ်အသရေရှိသူရဲ့ မျက်နှာသာရဖို့ ကြိုးစားသူတွေ အများကြီးရှိတယ်။ လက်ဆောင်ပေးသူကို လူတိုင်း ခင်မင်ကြတယ်။  ၇  ဆင်းရဲတဲ့သူကို ညီရင်းအစ်ကိုတွေ မုန်းကြတယ်။+ မိတ်ဆွေတွေဆို ပိုလို့တောင် ဝေးဝေးရှောင်ကြတယ်။+ သူက လိုက်ပြီးမေတ္တာရပ်ခံပေမဲ့ တစ်ယောက်မှ မတုံ့ပြန်ကြဘူး။  ၈  ဆင်ခြင်ဉာဏ်ကို ရယူတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။+ ပိုင်းခြားသိမြင်မှုကို တန်ဖိုးထားတဲ့သူဟာ အောင်မြင်လိမ့်မယ်။+  ၉  မမှန်တဲ့သက်သေဟာ ပြစ်ဒဏ်လွတ်မှာ မဟုတ်ဘူး။ အလိမ်အညာချည်းပဲ ပြောတဲ့သူဟာ ပျက်စီးတတ်တယ်။+ ၁၀  လူမိုက်ဟာ ဇိမ်ကျကျနေဖို့ မသင့်တော်ဘူး။ ကျွန်က မင်းညီမင်းသားတွေကို အုပ်စိုးဖို့ဆိုတာ ပိုလို့တောင် မသင့်တော်ဘူး။+ ၁၁  ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။+ အမှားကို ဗွေမယူတာဟာ သူ့ရဲ့အလှပဲ။+ ၁၂  ရှင်ဘုရင် ဒေါသထွက်တာဟာ ခြင်္သေ့မာန်ဖီတာနဲ့ တူတယ်။+ ရှင်ဘုရင်ရဲ့ မျက်နှာသာဟာ အပင်တွေပေါ်ကျတဲ့ ဆီးနှင်းနဲ့တူတယ်။ ၁၃  သားမိုက်က ဖခင်ကို ဒုက္ခရောက်စေတယ်။+ ရန်တွေ့တတ်တဲ့* ဇနီးဟာ မိုးတစက်စက်ယိုနေတဲ့ အိမ်ခေါင်မိုးနဲ့ တူတယ်။+ ၁၄  အိမ်နဲ့စည်းစိမ်ဟာ ဖခင်ဆီကရတဲ့အမွေပဲ။ သတိပညာရှိတဲ့ ဇနီးကတော့ ယေဟောဝါဆီကရတဲ့ အမွေပဲ။+ ၁၅  ပျင်းရိခြင်းက အိပ်မောကျစေတယ်။ လေးလံထိုင်းမှိုင်းသူက ဆာလောင်ရလိမ့်မယ်။+ ၁၆  ပညတ်ချက်ကို စောင့်ထိန်းသူဟာ အသက်ကို စောင့်ထိန်းသူပဲ။+ မှန်တဲ့လမ်းစဉ်ကို အလေးမထားသူဟာ သေဆုံးရလိမ့်မယ်။+ ၁၇  နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။+ သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။+ ၁၈  မျှော်လင့်ချက်ရှိနေတုန်းမှာ သားကို ဆုံးမပါ။+ ကိုယ့်ကြောင့် သူသေရတာမျိုး မဖြစ်ပါစေနဲ့။+ ၁၉  ဒေါသကြီးသူဟာ ပြစ်ဒဏ်ခံပါစေ။ သူ့ကို တစ်ခါသက်ညှာမိရင် ခဏခဏ သက်ညှာနေရလိမ့်မယ်။+ ၂၀  အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။+ ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်။+ ၂၁  လူက စိတ်ထဲမှာ အစီအစဉ်တွေ အများကြီးဆွဲထားပေမဲ့ယေဟောဝါရဲ့ ရည်ရွယ်ချက်ကပဲ အောင်မြင်မယ်။+ ၂၂  လူတစ်ယောက်မှာ နှစ်သက်စရာကောင်းတာဟာ သူ့ရဲ့ ခိုင်မြဲတဲ့မေတ္တာပဲ။+ လူလိမ်ဖြစ်ရတာထက် ဆင်းရဲသားဖြစ်ရတာ ပိုကောင်းတယ်။ ၂၃  ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသက်ရစေတယ်။+ အဲဒီလိုကြောက်ရွံ့တဲ့သူဟာ စိတ်အေးလက်အေး နားနေရပြီး အန္တရာယ် ကင်းဝေးနေလိမ့်မယ်။+ ၂၄  လူပျင်းက ပန်းကန်လုံးထဲ လက်နှိုက်ပေမဲ့ပြန်ထုတ်ပြီး ပါးစပ်ထဲထည့်ဖို့ ပျင်းနေတယ်။+ ၂၅  လှောင်ပြောင်တတ်သူကို ရိုက်နှက်ပါ။+ အတွေ့အကြုံမရှိသူက အမြော်အမြင် ရှိလာမယ်။+ သိနားလည်မှုရှိသူကို ပဲ့ပြင်ပါ။ သူ အသိပညာ တိုးလာမယ်။+ ၂၆  ဖခင်ကိုနှိပ်စက်ပြီး မိခင်ကို မောင်းထုတ်တဲ့သားဟာအရှက်ခွဲတဲ့သား၊ ရှုတ်ချခံရအောင်လုပ်တဲ့ သားပဲ။+ ၂၇  ငါ့သား၊ ဆုံးမစကားကို နားမထောင်တော့ဘူးဆိုရင်ပညာရှိစကားတွေကနေ သွေဖည်သွားလိမ့်မယ်။ ၂၈  အချည်းနှီးဖြစ်တဲ့ သက်သေက တရားမျှတမှုကို မထီမဲ့မြင်လုပ်တယ်။+ လူဆိုးက ယုတ်မာမှုကို အငမ်းမရ မျိုချတတ်တယ်။+ ၂၉  လှောင်ပြောင်တတ်သူအတွက် တရားစီရင်ချက်က အသင့်ပဲ။+ လူမိုက်ရဲ့ကျောပြင်အတွက် ရိုက်နှက်ခြင်းက အသင့်ပဲ။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “တကျည်ကျည်လုပ်တတ်တဲ့။”