ပညာအလိမ္မာ ၂၀:၁-၃၀
၂၀ စပျစ်ဝိုင်ဟာ လှောင်ပြောင်စရာ ဖြစ်စေတယ်။+ အရက်ကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်စေတယ်။+
အဲဒါတွေကြောင့် လမ်းလွဲသွားသူဟာ ဉာဏ်ပညာမဲ့တယ်။+
၂ ခြင်္သေ့မာန်ဖီရင် ကြောက်ရသလို ရှင်ဘုရင်ရဲ့ အရှိန်အဝါကို ကြောက်ရတယ်။+
ရှင်ဘုရင်ရဲ့ အမျက်ကို ဆွတဲ့သူဟာ ကိုယ့်သေတွင်းကိုယ် တူးတဲ့သူပဲ။+
၃ အငြင်းပွားမှုကို ရှောင်တဲ့သူက ဂုဏ်အသရေရှိတယ်။+
လူမိုက်တွေကတော့ အငြင်းပွားမှုမှာ ဝင်ပါတတ်တယ်။+
၄ လူပျင်းက ဆောင်းရာသီမှာ လယ်မထွန်ဘူး။
ဒါကြောင့် ရိတ်သိမ်းချိန် ရောက်တဲ့အခါ ဘာမှမရှိတဲ့အတွက် တောင်းစားရလိမ့်မယ်။*+
၅ စိတ်ထဲက အတွေးတွေဟာ နက်ရှိုင်းတဲ့ရေနဲ့ တူတယ်။
ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူကတော့ ခပ်ယူတတ်တယ်။
၆ ငါဟာ ခိုင်မြဲတဲ့မေတ္တာရှိသူပါလို့ ပြောတဲ့သူတွေ များပါရဲ့။
တကယ်သစ္စာရှိသူကတော့ ရှားပါးလိုက်တာ။
၇ ဖြောင့်မတ်သူက သမာဓိရှိရှိ လျှောက်လှမ်းတယ်။+
သူ့သားသမီးတွေ ပျော်ရွှင်ချမ်းမြေ့တယ်။+
၈ ဘုရင်က တရားစီရင်ဖို့ ရာဇပလ္လင်ပေါ်ထိုင်ပြီး+ဒုစရိုက်မှန်သမျှကို အကြည့်တစ်ချက်နဲ့ စိစစ်တယ်။+
၉ “ငါ့စိတ်ကို စင်ကြယ်သွားအောင် ဆေးကြောလိုက်ပြီ။+
အပြစ်တွေ မရှိတော့ဘူး” လို့ ဘယ်သူပြောနိုင်သလဲ။+
၁၀ မမှန်တဲ့အလေး၊ မမှန်တဲ့အခြင်အတွယ် နှစ်မျိုးစလုံးကို*ယေဟောဝါ ရွံရှာတယ်။+
၁၁ ကလေးတစ်ယောက်ကိုတောင် အမူအကျင့်တွေ ဖြူစင်မှု၊ မှန်ကန်မှု ရှိမရှိသူ့လုပ်ရပ်ကိုကြည့်ပြီး သိနိုင်တယ်။+
၁၂ ကြားတတ်တဲ့နား၊ မြင်တတ်တဲ့မျက်စိနှစ်မျိုးစလုံးကို ယေဟောဝါ ဖန်ဆင်းတယ်။+
၁၃ အအိပ်မမက်နဲ့။ အအိပ်မက်ရင် ဆင်းရဲသွားလိမ့်မယ်။+
မျက်စိကို ဖွင့်ထားပါ။ ဒါဆိုရင် ဝဝလင်လင် စားရလိမ့်မယ်။+
၁၄ ဝယ်တဲ့သူက “မကောင်းဘူး၊ မကောင်းဘူး” လို့ပြောတတ်တယ်။
ဝယ်ပြီးမှ စျေးပေါပေါနဲ့ ရခဲ့တဲ့အကြောင်း ကြွားတတ်တယ်။+
၁၅ ရွှေတွေရော၊ များပြားလှတဲ့ သန္တာကျောက်တွေရော အဖိုးတန်လှပေမဲ့အသိပညာဝေမျှတဲ့ နှုတ်ဟာ ပိုအဖိုးတန်တယ်။+
၁၆ သူစိမ်းအတွက် အာမခံပေးသူရဲ့အဝတ်ကို ယူလိုက်ပါ။+
တိုင်းတစ်ပါးသူအတွက် အာမခံပေးသူဆီကနေ အပေါင်ပစ္စည်းကို သိမ်းလိုက်ပါ။+
၁၇ မသမာနည်းနဲ့ရတဲ့ အစားအစာဟာ အရသာရှိပေမဲ့နောက်တော့မှ ကျောက်စရစ်ခဲတွေ ဝါးရသလို ဖြစ်နေလိမ့်မယ်။+
၁၈ တိုင်ပင်ဆွေးနွေးရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။+
ကျွမ်းကျင်သူ လမ်းညွှန်ပေးတဲ့အတိုင်း စစ်ပွဲကို ဆင်နွှဲပါ။+
၁၉ အသရေဖျက်သူက အတွင်းရေးကို ပေါက်ကြားစေတယ်။+
အတင်းအဖျင်းပြောရတာ ကြိုက်တဲ့သူကို အပေါင်းအသင်းမလုပ်နဲ့။
၂၀ မိဘကိုကျိန်ဆဲသူရဲ့ မီးခွက်ဟာမှောင်လာတဲ့အခါ ငြိမ်းသွားလိမ့်မယ်။+
၂၁ အစပိုင်းမှာ လောဘကြောင့်ရတဲ့ အမွေဟာနောက်ပိုင်းမှာ ကောင်းချီးဖြစ်မှာ မဟုတ်ဘူး။+
၂၂ “အဆိုးကို အဆိုးနဲ့ တုံ့ပြန်မယ်” လို့မပြောနဲ့။+
ယေဟောဝါကို မျှော်လင့်ပါ။+ မင်းကို ကယ်တင်လိမ့်မယ်။+
၂၃ ယေဟောဝါက မမှန်တဲ့အလေးတွေကို ရွံရှာတယ်။
လှည့်စားတဲ့ချိန်ခွင်တွေဟာ မကောင်းဘူး။
၂၄ လူတွေရဲ့ခြေလှမ်းကို ယေဟောဝါ လမ်းညွှန်ပေးတယ်။+
လူတွေက ကိုယ့်လမ်းစဉ်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။
၂၅ “ဘုရားကို ဆက်ကပ်လိုက်ပြီ” လို့ အလျင်စလို သစ္စာကတိပြုပြီးနောက်ပိုင်းမှ အဲဒီသစ္စာကတိကို ပြန်ချိန်ဆနေတာဟာ ကျော့ကွင်းပဲ။+
၂၆ ဉာဏ်ပညာရှိတဲ့ ရှင်ဘုရင်က လူဆိုးတွေကို စိစစ်ပြီး+ကောက်နယ်တဲ့ဘီးနဲ့ ကြိတ်လိမ့်မယ်။+
၂၇ လူတစ်ယောက် ရှူထုတ်လိုက်တဲ့လေဟာအတွင်းစိတ်ကို အသေအချာစစ်ဆေးတဲ့ ယေဟောဝါရဲ့ မီးခွက်ပဲ။
၂၈ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားဟာ ရှင်ဘုရင်ကို ကာကွယ်စောင့်ရှောက်တယ်။+
သူက ရာဇပလ္လင်ကို ခိုင်မြဲတဲ့မေတ္တာနဲ့ တည်စေတယ်။+
၂၉ လူငယ်တွေရဲ့ဂုဏ်ဟာ အစွမ်းခွန်အား၊+သက်ကြီးရွယ်အိုတွေရဲ့ ခံ့ညားမှုဟာ ဖြူတဲ့ဆံပင်ပဲ။+
၃၀ ဒဏ်ရာဒဏ်ချက်တွေက ဆိုးညစ်မှုကို ဖယ်ရှားပေးတယ်။+
ရိုက်နှက်တာက အတွင်းစိတ်ကို သန့်စင်ပေးတယ်။
အောက်ခြေမှတ်ချက်များ
^ “ရိတ်သိမ်းချိန်မှာ စားစရာရှာပေမဲ့ တွေ့မှာ မဟုတ်ဘူး” လည်း ဖြစ်နိုင်။
^ ဒါမှမဟုတ်၊ “အလေးနှစ်မျိုး၊ အခြင်အတွယ်နှစ်မျိုး ထားတာကို။”