ပညာအလိမ္မာ ၂၃:၁-၃၅

  • ဧည့်သည်လုပ်တဲ့အခါ သတိရှိပါ ()

  • စည်းစိမ်နောက် တကောက်ကောက် မလိုက်နဲ့ ()

  • စည်းစိမ်ဥစ္စာတွေ ပျံသွားနိုင် ()

  • ဝိုင်သောက်ကြူးသူ မဖြစ်စေနဲ့ (၂၀)

  • အရက်ဟာ မြွေလို ပေါက်တတ် (၃၂)

၂၃  ဘုရင်နဲ့အတူထိုင်ပြီး စားသောက်တဲ့အခါအခြေအနေကို အသေအချာ သုံးသပ်ပါ။  ၂  ကိုယ်က စားကြူးသူ* ဖြစ်နေရင်ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပေတော့။*  ၃  သူ့ရဲ့ စားကောင်းသောက်ဖွယ်တွေကို မမက်မောနဲ့။ အဲဒီအစာတွေကြောင့် လှည့်စားခံနေရဦးမယ်။  ၄  စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။+ ရပ်တန်းကရပ်ပြီး သိနားလည်မှုရှိကြောင်း ပြပါ။  ၅  စည်းစိမ်ဥစ္စာတွေဟာ မျက်စိ တစ်မှိတ်အတွင်းမှာ ပျောက်သွားတတ်တယ်။+ လင်းယုန်လို အတောင်တွေပေါက်ပြီး ကောင်းကင်ကို ပျံသွားလိမ့်မယ်။+  ၆  ကပ်စေးနှဲသူရဲ့အစာကို မစားပါနဲ့။ သူ့ရဲ့ စားကောင်းသောက်ဖွယ်တွေကို မမက်မောနဲ့။  ၇  သူက စာရင်းမှတ်တဲ့လူနဲ့ တူတယ်။ “စားပါ၊ သောက်ပါ” လို့ ပြောနေပေမဲ့ တကယ်ပြောနေတာ မဟုတ်ဘူး။  ၈  ကိုယ်စားလိုက်တဲ့အစာတွေကို ပြန်အန်ထုတ်ရလိမ့်မယ်။ ကိုယ်ချီးမွမ်းတာတွေလည်း အလကားဖြစ်လိမ့်မယ်။  ၉  လူမိုက်ကို စကားသွားမပြောနဲ့။+ ကိုယ်ရဲ့ဉာဏ်ပညာစကားတွေကို အထင်သေးလိမ့်မယ်။+ ၁၀  ရှေးကတည်းကချခဲ့တဲ့ နယ်နိမိတ်မှတ်တိုင်ကို မရွှေ့နဲ့။+ ဖတဆိုးတွေရဲ့ လယ်မြေကို မကျူးကျော်နဲ့။ ၁၁  သူတို့ကို ခုခံကာကွယ်ပေးတဲ့ အရှင်ဟာ ခွန်အားကြီးတယ်။ သူတို့ဘက်ကနေ ရပ်တည်ပြီး အမှုကို ကိုင်တွယ်ပေးလိမ့်မယ်။+ ၁၂  ဆုံးမစကားကို နှလုံးသွင်းပါ။ ဉာဏ်ပညာစကားတွေကို နားထောင်ပါ။ ၁၃  ကလေးကို မဆုံးမဘဲ မနေနဲ့။+ ကြိမ်လုံးနဲ့ရိုက်လို့ သူသေမှာ မဟုတ်ဘူး။ ၁၄  သူ့ကို သင်္ချိုင်းကနေ ကယ်တင်နိုင်ဖို့ ကြိမ်လုံးနဲ့ ဆုံးမပါ။ ၁၅  ငါ့သား၊ မင်းသာ ဉာဏ်ပညာရှိမယ်ဆိုရင်ငါသိပ်ဝမ်းသာမှာပဲ။+ ၁၆  မင်း မှန်ရာကိုပြောတဲ့အခါငါ့ရင်ထဲ သိပ်ကြည်နူးတာပဲ။ ၁၇  အပြစ်လုပ်သူတွေကို မင်းစိတ်ထဲမှာ အားမကျနဲ့။+ ယေဟောဝါကိုသာ အမြဲကြောက်ရွံ့ရိုသေပါ။+ ၁၈  ဒါမှ မင်းမှာ အနာဂတ်ရှိမယ်။+ မင်းရဲ့မျှော်လင့်ချက်လည်း ပျက်စီးသွားမှာ မဟုတ်ဘူး။ ၁၉  ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ဉာဏ်ပညာရှိပါ။ မင်းရဲ့စိတ်ကို လမ်းမှန်အတိုင်း လမ်းညွှန်ပေးပါ။ ၂၀  စပျစ်ဝိုင်သောက်ကြူးသူတွေ၊+အသားကို ငမ်းငမ်းတက်စားသူတွေထဲမှာ မင်း မပါစေနဲ့။+ ၂၁  အရက်သမားတွေ၊ စားကြူးသူတွေဟာ ဆင်းရဲသွားလိမ့်မယ်။+ ငိုက်မျဉ်းနေသူတွေဟာ အဝတ်စုတ်ပဲ ဝတ်ရလိမ့်မယ်။ ၂၂  မင်းကိုမွေးဖွားစေတဲ့ ဖခင်ရဲ့စကားကို နားထောင်ပါ။ မိခင်ကို အသက်ကြီးသွားလို့ဆိုပြီး မထီလေးစား မလုပ်နဲ့။+ ၂၃  အမှန်တရားကို ဝယ်ပါ။ ဘယ်တော့မှ မရောင်းနဲ့။+ ဉာဏ်ပညာ၊ ဆုံးမမှု၊ သိနားလည်မှုကိုလည်း ဝယ်ပါ။ မရောင်းနဲ့။+ ၂၄  ဖြောင့်မတ်သူရဲ့ဖခင်ဟာ တကယ်ရွှင်လန်းရလိမ့်မယ်။ ဉာဏ်ပညာရှိတဲ့သားကြောင့် ဖခင်ဝမ်းမြောက်ရလိမ့်မယ်။ ၂၅  မင်းရဲ့မိဘတွေ ဝမ်းသာရလိမ့်မယ်။ မွေးမိခင်လည်း ပျော်ရွှင်ရလိမ့်မယ်။ ၂၆  ငါ့သား၊ မင်းရဲ့စိတ်နှလုံးကို ငါ့ဆီ အပ်နှင်းလိုက်ပါ။ ငါ့ရဲ့လမ်းစဉ်တွေကို မင်း နှစ်သက်နိုင်ပါစေ။+ ၂၇  ပြည့်တန်ဆာဟာ နက်ရှိုင်းတဲ့တွင်းပဲ။ မိန်းမပျက်ဟာ* ကျဉ်းမြောင်းတဲ့ရေတွင်းပဲ။+ ၂၈  သူက ဓားပြလို ချောင်းမြောင်းနေတတ်တယ်။+ သူ့ကြောင့် သစ္စာမဲ့တဲ့ယောက်ျားတွေ တိုးများလာတယ်။ ၂၉  ကြေကွဲနေတာ ဘယ်သူလဲ။ စိတ်ဆင်းရဲနေတာ ဘယ်သူလဲ။ ငြင်းခုံရန်တွေ့နေတာ ဘယ်သူလဲ။ မကျေမနပ်ညည်းညူနေတာ ဘယ်သူလဲ။ အလကားနေရင်း ဒဏ်ရာရနေတာ ဘယ်သူလဲ။ မျက်လုံးရီဝေနေတာ ဘယ်သူလဲ။ ၃၀  စပျစ်ဝိုင်ကို တမြမြ သောက်နေသူတွေ၊+ရောစပ်ထားတဲ့စပျစ်ဝိုင်ကို လိုက်ရှာနေသူတွေပဲပေါ့။ ၃၁  ခွက်ထဲမှာ အရောင်တောက်နေတဲ့၊ လည်ချောင်းထဲ လျှောဆင်းသွားတတ်တဲ့အနီရောင်စပျစ်ဝိုင်ကို မကြည့်နဲ့။ ၃၂  နောက်ပိုင်းမှာ စပျစ်ဝိုင်ဟာ မြွေလို ပေါက်တတ်တယ်။ မြွေပွေးလို အဆိပ်တွေ ထုတ်တတ်တယ်။ ၃၃  မင်းက ထူးထူးဆန်းဆန်းတွေ မြင်လိမ့်မယ်။ မတော်လျော်တဲ့ အတွေးတွေကို ထုတ်ပြောလိမ့်မယ်။+ ၃၄  ပင်လယ်ပြင်အလယ်မှာ အိပ်နေသူလို၊ရွက်တိုင်ထိပ်မှာ အိပ်နေသူလို ဖြစ်လိမ့်မယ်။ ၃၅  “သူတို့ ထိုးပေမဲ့ ငါမနာဘူး။ သူတို့ ရိုက်ပေမဲ့ ငါမသိဘူး။ နောက်တစ်ခွက်သောက်ရဖို့ဘယ်တော့များမှ ငါနိုးလာမှာလဲ” လို့ မင်းပြောလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ် “အသက်” ကိုကြည့်။
မူရင်း၊ “လည်ချောင်းကို ဓားနဲ့ထောက်ထားပါ။”
မူရင်း၊ “တိုင်းတစ်ပါးသူ။” ပ ၂:၁၆ ကိုကြည့်။