ပညာအလိမ္မာ ၂၄:၁-၃၄
၂၄ လူယုတ်မာတွေကို အားမကျနဲ့။
သူတို့နဲ့ မပေါင်းသင်းချင်ပါနဲ့။+
၂ သူတို့က အကြမ်းဖက်ဖို့ပဲ တွေးတောနေတယ်။
ဒုက္ခပေးဖို့ပဲ ပြောဆိုနေတယ်။
၃ အိမ်ကို* ဉာဏ်ပညာနဲ့ တည်ဆောက်ပြီး+ပိုင်းခြားသိမြင်မှုနဲ့ ခိုင်ခံ့မြဲမြံအောင် ထိန်းသိမ်းရတယ်။
၄ အသိပညာကြောင့် အခန်းတွေဟာနှစ်သက်ဖွယ် အဖိုးတန်ဘဏ္ဍာအမျိုးမျိုးနဲ့ ပြည့်နေတယ်။+
၅ ဉာဏ်ပညာရှိသူက အစွမ်းတန်ခိုး ရှိတယ်။+
အဲဒီအစွမ်းတန်ခိုးကို အသိပညာနဲ့ တိုးပွားစေတယ်။
၆ ကျွမ်းကျင်သူ လမ်းညွှန်ပေးတဲ့အတိုင်း စစ်ပွဲကို ဆင်နွှဲရမယ်။+
အကြံပေးသူများရင် အောင်ပွဲဆင်နိုင်တယ်။+
၇ လူမိုက်က စစ်မှန်တဲ့ဉာဏ်ပညာကို လက်လှမ်းမမီနိုင်ဘူး။+
မြို့တံခါးမှာ ထိုင်တဲ့အခါ သူ့မှာ ပြောစရာ ဘာမှမရှိဘူး။
၈ ယုတ်မာဖို့ ကြံစည်သူကိုတစ်ဖက်ကမ်းခပ် အကြံသမားလို့ ခေါ်ကြလိမ့်မယ်။+
၉ မိုက်မဲတဲ့အကြံအစည်တွေက အပြစ်ရှိတယ်။
လှောင်ပြောင်တတ်သူကို လူတွေ ရွံမုန်းတယ်။+
၁၀ ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင်အားလျော့သွားလိမ့်မယ်။
၁၁ ကွပ်မျက်ဖို့ ခေါ်သွားခံနေရသူတွေကို ကယ်တင်ပါ။
အသတ်ခံဖို့ ဒယီးဒယိုင် သွားနေရသူတွေကို ဆွဲထားပါ။+
၁၂ “ငါတို့မှ မသိလိုက်တာ” လို့ မင်းပြောပေမဲ့စိတ်နှလုံးကို စစ်ဆေးတဲ့အရှင်က မင်းစိတ်ထဲ ဘာရှိမှန်း မသိဘဲနေပါ့မလား။+
မင်းကို စောင့်ကြည့်နေတဲ့အရှင်က သိနေတယ်။
တစ်ယောက်စီကို သူ့လုပ်ရပ်အတိုင်း ပြန်ဆပ်ပေးလိမ့်မယ်။+
၁၃ ငါ့သား၊ ပျားရည်ဟာ ကောင်းတယ်။ စားပေးပါ။
ပျားရည်စစ်စစ်ဟာ ချိုမြိန်တယ်။
၁၄ ဉာဏ်ပညာကလည်း မင်းအတွက် ကောင်းတယ်ဆိုတာသိထားပါ။+
ဉာဏ်ပညာကို ရှာတွေ့ရင် မင်းမှာ အနာဂတ်ရှိမယ်။
မင်းရဲ့မျှော်လင့်ချက်လည်း ပျက်စီးသွားမှာ မဟုတ်ဘူး။+
၁၅ ဖြောင့်မတ်သူရဲ့အိမ်ကို ယုတ်မာတဲ့စိတ်နဲ့ မချောင်းမြောင်းနဲ့။
သူနားခိုတဲ့နေရာကို မဖျက်ဆီးနဲ့။
၁၆ ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။+
လူဆိုးကတော့ ဘေးဆိုးကြောင့် လုံးဝလဲကျသွားလိမ့်မယ်။+
၁၇ ရန်သူ ကျရှုံးတဲ့အခါ ဝမ်းမသာပါနဲ့။
သူလဲကျတဲ့အခါ စိတ်ထဲမှာ မပျော်ပါနဲ့။+
၁၈ အဲဒီလိုပျော်နေရင် ယေဟောဝါ တွေ့မြင်ပြီး မနှစ်သက်ဘဲ နေလိမ့်မယ်။
ဘုရားက မင်းရဲ့ရန်သူကို အမျက်မထွက်တော့ဘဲ နေလိမ့်မယ်။+
၁၉ လူယုတ်မာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်နဲ့။
လူဆိုးတွေကို အားမကျနဲ့။
၂၀ ယုတ်မာသူတွေမှာ အနာဂတ် မရှိဘူး။+
လူဆိုးတွေရဲ့မီးခွက်လည်း ငြိမ်းသတ်ခံရလိမ့်မယ်။+
၂၁ ငါ့သား၊ ယေဟောဝါကိုရော ဘုရင်ကိုပါ ကြောက်ရွံ့ရိုသေပါ။+
အတိုက်အခံသမားတွေကို အပေါင်းအသင်း မလုပ်နဲ့။+
၂၂ သူတို့ဟာ ရုတ်တရက် ဘေးဆိုးကြုံရလိမ့်မယ်။+
ဘုရားကရော ဘုရင်ကပါ သူတို့ကို ဘယ်လို ဖျက်ဆီးပစ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။+
၂၃ ဉာဏ်ပညာရှိသူတွေပြောတဲ့ စကားကတော့–
တရားစီရင်တဲ့အခါ မျက်နှာလိုက်တာ မကောင်းဘူး။+
၂၄ လူဆိုးကို “ဖြောင့်မတ်တယ်” လို့ ပြောတဲ့သူဟာ လူတွေကျိန်ဆဲတာကို ခံရလိမ့်မယ်။+
လူမျိုးတွေ ကဲ့ရဲ့ရှုတ်ချတာကို ခံရလိမ့်မယ်။
၂၅ လူဆိုးကိုပဲ့ပြင်သူတွေကတော့ ကောင်းစားလိမ့်မယ်။+
သူတို့အပေါ် ကောင်းချီးမင်္ဂလာတွေ သက်ရောက်လိမ့်မယ်။+
၂၆ အရှိကိုအရှိအတိုင်း ပြန်ပြောတဲ့သူကို လူတွေ နမ်းကြလိမ့်မယ်။*+
၂၇ အိမ်ပြင်ပအလုပ်ကို ပြင်ဆင်ပါ။ လယ်မှာလည်း အစစအရာရာ အသင့်ဖြစ်အောင် လုပ်ပါ။
ပြီးမှ အိမ်ကို* ဆောက်ပါ။
၂၈ အကြောင်းမခိုင်လုံဘဲ သူတစ်ပါးကို ဆန့်ကျင်ပြီး သက်သေ မထွက်ဆိုနဲ့။+
တခြားသူတွေကို ကိုယ့်နှုတ်နဲ့ မလှည့်စားနဲ့။+
၂၉ “သူလုပ်ခဲ့သလို ငါပြန်လုပ်မယ်။
သူ့လုပ်ရပ်အတွက် ငါလက်တုံ့ပြန်မယ်” လို့ မပြောနဲ့။+
၃၀ လူပျင်းရဲ့ လယ်နားကနေ၊ဆင်ခြင်ဉာဏ်မရှိသူရဲ့* စပျစ်ခြံနားကနေ ငါဖြတ်သွားတဲ့အခါ၊+
၃၁ ပေါင်းပင်တွေ တောထနေတာကို ငါတွေ့တယ်။
မြေတစ်ပြင်လုံး ဖက်ယားပင်တွေ ဖုံးလွှမ်းနေတဲ့အပြင်ကျောက်တံတိုင်းတွေလည်း ပြိုကျနေတယ်။+
၃၂ ဒါကို သတိထားမိတဲ့အခါ ငါနှလုံးသွင်းမိတယ်။
ဒါကိုမြင်ပြီး ရလိုက်တဲ့ သင်ခန်းစာကတော့–
၃၃ တစ်ရေးအိပ်နေတုန်း၊ ခဏလေးငိုက်နေတုန်း၊လက်ပိုက်ပြီး ခဏတစ်ဖြုတ် နားနေတုန်း၊
၃၄ ဆင်းရဲခြင်းဟာ ဓားပြလို မင်းဆီ ရောက်လာလိမ့်မယ်။
ချို့တဲ့ခြင်းကလည်း လက်နက်ကိုင်စစ်သည်လို ရောက်လာလိမ့်မယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “အိမ်ထောင်ကို။”
^ “တဲ့တိုးပြန်ပြောတာဟာ အနမ်းပေးတာနဲ့ တူတယ်” လည်းဖြစ်နိုင်။
^ ဒါမှမဟုတ်၊ “အိမ်ထောင်ကို။”
^ မူရင်း၊ “စိတ်နှလုံးမရှိသူရဲ့။”