ပညာအလိမ္မာ ၂၆:၁-၂၈

  • ပျင်းရိသူ (၁၃-၁၆)

  • မဆိုင်တဲ့ရန်ပွဲမှာ ဝင်မပါနဲ့ (၁၇)

  • အတည်ပေါက် နောက်ပြောင်တာကို ရှောင် (၁၈၊ ၁၉)

  • ထင်းမရှိရင် မီးမရှိ (၂၀၊ ၂၁)

  • အသရေဖျက်တဲ့စကားဟာ အရသာရှိတဲ့အစာနဲ့တူ (၂၂)

၂၆  နွေရာသီနဲ့ ဆီးနှင်း၊ ရိတ်သိမ်းချိန်နဲ့ ရွာသွန်းတဲ့မိုး မအပ်စပ်သလိုဂုဏ်သိက္ခာနဲ့ ဉာဏ်တိမ်တဲ့သူ မအပ်စပ်ဘူး။+  ၂  ငှက်ဟာ အကြောင်းရင်းမရှိဘဲ မပျံသန်းသလို၊ ပျံလွှားဟာ အကြောင်းရင်းမရှိဘဲ မပျံသလိုကျိန်ဆဲခြင်းကလည်း အကြောင်းရင်းမရှိဘဲ မရောက်လာဘူး။*  ၃  ကျာပွတ်ဟာ မြင်းအတွက်၊ ဇက်ကြိုးက မြည်းအတွက်၊+ကြိမ်လုံးကတော့ ဉာဏ်တိမ်သူတွေရဲ့ ကျောပြင်အတွက်ပဲ။+  ၄  မိုက်မဲသူကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်မဖြေနဲ့။ ဖြေရင် သူနဲ့ တစ်တန်းစားတည်း ဖြစ်သွားလိမ့်မယ်။  ၅  လူမိုက်ကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်ဖြေပါ။ မဖြေရင် သူ့ကိုယ်သူ ပညာရှိတယ်လို့ ထင်သွားလိမ့်မယ်။+  ၆  ကိစ္စတစ်ခုကို ဉာဏ်တိမ်တဲ့သူရဲ့လက်ထဲ အပ်လိုက်ရင်ကိုယ့်ခြေထောက်ကို မသန်စွမ်းအောင်လုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာနဲ့ တူတယ်။  ၇  ဉာဏ်တိမ်သူပြောတဲ့ စကားပုံဟာခြေမသန်သူရဲ့ ဆွံ့နေတဲ့ခြေထောက်နဲ့ တူတယ်။+  ၈  ဉာဏ်တိမ်သူကို ဂုဏ်တင်တာဟာလောက်လွှဲထဲမှာ ကျောက်ခဲချည်ထားတာနဲ့ တူတယ်။+  ၉  ဉာဏ်တိမ်တဲ့သူပြောတဲ့ စကားပုံဟာအရက်သမားလက်ထဲ ရောက်လာတဲ့ ဆူးပင်နဲ့ တူတယ်။ ၁၀  ဉာဏ်တိမ်တဲ့သူ ဒါမှမဟုတ် လမ်းသွားလမ်းလာတွေကို အလုပ်ခိုင်းဖို့ ငှားရမ်းတဲ့သူဟာတွေ့ကရာလူကို ပစ်ခတ်နေတဲ့ လေးသမားနဲ့ တူတယ်။ ၁၁  ခွေးက မိမိအန်ဖတ်ကို ပြန်စားသလိုဉာဏ်တိမ်တဲ့သူဟာ မိုက်မဲတဲ့အကျင့်ကို ပြန်ကျင့်တတ်တယ်။+ ၁၂  ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာရှိတယ်လို့ ထင်တဲ့သူကို တွေ့ဖူးသလား။+ သူလိုလူထက် ဉာဏ်တိမ်တဲ့သူက ပိုမျှော်လင့်ချက်ရှိတယ်။ ၁၃  လူပျင်းက “လမ်းပေါ်မှာ ခြင်္သေ့ရှိတယ်။ လူထုရင်ပြင်မှာ ခြင်္သေ့ရှိတယ်” လို့ ပြောတတ်တယ်။+ ၁၄  တံခါးက ဆုံလည်ပေါ်မှာ လည်နေသလိုလူပျင်းက အိပ်ရာပေါ်မှာ လူးလှိမ့်နေတတ်တယ်။+ ၁၅  လူပျင်းက ပန်းကန်လုံးထဲ လက်နှိုက်ပေမဲ့ပြန်ထုတ်ပြီး ပါးစပ်ထဲထည့်ရတာ ပင်ပန်းလိုက်တာလို့ ထင်တတ်တယ်။+ ၁၆  လူပျင်းက ချက်ကျကျဖြေနိုင်တဲ့ လူခုနစ်ယောက်ထက်ဉာဏ်ပညာပိုရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တတ်တယ်။ ၁၇  လမ်းသွားရင်း ကိုယ်နဲ့မဆိုင်တဲ့ ရန်ပွဲကြောင့် ဒေါသထွက်တဲ့သူဟာ*ခွေးနားရွက်ကို ဆွဲတဲ့သူနဲ့ တူတယ်။+ ၁၈  အရူးတစ်ယောက်က မီးမြားတွေ၊ သေစေနိုင်တဲ့မြားတွေကို ပစ်တယ်။ ၁၉  သူတစ်ပါးကို မလိမ့်တပတ်လုပ်ပြီးမှ “နောက်တာပါကွာ” လို့ ပြောတဲ့သူဟာ အဲဒီအရူးနဲ့ တူတယ်။+ ၂၀  ထင်းမရှိရင် မီးငြိမ်းသွားသလိုအသရေဖျက်သူမရှိရင် ငြင်းခုံရန်တွေ့တာတွေ ရပ်စဲသွားတယ်။+ ၂၁  မီးသွေးကြောင့် မီးကျီးခဲ လောင်နေသလို၊ ထင်းကြောင့် မီးတောက်နေသလိုအငြင်းသန်သူကြောင့် ရန်ပွဲဖြစ်တတ်တယ်။+ ၂၂  အသရေဖျက်သူရဲ့ စကားတွေဟာ အရသာရှိတဲ့အစာနဲ့ တူတယ်။ လူတွေ အငမ်းမရ မျိုချတတ်ကြတယ်။+ ၂၃  စိတ်ထားယုတ်မာနေလျက်နဲ့ မေတ္တာစကားပြောတာဟာအိုးခြမ်းကွဲကို ငွေရည်သုတ်ထားတာနဲ့ တူတယ်။+ ၂၄  သူတစ်ပါးကိုမုန်းတဲ့သူဟာ မုန်းတီးစိတ်ကို အပြောနဲ့ ဖုံးကွယ်ထားပေမဲ့ရင်ထဲမှာတော့ လှည့်စားဖို့ တေးထားတတ်တယ်။ ၂၅  ချိုချိုသာသာပြောနေပေမဲ့ သူ့ကို မယုံနဲ့။ သူ့စိတ်ထဲမှာ ရွံမုန်းစရာခုနစ်ခု ကိန်းအောင်းနေတယ်။* ၂၆  သူက လှည့်စားပြီး မုန်းတီးစိတ်ကို ဖုံးကွယ်ထားပေမဲ့သူ့ရဲ့ယုတ်မာမှုဟာ လူပုံအလယ်မှာ ဖော်ထုတ်ခံရလိမ့်မယ်။ ၂၇  တွင်းတူးတဲ့သူဟာ တွင်းထဲ ပြန်ကျမယ်။ ကျောက်ကို လှိမ့်တဲ့သူအပေါ် အဲဒီကျောက် ပြန်လိမ့်လာမယ်။+ ၂၈  လိမ်လည်တဲ့လျှာက မိမိကြောင့် နစ်နာရသူတွေကို မုန်းတယ်။ မြှောက်ပင့်တတ်တဲ့ နှုတ်ကလည်း ပျက်စီးစေတတ်တယ်။+

အောက်ခြေမှတ်ချက်များ

“ကျိန်စာဆိုတာ မခံထိုက်ရင် မခံရဘူး” လည်းဖြစ်နိုင်။
“ကိုယ်နဲ့မဆိုင်တဲ့ရန်ပွဲမှာ ဝင်စွက်သူဟာ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “သူ့စိတ်ဟာ လုံးဝ ရွံစရာပဲ။”