ပညာအလိမ္မာ ၂၉:၁-၂၇

  • မဆုံးမတဲ့ကလေး အရှက်ခွဲတတ် (၁၅)

  • ဘုရားလမ်းညွှန်မှု မရှိရင် စည်းလွတ်ဝါးလွတ်ဖြစ် (၁၈)

  • ဒေါသကြီးသူ ရန်တွေ့စေတတ် (၂၂)

  • စိတ်နှိမ့်ချသူ ဂုဏ်သရေရ (၂၃)

  • လူကိုကြောက်စိတ်ဟာ ကျော့ကွင်း (၂၅)

၂၉  အကြိမ်ကြိမ် ပဲ့ပြင်ခံရပေမဲ့ ခေါင်းမာမြဲ မာတဲ့သူဟာ*+နာလန်မထူနိုင်အောင် ရုတ်တရက် ပျက်စီးသွားလိမ့်မယ်။+  ၂  ဖြောင့်မတ်သူတွေ များလာတဲ့အခါ လူတွေ ဝမ်းမြောက်ကြတယ်။ လူဆိုးတွေ အုပ်ချုပ်တဲ့အခါမှာတော့ လူတွေ ညည်းတွားကြတယ်။+  ၃  ဉာဏ်ပညာကို ချစ်မြတ်နိုးသူဟာ  ဖခင်ကို ဝမ်းမြောက်စေတယ်။+ ပြည့်တန်ဆာတွေနဲ့ ပေါင်းဖော်သူကတော့ စည်းစိမ်တွေကို ဖြုန်းတီးပစ်တယ်။+  ၄  ဘုရင် တရားမျှတရင် တိုင်းပြည်တည်ငြိမ်တယ်။+ လာဘ်စားတဲ့သူကတော့ တိုင်းပြည်ကို ပျက်စီးစေတယ်။  ၅  အပေါင်းအဖော်ကို မြှောက်ပင့်တဲ့သူဟာအပေါင်းအဖော်ရဲ့ ခြေကို ကျော့မိအောင် ပိုက်ထောင်တဲ့သူပဲ။+  ၆  လူဆိုးက ကိုယ့်အမှားနဲ့ကိုယ် ကျော့ကွင်းမိတတ်တယ်။+ ဖြောင့်မတ်သူကတော့ ရွှင်လန်းစွာ ကြွေးကြော်ပြီး ဝမ်းမြောက်နေတယ်။+  ၇  ဖြောင့်မတ်သူက ဆင်းရဲသားရဲ့ ရပိုင်ခွင့်တွေကို အလေးထားတယ်။+ လူဆိုးကတော့ အလေးမထားဘူး။+  ၈  လူကြွားတွေက မြို့ထဲမှာ ဒေါသမီး တောက်စေတယ်။+ ဉာဏ်ပညာရှိသူတွေကတော့ ဒေါသကို ငြိမ်းစေတယ်။+  ၉  ဉာဏ်ပညာရှိသူနဲ့ မိုက်မဲသူ အချေအတင်ဖြစ်တဲ့အခါအော်ကြီးဟစ်ကျယ်ပြောတာ၊ လှောင်ပြောင်တာတွေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ပြေလည်မှာ မဟုတ်ဘူး။+ ၁၀  သွေးဆာတဲ့သူတွေဟာ အပြစ်မဲ့သူတွေကို မုန်းတယ်။+ စိတ်ရိုးဖြောင့်သူရဲ့ အသက်ကို သတ်ဖို့ ရှာကြံတတ်တယ်။* ၁၁  မိုက်မဲတဲ့သူက ခံစားရသမျှ အကုန် ထုတ်ဖော်တတ်တယ်။+ ဉာဏ်ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်တတ်တယ်။+ ၁၂  အုပ်စိုးရှင်က အလိမ်အညာစကားတွေကို အာရုံစိုက်တဲ့အခါအမှုထမ်းအားလုံး ဆိုးညစ်လာလိမ့်မယ်။+ ၁၃  ဆင်းရဲသားနဲ့ ဖိနှိပ်သူရဲ့ တူညီချက်ကတော့နှစ်ယောက်စလုံးကို ယေဟောဝါက မျက်စိအလင်းပေးတယ်ဆိုတဲ့ အချက်ပဲ။ ၁၄  ဘုရင်က နွမ်းပါးသူတွေကို မျှမျှတတ တရားစီရင်တဲ့အခါ+ရာဇပလ္လင်ဟာ တည်မြဲနေ လိမ့်မယ်။+ ၁၅  ပဲ့ပြင်မှုနဲ့ ကြိမ်လုံးက ဉာဏ်ပညာရစေတယ်။+ မဆုံးမဘဲလွှတ်ထားတဲ့ ကလေးကတော့ မိခင်ကို အရှက်ခွဲလိမ့်မယ်။ ၁၆  လူဆိုးတွေ များလာတဲ့အခါ ပြစ်မှားမှုတွေ များလာတယ်။ ဖြောင့်မတ်သူတွေကတော့ လူဆိုးတွေ ကျဆုံးတာကို မြင်ရလိမ့်မယ်။+ ၁၇  သားကို ဆုံးမပါ။ သူ့ကြောင့် စိတ်ချမ်းသာရလိမ့်မယ်။ နှစ်ထောင်းအားရ ဖြစ်လိမ့်မယ်။+ ၁၈  ဘုရားသခင့်လမ်းညွှန်မှု* မရှိရင် လူတွေ စည်းလွတ်ဝါးလွတ် ဖြစ်တတ်တယ်။+ ပညတ်စောင့်ထိန်းသူတွေကတော့ ပျော်ရွှင်ချမ်းမြေ့တယ်။+ ၁၉  ကျွန်ကို စကားနဲ့ပဲ ဆုံးမလို့ရမှာ မဟုတ်ဘူး။ သူက နားလည်ပေမဲ့ နာခံမှာ မဟုတ်ဘူး။+ ၂၀  စကားကို လွှတ်ခနဲပြောတတ်သူကို တွေ့ဖူးသလား။+ သူလိုလူထက် ဉာဏ်တိမ်တဲ့သူက ပိုမျှော်လင့်ချက်ရှိတယ်။+ ၂၁  ကျွန်ကို ငယ်ငယ်ကတည်းက အလိုလိုက်လွန်းရင်နောင်တစ်ချိန်မှာ ကျေးဇူးကန်းတတ်တယ်။ ၂၂  ဒေါသကြီးသူက ရန်တွေ့ဖို့ လှုံ့ဆော်တတ်တယ်။+ ဒေါသထွက်လွယ်သူက အမှားအများကြီး ကျူးလွန်တတ်တယ်။+ ၂၃  မာန်မာနက လူတစ်ယောက်ကို နှိမ့်ချပစ်လိမ့်မယ်။+ စိတ်နှိမ့်ချသူကတော့ ဂုဏ်သရေ ရလိမ့်မယ်။+ ၂၄  သူခိုးကြံရာပါဟာ ကိုယ့်ကိုယ်ကိုယ် မုန်းတဲ့သူပဲ။ သက်သေထွက်ဆိုပေးဖို့ တောင်းဆိုတဲ့စကားကို သူကြားပေမဲ့ ဘာသတင်းမှ မပေးတတ်ဘူး။+ ၂၅  လူကိုကြောက်တဲ့စိတ်ဟာ ကျော့ကွင်းပဲ။+ ယေဟောဝါကို ယုံကြည်ကိုးစားသူကတော့ ကာကွယ်ခံရလိမ့်မယ်။+ ၂၆  အုပ်စိုးရှင်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားသူတွေ* အများကြီးရှိတယ်။ ဒါပေမဲ့ တရားမျှတမှုကိုတော့ ယေဟောဝါဆီကပဲရတယ်။+ ၂၇  ဖြောင့်မတ်သူက မတရားတဲ့သူကို ရွံမုန်းတယ်။+ လူဆိုးကတော့ ဖြောင့်မှန်တဲ့လမ်းစဉ်လိုက်သူကို ရွံမုန်းတယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “လည်ပင်းခိုင်မာတဲ့သူဟာ။”
“စိတ်ရိုးဖြောင့်သူဟာ ကိုယ့်အသက်ကို ကာကွယ်တတ်တယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “စိတ်အာရုံ။”
“အုပ်စိုးရှင်ရဲ့ မျက်နှာသာ ရချင်သူတွေ” လည်းဖြစ်နိုင်။