ပညာအလိမ္မာ ၃၀:၁-၃၃

  • အာဂုရရဲ့ စကားများ (၁-၃၃)

    • ဆင်းရဲခြင်းဖြစ်စေ၊ ချမ်းသာခြင်းဖြစ်စေ မပေးပါနဲ့ ()

    • အလိုမပြည့်နိုင်တဲ့အရာများ (၁၅၊ ၁၆)

    • ခြေရာခံဖို့ခက်တဲ့အရာများ (၁၈၊ ၁၉)

    • ဖောက်ပြန်တဲ့မိန်းမ (၂၀)

    • ပင်ကိုအသိဉာဏ်ရှိတဲ့ တိရစ္ဆာန်များ (၂၄)

၃၀  ယာကေရဲ့သား  အာဂုရက အိသေလနဲ့ ဥကလကိုပြောတဲ့ အရေးကြီးစကား။  ၂  ငါဟာ လူတကာထက် အသိအမြင်နည်းတဲ့သူ၊+လူမှာရှိသင့်တဲ့ သိနားလည်နိုင်စွမ်း မရှိတဲ့သူပဲ။  ၃  ဉာဏ်ပညာ မဆည်းပူးခဲ့တဲ့သူ၊အသန့်ရှင်းဆုံးအရှင် ပိုင်ဆိုင်တဲ့ အသိပညာမျိုး မရှိတဲ့သူပဲ။  ၄  ကောင်းကင်ပေါ် တက်ဖူးတဲ့သူ၊ ပြန်ဆင်းလာတဲ့သူ ဘယ်သူရှိသလဲ။+ လေကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်ဖူးတဲ့သူ ဘယ်သူရှိသလဲ။ ရေကို အဝတ်နဲ့ထုပ်ဖူးတဲ့သူ ဘယ်သူရှိသလဲ။+ ကမ္ဘာမြေတစ်ခွင်လုံးကို ဘယ်သူတည်ခဲ့သလဲ။+ သူ့နာမည်၊ သူ့သားရဲ့နာမည်က ဘာလဲ။ သိရဲ့လား။  ၅  ဘုရားသခင်ရဲ့ နှုတ်ထွက်စကား မှန်သမျှဟာ သန့်စင်တယ်။+ ဘုရားဟာ ခိုလှုံသူတွေအတွက် ဒိုင်းလွှားပဲ။+  ၆  နှုတ်တော်ထွက်စကားတွေမှာ ဘာမှထပ်မဖြည့်နဲ့။+ ထပ်ဖြည့်ရင် ဘုရား ပြစ်တင်ဆုံးမလိမ့်မယ်။ မင်းလည်း လူလိမ်ဖြစ်သွားလိမ့်မယ်။  ၇  အို ဘုရားသခင်၊ ဆုနှစ်ခု တောင်းချင်ပါတယ်။ ကျွန်တော် မသေခင် အဲဒီဆုနှစ်ခုကို ပေးသနားပါ။  ၈  မမှန်တဲ့စကား၊ မုသာစကားတွေကို ကျွန်တော့်ဆီကနေ ဖယ်ရှားပေးပါ။+ ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးဘဲလိုအပ်သလောက် အစားအစာကိုပဲ ပေးသနားပါ။+  ၉  လိုတရဖြစ်နေရင် “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆိုပြီး ကိုယ်တော့်ကို ငြင်းပယ်မိမှာ စိုးလို့ပါ။+ ဆင်းရဲသွားရင်လည်း ခိုးဝှက်ပြီး နာမတော် ကဲ့ရဲ့စရာဖြစ်အောင် လုပ်မိမှာ စိုးလို့ပါ။ ၁၀  သခင့်ဆီမှာ ကျွန်ရဲ့အကြောင်းကို သွားပုပ်လေလွင့် မပြောနဲ့။ အဲဒီလိုပြောရင် ကိုယ်ပဲ ကျိန်ဆဲခံရလိမ့်မယ်။ ကိုယ့်အပြစ်ပဲ ဖြစ်လိမ့်မယ်။+ ၁၁  ဖခင်ကို ကျိန်ဆဲပြီးမိခင်ကို မလေးစားတဲ့ လူစားမျိုးရှိတယ်။+ ၁၂  ကိုယ့်ကိုယ်ကိုယ် စင်ကြယ်တယ်လို့ ထင်ပေမဲ့+အညစ်အကြေးတောင် မစင်သေးတဲ့ လူစားမျိုးရှိတယ်။ ၁၃  မောက်မာလွန်းတဲ့မျက်လုံးနဲ့+အထက်စီးက ကြည့်တတ်တဲ့ လူစားမျိုးရှိတယ်။ ၁၄  ဓားနဲ့တူတဲ့ သွားတွေ၊ဓားလိုမျိုး မေးရိုးတွေရှိတဲ့ လူစားမျိုးရှိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိမ့်ကျသူတွေ၊လူသားထုထဲက ဆင်းရဲသားတွေကို သူတို့ ဝါးမျိုတတ်တယ်။+ ၁၅  မျှော့တွေမှာ “ပေးပါ၊ ပေးပါ” လို့အော်နေတဲ့ သမီးနှစ်ကောင်ရှိတယ်။ အလိုမပြည့်ဝနိုင်တဲ့အရာက သုံးခုမကဘူး၊“တော်ပြီ” လို့ ဘယ်တော့မှ မပြောတဲ့အရာ လေးခုရှိတယ်။ ၁၆  အဲဒါတွေကတော့ သင်္ချိုင်း၊+ မြုံနေတဲ့မိန်းမ၊မိုးရေငတ်နေတဲ့မြေ၊“တော်ပြီ” လို့ မပြောတတ်တဲ့မီးပဲ။ ၁၇  ဖခင်ကို လှောင်ပြောင်တဲ့သူ၊ မိခင်ကို မနာခံဘဲ မထီလေးစား လုပ်တဲ့သူရဲ့ မျက်စိကို+ချိုင့်ဝှမ်းထဲက ကျီးနက်ကြီးတွေ ဖောက်ထုတ်ပစ်လိမ့်မယ်။ လင်းယုန်ပေါက်လေးတွေ စားပစ်လိမ့်မယ်။+ ၁၈  ငါ ဉာဏ်မမီတဲ့အရာ သုံးခုမက၊ငါနားမလည်တဲ့အရာ လေးခု ကတော့– ၁၉  ကောင်းကင်မှာ လင်းယုန်ပျံသန်းရာ လမ်းကြောင်း၊ကျောက်ပေါ်မှာ မြွေသွားရာ လမ်းကြောင်း၊ပင်လယ်ပြင်မှာ သင်္ဘောသွားရာ လမ်းကြောင်း၊မိန်းကလေးရဲ့ နှလုံးသားဆီ သွားတဲ့ ယောက်ျားလေးရဲ့ လမ်းကြောင်းတွေပဲ။ ၂၀  အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမရဲ့ လုပ်ပုံကတော့– အစာစားတယ်။ ပါးစပ်ကို သုတ်တယ်။ ပြီးတော့ “ငါ ဘာအမှားမှ မလုပ်ပါဘူး” လို့ပြောတတ်တယ်။+ ၂၁  ကမ္ဘာမြေကို သိမ့်သိမ့်တုန်စေတဲ့အရာ သုံးခုမက၊ကမ္ဘာမြေ သည်းမခံနိုင်တဲ့အရာ လေးခုကတော့– ၂၂  ဘုရင်ဖြစ်သွားတဲ့ ကျွန်၊+စားပိုးနင့်အောင်စားတဲ့ လူမိုက်၊ ၂၃  အမြင်ကတ်ဖို့ကောင်းပေမဲ့ လင်ရတဲ့မိန်းမ၊သခင်မနေရာကိုယူတဲ့  ကျွန်မပဲ။+ ၂၄  ကမ္ဘာမြေပေါ်မှာ အသေးငယ်ဆုံးဖြစ်ပေမဲ့ပင်ကိုအသိဉာဏ်ရှိတဲ့ တိရစ္ဆာန်လေးမျိုးကတော့–+ ၂၅  မသန်စွမ်းပေမဲ့နွေရာသီမှာ စားစရာစုဆောင်းတတ်တဲ့ ပုရွက်ဆိတ်၊+ ၂၆  ခွန်အားမကြီးပေမဲ့ကျောက်ဆောင်ထဲမှာ အိမ်လုပ်ပြီးနေတတ်တဲ့+ ယုန်၊*+ ၂၇  ဘုရင် မရှိပေမဲ့သူ့အုပ်စုနဲ့သူ ချီတက်တတ်တဲ့+ ကျိုင်းကောင်၊+ ၂၈  ခြေလက်တွေနဲ့ တွယ်ကပ်ပြီး နန်းတော်ထဲဝင်နေတဲ့ တောက်တဲ့ပဲ။+ ၂၉  ဣန္ဒြေအပြည့်နဲ့ လျှောက်တတ်တဲ့သတ္တဝါ သုံးမျိုးမက၊ဣန္ဒြေအပြည့်နဲ့ သွားလာတတ်တဲ့သတ္တဝါ လေးမျိုးကတော့– ၃၀  သားရဲတွေထဲမှာ ခွန်အားအကြီးဆုံးဖြစ်ပြီးဘယ်သူနဲ့တွေ့တွေ့ နောက်မဆုတ်တတ်တဲ့ ခြင်္သေ့၊+ ၃၁  အမဲလိုက်ခွေး၊ ဆိတ်ထီး၊တပ်မကြီးကို ဦးဆောင်လာတဲ့ ရှင်ဘုရင်ပဲ။ ၃၂  ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး မိုက်မိုက်မဲမဲ လုပ်မိရင်+ဒါမှမဟုတ် အဲဒီလိုလုပ်ဖို့ ကြံစည်နေရင်ပါးစပ်ကို လက်နဲ့ပိတ်ထား လိုက်ပါ။+ ၃၃  နို့ကိုမွှေရင် ထောပတ်ထွက်လာသလို၊နှာခေါင်းကိုညှစ်ရင် သွေးထွက်လာသလို၊ဒေါသကိုဆွရင် ငြင်းခုံရန်တွေ့မှုတွေ ဖြစ်တတ်တယ်။+

အောက်ခြေမှတ်ချက်များ

ကျောက်ဆောင်မှာနေတဲ့ ယုန်နဲ့တူတဲ့ အကောင်တစ်မျိုး။