ပညာအလိမ္မာ ၃၁:၁-၃၁

  • လေမွေလမင်းကြီးရဲ့စကား (၁-၃၁)

    • လုပ်ရည်ကိုင်ရည်ရှိတဲ့ဇနီးကို ဘယ်သူရှာတွေ့နိုင် (၁၀)

    • ဝီရိယရှိပြီး အလုပ်ကြိုးစား (၁၇)

    • သူ့လျှာမှာ အကြင်နာတရားရှိ (၂၆)

    • သားသမီးနဲ့ခင်ပွန်း ချီးမွမ်း (၂၈)

    • ဆွဲဆောင်မှုရှိခြင်း၊ လှပခြင်း တာရှည်မခံ (၃၀)

၃၁  လေမွေလမင်းကြီးရဲ့စကား။ မယ်တော်သွန်သင်ပေးတဲ့ အရေးကြီးစကား–+  ၂  ငါ့သား၊ မင်းကို ဘယ်လိုပြောရင် ကောင်းမလဲ။ ငါ့ရင်သွေး၊ မယ်တော် ဘယ်လိုပြောရမလဲ။ သစ္စာကတိပြုပြီးရခဲ့တဲ့ သားရယ်၊ ဘယ်လိုပြောရပါ့မလဲ။+  ၃  ကိုယ့်ရဲ့အားမာန်ကို မိန်းမတွေဆီ မပေးလိုက်ပါနဲ့။+ ဘုရင်တွေကိုဖျက်ဆီးတဲ့ လမ်းစဉ်တွေနောက် မလိုက်ပါနဲ့။+  ၄  အို လေမွေလ၊ရှင်ဘုရင်မှန်ရင် စပျစ်ဝိုင် မသောက်ရဘူး။ အုပ်စိုးရှင်တွေကလည်း “အရက် ဘယ်မှာလဲ” လို့ မမေးရဘူး။+  ၅  အဲဒီလိုသာသောက်နေရင် တရားဥပဒေကို မေ့လျော့ပြီးနိမ့်ကျသူတွေရဲ့ ရပိုင်ခွင့်ကို လျစ်လျူရှုတတ်တယ်။  ၆  သေဆုံးတော့မယ့်သူကို အရက်ပေးလိုက်ပါ။+ စိတ်ဆင်းရဲနေသူကို စပျစ်ဝိုင်ပေးလိုက်ပါ။+  ၇  သူတို့ သောက်ပါစေ။ ဆင်းရဲမွဲတေနေတဲ့အဖြစ်ကို မေ့သွားပါစေ။ ဒုက္ခတွေကို မေ့ပျောက်သွားပါစေ။  ၈  ခုခံပြောဆိုနိုင်စွမ်း မရှိသူတွေကိုယ်စား ပြောဆိုပေးပါ။ သေဆုံးတော့မယ့်သူတွေရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။+  ၉  အခိုင်အမာပြောဆိုပြီး ဖြောင့်မတ်စွာ တရားစီရင်ပါ။ နိမ့်ကျသူတွေ၊ ဆင်းရဲသားတွေရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။+ א ၁၀  လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးကို ဘယ်သူ ရှာတွေ့နိုင်သလဲ။+ သူဟာ သန္တာကျောက်ထက်* အဖိုးတန်တယ်။ ב ၁၁  ခင်ပွန်းက သူ့ကို အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။ လိုလေသေးမရှိ ပြည့်စုံနေတယ်။ ג ၁၂  သူဟာ ခင်ပွန်းကို တစ်သက်လုံး ကောင်းကျိုးပြုတယ်။ ခင်ပွန်းအကျိုးပျက်အောင် ဘာမှမလုပ်ဘူး။ ד ၁၃  သိုးမွေးနဲ့ ချည်ချောကို သူ ရအောင်ရှာတယ်။ ကိုယ့်လက်နဲ့ လုပ်ကိုင်ရတာကို နှစ်သက်တယ်။+ ה ၁၄  သူဟာ ကုန်သင်္ဘောတွေနဲ့ တူတယ်။+ အစားအစာကို ရပ်ဝေးကနေ ယူဆောင်လာတတ်တယ်။ ו ၁၅  မိုးမလင်းခင် ထပြီးအိမ်သူအိမ်သားတွေအတွက် စားစရာ ပြင်ဆင်တတ်တယ်။ ကျွန်မတွေအတွက် စားစရာစီစဉ်ပြီး အလုပ်တွေ စီမံခန့်ခွဲပေးတယ်။+ ז ၁၆  သူက အသေအချာ စဉ်းစားပြီး လယ်ကွက်ကို ဝယ်တယ်။ သူ့လုပ်အားနဲ့ စပျစ်ခြံစိုက်တယ်။ ח ၁၇  ပင်ပန်းတဲ့အလုပ်တွေ လုပ်ဖို့ အသင့်ရှိတယ်။+ လက်ကြောတင်းတင်း လုပ်ကိုင်တတ်တယ်။ ט ၁၈  သူ့ရဲ့အရောင်းအဝယ်ကြောင့် အကျိုးအမြတ်ရမှန်း သူသိတယ်။ သူ့မီးခွက်ဟာ ညဘက်မှာလည်း မငြိမ်းဘူး။ י ၁၉  ချည်ရစ်တံနဲ့ ဗိုင်းလိပ်တံကို ကိုင်ပြီးသူချည်ငင်တတ်တယ်။+ כ ၂၀  နိမ့်ကျသူဆီ လက်ကမ်းပေးတယ်။ နွမ်းပါးသူဆီ လက်လှမ်းပေးတယ်။+ ל ၂၁  နှင်းကျလာတဲ့အခါ အိမ်သူအိမ်သားတွေအတွက် စိုးရိမ်နေစရာ မလိုဘူး။ တစ်အိမ်သားလုံး အနွေးထည် ဝတ်ဆင်ထားတယ်။ מ ၂၂  အိပ်ရာဖုံးတွေကို သူကိုယ်တိုင် ရက်လုပ်တယ်။ ချည်ချောထည်နဲ့ ခရမ်းရောင်သိုးမွေးကို ဝတ်ဆင်တယ်။ נ ၂၃  သူ့ခင်ပွန်းဟာ ပြည်မှာရှိတဲ့ အကြီးအကဲတွေနဲ့အတူမြို့တံခါးတွေမှာ ထိုင်တဲ့အခါ လူသိများတဲ့သူ ဖြစ်တယ်။+ ס ၂၄  သူက ချည်ချောထည်တွေ ရက်လုပ်ပြီး ရောင်းတယ်။ ခါးစည်းကြိုးတွေကိုလည်း ကုန်သည်တွေဆီ သွင်းတယ်။ ע ၂၅  ခွန်အားနဲ့ ဂုဏ်ကျက်သရေကို သူဝတ်ဆင်တယ်။ အနာဂတ်ကို ယုံကြည်မှုရှိရှိ မျှော်ကြည့်တယ်။ פ ၂၆  သူ့နှုတ်က ဉာဏ်ပညာစကားကို ပြောတယ်။+ သူ့လျှာမှာ အကြင်နာတရားရှိတယ်။ צ ၂၇  အိမ်သူအိမ်သားတွေရဲ့ ကိစ္စအဝဝကိုဂရုတစိုက် ကြည့်ရှုတတ်တယ်။ ပျင်းရိခြင်း လုံးဝမရှိဘူး။+ ק ၂၈  သားသမီးတွေက ထရပ်ပြီး သူ့ကို ချီးမွမ်းကြတယ်။ ခင်ပွန်းကလည်း ထရပ်ပြီး၊ ר ၂၉  “လုပ်ရည်ကိုင်ရည်ရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိပေမဲ့ငါ့မိန်းမကတော့ အတော်ဆုံးပါပဲ” လို့ချီးမွမ်းတတ်တယ်။ ש ၃၀  ဆွဲဆောင်မှုရှိတာဟာ လှည့်စားတတ်တယ်။ အလှအပကလည်း တာရှည်မခံဘူး။+ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့ မိန်းမကတော့ ချီးမွမ်းခံရလိမ့်မယ်။+ ת ၃၁  သူ့လုပ်ရပ်အတွက် ဆုချကြပါ။+ သူ့လုပ်ဆောင်မှုတွေကြောင့် မြို့တံခါးတွေမှာ သူ့ကို ချီးမွမ်းကြပါစေ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။