ပညာအလိမ္မာ ၄:၁-၂၇
၄ ငါ့သားတို့၊ ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။+
သိနားလည်နိုင်စွမ်းရဖို့ အာရုံစိုက်ပါ။
၂ မင်းတို့ကို ငါကောင်းကောင်း သင်ကြားပေးမယ်။
ငါသွန်သင်ပေးတာကို မပစ်ပယ်နဲ့။+
၃ ငါဟာ အဖေ့ရဲ့ သားလိမ္မာ၊+အမေ့ရဲ့ အချစ်ဆုံးသားပဲ။+
၄ ငါ့ကို အဖေသွန်သင်ပေးတာက– “ငါ့စကားတွေ မင်းရဲ့စိတ်ထဲမှာ စွဲမြဲနေပါစေ။+
ငါ့ပညတ်ချက်တွေကို စောင့်ထိန်းရင်းနဲ့ အသက်ဆက်ရှင်ပါ။+
၅ ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ။+
ငါပြောတဲ့စကားတွေကို မမေ့နဲ့၊ လမ်းလွဲမသွားနဲ့။
၆ ဉာဏ်ပညာကို မပစ်ပယ်နဲ့။ မင်းကို ကာကွယ်ပေးလိမ့်မယ်။
ဉာဏ်ပညာကို ချစ်မြတ်နိုးပါ။ မင်းကို စောင့်ရှောက်လိမ့်မယ်။
၇ ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ။+ ဒါကြောင့် ဉာဏ်ပညာကို ဆည်းပူးပါ။
ဆည်းပူးနိုင်သမျှထဲမှာ သိနားလည်နိုင်စွမ်းကိုလည်း မပျက်မကွက် ဆည်းပူးပါ။+
၈ ဉာဏ်ပညာကို အလွန်တန်ဖိုးထားပါ။ မင်းကို ချီးမြှောက်လိမ့်မယ်။+
ဉာဏ်ပညာကို ပိုက်ဖက်ထားတဲ့အတွက် မင်းကို ဂုဏ်တင်လိမ့်မယ်။+
၉ ဉာဏ်ပညာက မင်းရဲ့ခေါင်းမှာ တင့်တယ်တဲ့ပန်းဦးရစ် တင်ပေးလိမ့်မယ်။
လှပတဲ့သရဖူ ဆောင်းပေးလိမ့်မယ်။”
၁၀ ငါ့သား၊ နားထောင်ပါ။ ငါ့စကားတွေကို လက်ခံပါ။
အဲဒါဆိုရင် မင်းအသက်ရှင်ရမယ့်နှစ်တွေ တာရှည်လိမ့်မယ်။+
၁၁ မင်းကို ဉာဏ်ပညာလမ်းမှာ ငါလမ်းညွှန်ပေးမယ်။+
ဖြောင့်မှန်တဲ့လမ်းအတိုင်း ဦးဆောင်ခေါ်သွားမယ်။+
၁၂ မင်း လမ်းလျှောက်တဲ့အခါ ခြေလှမ်းတွေ တားဆီးခံရမှာ မဟုတ်ဘူး။
မင်းပြေးတဲ့အခါ တိုက်မိလဲမှာ မဟုတ်ဘူး။
၁၃ ဆုံးမမှုကို ကိုင်စွဲထားပါ။ မလွှတ်လိုက်နဲ့။+
ထိန်းသိမ်းထားပါ။ ဆုံးမမှုဟာ အသက်ရှင်စေနိုင်လို့ပဲ။+
၁၄ လူဆိုးတွေရဲ့လမ်းထဲ မဝင်နဲ့။
လူယုတ်မာတွေရဲ့လမ်းထဲ မလျှောက်နဲ့။+
၁၅ သူတို့လမ်းကို ရှောင်ရှားပါ။ အဲဒီအတိုင်း မသွားနဲ့။+
သူတို့လမ်းကို ရှောင်သွားလိုက်ပါ။+
၁၆ သူတို့က မကောင်းတာမလုပ်ရရင် အိပ်မပျော်နိုင်ဘူး။
တစ်ယောက်ယောက်ကို လဲကျအောင် မလုပ်ရရင် မအိပ်စက်နိုင်ဘူး။
၁၇ ဒုစရိုက်မုန့်ကို စားပြီးအကြမ်းဖက်မှုစပျစ်ဝိုင်ကို သောက်တယ်။
၁၈ ဖြောင့်မတ်သူတွေရဲ့ လမ်းကတော့ မွန်းတည့်ချိန်ရောက်တဲ့အထိလင်းသည်ထက်လင်းလာတဲ့ အရုဏ်ဦးအလင်းရောင်နဲ့ တူတယ်။+
၁၉ လူဆိုးတွေရဲ့လမ်းဟာ မှောင်မိုက်နဲ့တူတဲ့အတွက်ဘာကိုတိုက်မိလို့ လဲသွားမှန်း သူတို့မသိကြဘူး။
၂၀ ငါ့သား၊ ငါ့စကားတွေကို အာရုံစိုက်ပါ။
ငါပြောတဲ့စကားတွေကို အသေအချာ နားထောင်ပါ။
၂၁ အဲဒီစကားတွေကို မျက်ခြည်မပြတ်စေနဲ့။
ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲစေပါ။+
၂၂ အဲဒီစကားတွေဟာ ရှာတွေ့သူတွေအတွက် အသက်ပဲ။+
တစ်ကိုယ်လုံးကို ကျန်းမာစေတတ်တယ်။
၂၃ အသက်ဟာ စိတ်နှလုံးမှာ တည်မှီနေလို့အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ။+
၂၄ ကောက်ကျစ်တဲ့စကားတွေကို ကိုယ့်ဆီကနေ ဖယ်ရှားပါ။+
စဉ်းလဲတဲ့စကားတွေကို ဝေးဝေးရှောင်ပါ။
၂၅ ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။
ရှေ့တည့်တည့်ကိုပဲ စူးစိုက် ကြည့်ပါ။+
၂၆ ကိုယ်သွားမယ့်လမ်းကို ချောမွေ့စေပါ။*+
မင်းရဲ့လမ်းတွေဟာ လုံခြုံစိတ်ချရလိမ့်မယ်။
၂၇ ဘယ်ညာ မလွဲသွားပါနဲ့။+
မကောင်းတဲ့လမ်းကို ရှောင်ရှားပါ။
အောက်ခြေမှတ်ချက်များ
^ “ဂရုတစိုက် ဆင်ခြင်သုံးသပ်ပါ” လည်းဖြစ်နိုင်။