ပညာအလိမ္မာ ၇:၁-၂၇

  • ဘုရားရဲ့မိန့်မှာချက်တွေကို လိုက်နာပြီး အသက်ရှင်ပါ (၁-၅)

  • နုံအတဲ့လူငယ် သွေးဆောင်ခံရ (၆-၂၇)

    • “အသတ်ခံဖို့ လိုက်သွားတဲ့ နွားထီးလို” (၂၂)

 ငါ့သား၊ ငါ့စကားတွေကို လိုက်နာပါ။ ငါ့ပညတ်ချက်တွေကို တန်ဖိုးထားပါ။*+  ၂  ငါ့ပညတ်ချက်တွေကို လိုက်နာပြီး အသက်ရှင်ပါ။+ ငါ့သွန်သင်ချက်ကို ကိုယ့်မျက်ဆန်လို ကာကွယ်စောင့်ရှောက်ပါ။  ၃  အဲဒါတွေကို လက်ချောင်းတွေမှာ ချည်ထားပါ။ နှလုံးသားပေါ်မှာ ရေးထားပါ။+  ၄  ဉာဏ်ပညာကို “ငါ့အစ်မ” လို့ပြောပါ။ သိနားလည်နိုင်စွမ်းကို “ငါ့ဆွေမျိုး” လို့ခေါ်ပါ။  ၅  အဲဒါတွေက ထင်ရာစိုင်းတဲ့* မိန်းမရဲ့ ရန်ကနေ၊+ မိန်းမပျက်* ပြောတဲ့ မြှူဆွယ်စကားတွေရဲ့ ရန်ကနေ မင်းကို ကာကွယ်ပေးလိမ့်မယ်။+  ၆  အိမ်ပြတင်းပေါက်ရဲ့ မှန်ကူကွက်ကြားကနေငါ လှမ်းကြည့်နေတယ်။  ၇  နုံအတဲ့သူတွေကို အကဲခတ်ကြည့်နေတုန်းဆင်ခြင်ဉာဏ်မရှိတဲ့* လူငယ်တစ်ယောက်ကို သတိထားမိတယ်။+  ၈  သူက အဲဒီမိန်းမရဲ့ အိမ်နားက လမ်းထောင့်ကို လျှောက်လာပြီးအဲဒီအိမ်ဘက်ကို ဦးတည်သွားတော့တယ်။  ၉  အချိန်ကတော့ မှောင်စပျိုးတဲ့ နေဝင်ရီတရော၊ညနေစောင်းမှာပေါ့။+ ၁၀  ပြည့်တန်ဆာလို ဝတ်ဆင်ထားတဲ့+ စဉ်းလဲတဲ့မိန်းမတစ်ယောက်သူ့ကို ထွက်ကြိုတာကို ငါတွေ့လိုက်တယ်။ ၁၁  အဲဒီမိန်းမဟာ အသံကျယ်တယ်။ ကလန်ကဆန် လုပ်တတ်တယ်။+ ဘယ်တော့မှ အိမ်မကပ်ဘူး။ ၁၂  တော်ကြာ အပြင်ထွက်လိုက်၊ တော်ကြာ လူထုရင်ပြင်သွားလိုက်နဲ့လမ်းဆုံလမ်းခွတွေမှာ ချောင်းနေတတ်တယ်။+ ၁၃  သူက အဲဒီလူငယ်ကို ဆွဲဖက်ပြီး နမ်းလိုက်တယ်။ ပြီးတော့ ရဲတင်းတဲ့မျက်နှာထားနဲ့ ပြောလိုက်တာက– ၁၄  “မိတ်သဟာယ ပူဇော်သက္ကာတွေကို ဆက်သပြီးပြီ။+ ဒီနေ့ပဲ သစ္စာကတိအတိုင်း လုပ်ဆောင်ပြီးပြီ။ ၁၅  ဒါကြောင့် မင်းကိုတွေ့ချင်လို့ ထွက်ရှာနေတာ။ အခုတော့ တွေ့ပြီ။ ၁၆  အီဂျစ်ပြည်ထွက် ရောင်စုံချည်ချောထည်တွေနဲ့အိပ်ရာကို ခင်းထားတယ်။+ ၁၇  မုရန်၊* အကျော်၊ သစ်ကြံပိုးရနံ့တွေ ဖျန်းထားတယ်။+ ၁၈  လာပါ။ မိုးလင်းတဲ့အထိ ချစ်တင်းနှောကြစို့။ ချစ်ပွဲဝင်ကြစို့။ ၁၉  ယောက်ျားကလည်း အိမ်မှာမရှိဘူး။ ခရီးဝေး သွားနေတယ်။ ၂၀  ငွေအိတ်ကို ယူသွားတယ်လေ။ လပြည့်နေ့အထိ သူပြန်လာမှာ မဟုတ်ဘူး။” ၂၁  အဲဒီမိန်းမက မာယာသုံးပြီး လူငယ်ကို သွေးဆောင်တယ်။+ ချွဲနွဲ့ ပြီး မြှူဆွယ်တယ်။ ၂၂  လူငယ်လေးက အသတ်ခံဖို့ လိုက်သွားတဲ့ နွားထီးလို ကောက်ကောက်ပါအောင် လိုက်သွားတော့တယ်။ ထိတ်တုံးခတ်ခံရတဲ့ လူမိုက်လိုပါပဲ။+ ၂၃  ထောင်ချောက်ထဲ ပြေးဝင်တဲ့ ငှက်လို အသက်ဆုံးရှုံးရမယ်မှန်း သူ မသိဘူး။ နောက်ဆုံးတော့ အသည်းကို မြားစိုက်ပြီး ဇာတ်သိမ်းသွားတယ်။+ ၂၄  ငါ့သားတို့၊ ငါပြောတာကို နားထောင်ကြ။ ငါ့စကားကို အာရုံစိုက်ကြ။ ၂၅  အဲဒီမိန်းမရဲ့ လမ်းတွေဘက် စိတ်မယိုင်ပါနဲ့။ သူ့ရဲ့လမ်းတွေနား ယောင်လည်လည် သွားလုပ်မနေနဲ့။+ ၂၆  သူ့ကြောင့် လူအများကြီး သေကျေခဲ့ရပြီ။+ သူသတ်ခဲ့တဲ့လူတွေ တစ်ပုံကြီးပဲ။+ ၂၇  သူ့အိမ်က သင်္ချိုင်းကို ပို့ဆောင်တယ်။ သေခြင်းအတွင်းခန်းတွေဆီ ဆင်းသွားတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဆည်းပူးပါ။”
မူရင်း၊ “သူစိမ်း။” ပ ၂:၁၆ ကိုကြည့်။
မူရင်း၊ “တိုင်းတစ်ပါးသူ။” ပ ၂:၁၆ ကိုကြည့်။
မူရင်း၊ “စိတ်နှလုံး မရှိတဲ့။”
ခက်ဆစ်ကိုကြည့်။