ပညာအလိမ္မာ ၈:၁-၃၆
၈ ဉာဏ်ပညာက အော်ခေါ်နေတယ်။
ပိုင်းခြားသိမြင်နိုင်စွမ်းက ကြွေးကြော်နေတယ်။+
၂ ဉာဏ်ပညာက လမ်းတစ်လျှောက်မှာရှိတဲ့ မြင့်တဲ့နေရာတွေမှာ၊+လမ်းဆုံလမ်းခွတွေမှာ နေရာယူထားတယ်။
၃ ဉာဏ်ပညာက မြို့တံခါးတွေနားမှာ၊ဝင်ပေါက်တံခါးကြီးတွေမှာကြွေးကြော်နေတယ်–+
၄ “အို လူတို့၊ မင်းတို့ကို ငါ အော်ခေါ်နေတယ်။
လူတိုင်းကြားအောင် ငါ အော်ပြောနေတယ်။
၅ အတွေ့အကြုံမရှိသူတို့၊ အမြော်အမြင်ရှိဖို့ သင်ယူပါ။+
လူမိုက်တို့၊ သိနားလည်နိုင်စွမ်းရှိတဲ့ စိတ်နှလုံးကို ရယူပါ။
၆ နားထောင်ကြ။ ငါပြောတဲ့စကားဟာ အရေးကြီးတယ်။
ငါ့နှုတ်က မှန်ရာကို ပြောတယ်။
၇ မှန်သောစကားကို တိုးတိုးလေးပြောတယ်။
မုသားစကားကို ငါရွံမုန်းတယ်။
၈ ငါ့နှုတ်ကထွက်သမျှ စကားတွေဟာ ဖြောင့်မတ်တယ်။
လိမ်လည်လှည့်စားတာ၊ ကောက်ကျစ်တာ လုံးဝမပါဘူး။
၉ အဲဒီစကားတွေက ပိုင်းခြားသိမြင်တတ်သူအတွက် ရိုးရှင်းတယ်။
အသိပညာ ရှာတွေ့သူတွေအတွက် မှန်ကန်တယ်။
၁၀ ငွေအစား ငါ့ရဲ့ဆုံးမစကားကို ရွေးချယ်ပါ။
ရွှေစင်အစား အသိပညာကို ရွေးချယ်ပါ။+
၁၁ ဉာဏ်ပညာဟာ သန္တာကျောက်ထက်* သာတယ်။
လိုချင်သမျှထဲမှာ ဉာဏ်ပညာနဲ့ယှဉ်နိုင်တာ တစ်ခုမှမရှိဘူး။
၁၂ ဉာဏ်ပညာဆိုတဲ့ ငါဟာ အမြော်အမြင်ရှိခြင်းနဲ့အတူ နေထိုင်တယ်။
အသိပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ငါပိုင်ဆိုင်တယ်။+
၁၃ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဆိုတာ မကောင်းမှုကို မုန်းတီးခြင်းပဲ။+
ကိုယ့်ဂုဏ်ကိုယ်ဖော်တာ၊ မာနကြီးတာ၊+ ဒုစရိုက်လမ်းစဉ် လိုက်တာ၊ မဟုတ်မမှန် ပြောဆိုတာကို ငါမုန်းတယ်။+
၁၄ အကြံဉာဏ်ကောင်းနဲ့ လက်တွေ့ကျဉာဏ်ပညာကို ငါပိုင်ဆိုင်တယ်။+
သိနားလည်မှုနဲ့+ အစွမ်းတန်ခိုးဟာ+ ငါ့ဥစ္စာပဲ။
၁၅ ငါ့အားကိုးနဲ့ ဘုရင်တွေ အုပ်စိုးတယ်။
မင်းအရာရှိတွေလည်း ဖြောင့်မတ်တဲ့အမိန့်ကို ချမှတ်တယ်။+
၁၆ ငါ့အားကိုးနဲ့ မင်းညီမင်းသားတွေ အုပ်ချုပ်တယ်။
မှူးမတ်တွေလည်း ဖြောင့်မတ်စွာ တရားစီရင်တယ်။
၁၇ ငါ့ကို နှစ်သက်မြတ်နိုးသူတွေကို ငါနှစ်သက်မြတ်နိုးတယ်။
ငါ့ကိုရှာတဲ့သူတွေ ငါ့ကိုတွေ့လိမ့်မယ်။+
၁၈ စည်းစိမ်၊ ဂုဏ်ကျက်သရေ၊တည်မြဲတဲ့ကြွယ်ဝမှုနဲ့ ဖြောင့်မတ်မှုက ငါနဲ့အတူရှိတယ်။
၁၉ ငါ့ဆီကရမယ့် အကျိုးကျေးဇူးတွေဟာ ရွှေထက်မက ရွှေစင်ထက်တောင် ပိုသာတယ်။
ငါပေးမယ့်အရာတွေဟာ ငွေစင်ထက်တောင် ပိုသာတယ်။+
၂၀ ဖြောင့်မတ်တဲ့လမ်းမှာ၊တရားမျှတတဲ့ လမ်းတွေအလယ်မှာ ငါလျှောက်တယ်။
၂၁ ငါ့ကို နှစ်သက်မြတ်နိုးသူတွေကို တန်ဖိုးကြီးတဲ့အမွေ ငါပေးတယ်။
သူတို့ရဲ့သိုလှောင်ရုံတွေကို ပြည့်စေတယ်။
၂၂ ယေဟောဝါက ငါ့ကိုဖြစ်ပေါ်စေခဲ့တယ်။
ဘုရား ဖန်ဆင်းရာတွေထဲမှာ ငါဟာ ဦးဆုံးပဲ။+
ဟိုးအချိန်က ဘုရားပြီးမြောက်ခဲ့ရာတွေထဲမှာ ငါဟာ အဦးအဖျားပဲ။+
၂၃ ရှေးကတည်းက၊ အစအဦးကတည်းက၊+ကမ္ဘာမြေ မတည်ရှိခင်ကတည်းက ငါ့ကို တည်ရှိစေခဲ့တယ်။+
၂၄ နက်ရှိုင်းတဲ့ရေထု မရှိခင်ကတည်းက၊+စီးဆင်းတဲ့စမ်းချောင်းတွေ မရှိခင်ကတည်းက ငါ့ကိုမွေးထုတ်ခဲ့တယ်။
၂၅ တောင်တန်းတောင်ကုန်းတွေကို ဘုရား နေရာမချခင်ကတည်းက၊
၂၆ ကမ္ဘာမြေနဲ့ လယ်ကွင်းတွေ၊ ဦးဆုံး မြေစိုင်မြေခဲတွေကို မဖန်ဆင်းခင်ကတည်းကငါ့ကို မွေးထုတ်ခဲ့တယ်။
၂၇ ကောင်းကင်ကို ဘုရားပြင်ဆင်တဲ့အခါ+ ငါရှိနေခဲ့တယ်။
ရေပြင်ပေါ် မိုးကုပ်စက်ဝိုင်းကို သတ်မှတ်တဲ့အခါ၊+
၂၈ အထက်မိုးတိမ်တွေကို တည်စေတဲ့အခါ၊နက်ရှိုင်းတဲ့ ရေထုကြီးကို တည်မြဲစေတဲ့အခါ၊
၂၉ ကန့်သတ်ထားတာထက် ကျော်လွန်ပြီး မလာဖို့ပင်လယ်ရေကို ဘုရားမိန့်မှာတဲ့အခါ၊+ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို တည်တဲ့အခါ၊
၃၀ ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ငါရှိနေခဲ့တယ်။+
ဘုရားက ငါ့ကို တစ်နေ့ထက် တစ်နေ့ ချစ်မြတ်နိုးလာတယ်။+
ရှေ့တော်မှာ ငါအမြဲဝမ်းမြောက်နေတယ်။+
၃၁ လူနေထိုင်ရာ ကမ္ဘာမြေကို ကြည့်ပြီး ငါဝမ်းမြောက်တယ်။
လူသားတွေကို ငါသိပ်ချစ်မြတ်နိုးတယ်။
၃၂ ငါ့သားတို့၊ အခု ငါပြောတာကို နားထောင်ကြ။
ငါ့လမ်းစဉ်တွေအတိုင်း လိုက်နာသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၃၃ ဆုံးမစကားကို နားထောင်ပါ။+ ဉာဏ်ပညာရှိပါ။
ဘယ်တော့မှ လျစ်လျူမရှုနဲ့။
၃၄ ငါပြောတာကို နားထောင်ဖို့နေ့တိုင်း ငါ့တံခါးပေါက်ဆီ စောစောလာပြီးတံခါးဘေးမှာ စောင့်ဆိုင်းတတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၃၅ ငါ့ကို ရှာတွေ့တဲ့သူဟာ အသက်ကို တွေ့လိမ့်မယ်။+
ယေဟောဝါရဲ့ မျက်နှာသာကို ရလိမ့်မယ်။
၃၆ ငါ့ကို မသိကျိုးကျွန်လုပ်တဲ့သူကတော့ ကိုယ့်အကျိုးနစ်နာအောင် လုပ်တဲ့သူပဲ။
ငါ့ကိုမုန်းတဲ့သူတွေဟာ သေခြင်းကို နှစ်သက်တဲ့သူတွေပဲ။”+