ပညာအလိမ္မာ ၉:၁-၁၈

  • စစ်မှန်တဲ့ဉာဏ်ပညာ ဖိတ်ခေါ် (၁-၁၂)

    • “မင်းရဲ့နေ့တွေ တိုးများလိမ့်မယ်” (၁၁)

  • မိုက်မဲတဲ့မိန်းမ ခေါ် (၁၃-၁၈)

    • “ခိုးသောက်ရတဲ့ရေဟာ ချိုတယ်” (၁၇)

 စစ်မှန်တဲ့ဉာဏ်ပညာက အိမ်ကိုဆောက်တယ်။ တိုင်ခုနစ်တိုင်ကို စိုက်ထူတယ်။  ၂  အသားတွေကို ကောင်းကောင်းပြင်ဆင်ပြီးစပျစ်ဝိုင်ကို ရောစပ်ထားတယ်။ စားပွဲကိုလည်း ခင်းကျင်းထားတယ်။  ၃  ကျွန်မတွေကို လွှတ်ပြီးမြို့ရဲ့ မြင့်တဲ့နေရာတွေကနေ+  ၄  “အတွေ့အကြုံမရှိသူတို့၊ ဒီကိုလာကြ” လို့ အော်ပြောခိုင်းတယ်။ ဆင်ခြင်ဉာဏ်မရှိသူတွေ* ကိုလည်း  ၅  “လာကြ။ ငါပြင်ဆင်ထားတဲ့ အစားအစာကို လာစားကြ။ ငါရောစပ်ထားတဲ့ စပျစ်ဝိုင်ကို သောက်ကြ။  ၆  မင်းတို့ရဲ့ အတွေ့အကြုံ မရှိတဲ့အဖြစ်ကို ထားခဲ့ပြီး အသက်ရှင်ပါ။+ သိနားလည်မှုလမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်လှမ်းပါ” လို့ပြောတယ်။+  ၇  ကဲ့ရဲ့လှောင်ပြောင်သူကို တည့်မတ်တဲ့သူဟာ အရှက်ကွဲခြင်းကို လက်ယပ်ခေါ်နေတာပဲ။+ လူဆိုးကို ပဲ့ပြင်တဲ့သူဟာ ထိခိုက်နစ်နာရလိမ့်မယ်။  ၈  ကဲ့ရဲ့လှောင်ပြောင်သူကို မပဲ့ပြင်နဲ့။ မင်းကို မုန်းလိမ့်မယ်။+ ဉာဏ်ပညာရှိသူကို ပဲ့ပြင်ပါ။ မင်းကို ချစ်လိမ့်မယ်။+  ၉  ဉာဏ်ပညာရှိသူကို ဝေမျှပါ။ သူ ဉာဏ်ပညာ ပိုရှိလာလိမ့်မယ်။+ ဖြောင့်မတ်သူကို သင်ကြားပါ။ သူ ပိုတတ်မြောက်လာလိမ့်မယ်။ ၁၀  ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။+ အသန့်ရှင်းဆုံးအရှင်ရဲ့ အကြောင်းကို သိရှိခြင်းဟာ+ သိနားလည်မှုပဲ။ ၁၁  ငါ့ကြောင့် မင်းရဲ့နေ့တွေ တိုးများလိမ့်မယ်။+ မင်း အသက်ရှင်ရတဲ့နှစ်တွေ တာရှည်လိမ့်မယ်။ ၁၂  မင်းသာ ဉာဏ်ပညာရှိမယ်ဆိုရင် မင်းပဲ အကျိုးခံစားရမယ်။ ကဲ့ရဲ့လှောင်ပြောင်သူဖြစ်ရင်တော့ မင်းပဲ ပြန်ခံရမယ်။ ၁၃  မိုက်မဲတဲ့မိန်းမဟာ အသံကျယ်တယ်။+ ဗဟုသုတမရှိတဲ့အပြင် ဘာဆိုဘာမှမသိဘူး။ ၁၄  သူက အိမ်ပေါက်ဝမှာ၊မြို့ရဲ့ မြင့်တဲ့နေရာတွေမှာ ထိုင်ပြီး+ ၁၅  လမ်းသွားလမ်းလာတွေ၊ကိုယ့်လမ်းကိုယ် သွားနေသူတွေကို ၁၆  “အတွေ့အကြုံ မရှိသူတို့၊ ဒီကိုလာကြ” လို့ခေါ်တတ်တယ်။ ဆင်ခြင်ဉာဏ်မရှိသူတွေ* ကိုလည်း+ ၁၇  “ခိုးသောက်ရတဲ့ ရေက ချိုတယ်။ ဝှက်ပြီး စားရတဲ့အစာကလည်း အရသာရှိတယ်” လို့ပြောတတ်တယ်။+ ၁၈  ဒါပေမဲ့ အစွမ်းမရှိတော့တဲ့ လူသေတွေ သူ့အိမ်မှာရှိနေမှန်း၊သူ့ဆီလာတဲ့ ဧည့်သည်တွေဟာ သင်္ချိုင်းရဲ့ နက်ရှိုင်းတဲ့အရပ်တွေမှာ ရှိနေမှန်း အဲဒီလူတွေ မသိကြဘူး။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “စိတ်နှလုံးမရှိသူတွေ။”
မူရင်း၊ “စိတ်နှလုံးမရှိသူတွေ။”