ဗျာဒိတ် ၁၅:၁-၈

  • ကပ်ဘေးခုနစ်ခု ယူဆောင်လာတဲ့ ကောင်းကင်တမန်  ခုနစ်ပါး (၁-၈)

    • မောရှေရဲ့သီချင်းနဲ့ သိုးသငယ်ရဲ့သီချင်း (၃၊ ၄)

၁၅  အဲဒီနောက် ကောင်းကင်မှာ ကြီးမြတ်ပြီး အံ့ဖွယ်ကောင်းတဲ့နိမိတ် နောက်တစ်ခုကို ကျွန်တော် မြင်တယ်။ ကပ်ဘေးခုနစ်ခု ယူဆောင်လာတဲ့ ကောင်းကင်တမန်ခုနစ်ပါးကို+ မြင်တယ်။ အဲဒီကပ်ဘေးတွေ ပြီးဆုံးသွားရင် ဘုရားသခင်ရဲ့ အမျက်တော်လည်း ပြီးဆုံးသွားမှာဖြစ်လို့ အဲဒီကပ်ဘေးတွေဟာ နောက်ဆုံးပဲ။+ ၂  အဲဒီအခါ ဖန်ရေကန်နဲ့တူတဲ့ အရာတစ်ခုကို+ ကျွန်တော် မြင်တယ်။ အဲဒီကန်ထဲမှာ မီးတွေနဲ့ ရောနေတယ်။ သားရဲ၊ သားရဲရုပ်တု၊+ သားရဲနာမည်ရဲ့ ကိန်းဂဏန်းတွေကို+ အောင်မြင်သူတွေကိုလည်း+ မြင်တယ်။ သူတို့က ဘုရားသခင်ရဲ့ စောင်းတွေကို ကိုင်ပြီး ဖန်ရေကန်နားမှာ ရပ်နေကြတယ်။ ၃  သူတို့က ဘုရားသခင်ရဲ့ကျွန် မောရှေရဲ့သီချင်းနဲ့+ သိုးသငယ်ရဲ့သီချင်းကို+ အခုလို သီဆိုနေကြတယ်– “အနန္တတန်ခိုးရှင်+ ယေဟောဝါ* ဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေဟာ ကြီးမြတ်ပြီး အံ့သြစရာ ကောင်းလှပါတယ်။+ အို ထာဝရဘုရင်၊+ နည်းလမ်းတော်တွေဟာ ဖြောင့်မတ်မှန်ကန်လှပါတယ်။+ ၄  ယေဟောဝါ* ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ သစ္စာစောင့်သိတဲ့အရှင် ဖြစ်တဲ့အတွက် ဘယ်သူက ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေမှာလဲ။+ ဘယ်သူက နာမတော်ကို မချီးမွမ်းဘဲ နေနိုင်မှာလဲ။ ကိုယ်တော်ရဲ့စီရင်ချက်တွေ ဖြောင့်မတ်ကြောင်း ပေါ်လွင်ထင်ရှားပါပြီ။ ဒါကြောင့် လူမျိုးအားလုံး ရှေ့တော်ကို လာပြီး ကိုးကွယ်ကြပါလိမ့်မယ်။”+ ၅  အဲဒီနောက် ကောင်းကင်မှာရှိတဲ့ သက်သေခံချက်တဲတော်ရဲ့+ သန့်ရှင်းရာဌာန ပွင့်လာတာကို+ ကျွန်တော်မြင်တယ်။ ၆  ကပ်ဘေးခုနစ်ခုကို ယူဆောင်လာတဲ့ ကောင်းကင်တမန်ခုနစ်ပါးက+ စင်ကြယ်တောက်ပြောင်တဲ့ ချည်ထည်ကို ဝတ်ဆင်ပြီး၊ ရွှေရင်စည်းစည်းပြီး သန့်ရှင်းရာဌာနကနေ ထွက်လာတယ်။ ၇  သတ္တဝါလေးပါးထဲကတစ်ပါးက အစဉ်ထာဝရ အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ အမျက်တော်နဲ့ပြည့်နေတဲ့ ရွှေဖလားခုနစ်လုံးကို+ ကောင်းကင်တမန် ခုနစ်ပါးဆီ ပေးလိုက်တယ်။ ၈  အဲဒီအခါ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ တန်ခိုးကြောင့် သန့်ရှင်းရာဌာနဟာ မီးခိုးတွေနဲ့ ပြည့်သွားတယ်။+ ကောင်းကင်တမန် ခုနစ်ပါးရဲ့ ကပ်ဘေးခုနစ်ခု+ မပြီးမချင်း သန့်ရှင်းရာဌာနထဲ ဘယ်သူမှ မဝင်နိုင်ဘူး။

အောက်ခြေမှတ်ချက်များ