ဗျာဒိတ် ၁၇:၁-၁၈
၁၇ အဲဒီနောက် ဖလားခုနစ်လုံးကိုင်တဲ့ ကောင်းကင်တမန်ခုနစ်ပါးထဲက+ တစ်ပါး ရောက်လာပြီး “လာပါ။ ရေထုအပေါ်ထိုင်နေတဲ့ ပြည့်တန်ဆာကြီး ဘယ်လို အပြစ်ဒဏ် ခံရတော့မယ်ဆိုတာ ပြမယ်။+
၂ ကမ္ဘာ့အုပ်စိုးရှင်တွေက သူနဲ့ လိင်အကျင့်ယိုယွင်းကြတယ်။*+ ကမ္ဘာမြေပေါ် နေထိုင်သူတွေလည်း လိင်အကျင့်ယိုယွင်းခြင်း* ဖြစ်တဲ့ သူ့ရဲ့ဝိုင်ကို သောက်ပြီး မူးယစ်နေကြတယ်”+ လို့ ကျွန်တော့်ကို ပြောတယ်။
၃ အဲဒီနောက် သူက ကျွန်တော့်ကို တောအရပ်ဆီ စွမ်းအားတော်နဲ့ ခေါ်ဆောင်သွားတယ်။ နီမြန်းတဲ့ သားရဲတစ်ကောင်ပေါ် ထိုင်နေတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် မြင်တယ်။ ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းရှိတဲ့ အဲဒီသားရဲဟာ ဘုရားသခင်ကို စော်ကားတဲ့နာမည်တွေ တစ်ကိုယ်လုံးမှာ ရေးထားတယ်။
၄ အဲဒီမိန်းမဟာ ခရမ်းရောင်နဲ့+ ကြက်သွေးရောင် ဝတ်ဆင်ထားပြီး ရွှေ၊ ကျောက်မျက်ရတနာနဲ့ ပုလဲတွေ ဆင်မြန်းထားတယ်။+ ရွံရှာဖွယ်ရာတွေ၊ လိင်အကျင့်ယိုယွင်းခြင်း* ဖြစ်တဲ့ ညစ်ညမ်းတဲ့ အရာတွေနဲ့ ပြည့်နေတဲ့ ရွှေဖလားကို ကိုင်ထားတယ်။
၅ “မဟာဗာဗုလုန်၊ ပြည့်တန်ဆာတွေနဲ့+ ကမ္ဘာမြေပေါ်က ရွံရှာဖွယ်တွေရဲ့ မိခင်”+ ဆိုတဲ့ လျှို့ဝှက်နာမည်ကို နဖူးပေါ်မှာ ရေးထားတယ်။
၆ အဲဒီမိန်းမဟာ သန့်ရှင်းသူတွေရဲ့သွေး၊ ယေရှုရဲ့ သက်သေခံတွေရဲ့ သွေးနဲ့ မူးယစ်နေတာကို ကျွန်တော် မြင်တယ်။+
သူ့ကို မြင်တဲ့အခါ ကျွန်တော် အကြီးအကျယ် အံ့သြသွားတယ်။
၇ ဒါကြောင့် ကောင်းကင်တမန်က “ဘာလို့ အံ့သြတာလဲ။ အဲဒီမိန်းမရဲ့ လျှို့ဝှက်ချက်၊+ သူထိုင်နေတဲ့ ခေါင်းခုနစ်လုံး ချိုဆယ်ချောင်းရှိတဲ့ သားရဲရဲ့လျှို့ဝှက်ချက်ကို ပြောပြမယ်။+
၈ ခင်ဗျား မြင်ရတဲ့ သားရဲဟာ တစ်ချိန်ကရှိခဲ့ပေမဲ့ အခု မရှိတော့ဘူး။ ဒါပေမဲ့ မကြာခင် တွင်းနက်ကြီးထဲကနေ တက်လာပြီးနောက်+ ပျက်စီးသွားလိမ့်မယ်။ တစ်ချိန်က ရှိခဲ့ပေမဲ့ မရှိတော့တဲ့ သားရဲ၊ မကြာခင် ပြန်ပေါ်လာမယ့် အဲဒီသားရဲကို ကမ္ဘာပေါ် နေထိုင်သူတွေ မြင်တဲ့အခါ အံ့သြသွားကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီလူတွေဟာ လူ့လောကအစပြုချိန်* ကတည်းက အသက်စာလိပ်မှာ+ နာမည်စာရင်း မဝင်သူတွေပဲ။
၉ “ဉာဏ်ပညာနဲ့ စဉ်းစားဉာဏ်ရှိသူဟာ ဒါကို နားလည်လိမ့်မယ်– ခေါင်းခုနစ်လုံးဟာ+ အဲဒီမိန်းမ ထိုင်နေတဲ့ တောင်ခုနစ်လုံးကို ဆိုလိုတယ်။
၁၀ ဘုရင်ခုနစ်ပါး ရှိတယ်။ ငါးပါး ကျဆုံးသွားပြီ။ တစ်ပါး ရှိနေတယ်။ နောက်တစ်ပါးက မပေါ်လာသေးဘူး။ ပေါ်လာတဲ့အခါ တစ်ခဏပဲ တည်တံ့လိမ့်မယ်။
၁၁ တစ်ချိန်က ရှိခဲ့ပေမဲ့ မရှိတော့တဲ့ သားရဲဟာ+ အဋ္ဌမဘုရင်လည်း ဟုတ်တယ်။ ဒါပေမဲ့ အဲဒီသားရဲက ဘုရင်ခုနစ်ပါးထဲက ပေါ်ထွက်လာပြီးနောက် ပျက်စီးရလိမ့်မယ်။
၁၂ “ခင်ဗျား မြင်ရတဲ့ ချိုဆယ်ချောင်းဟာ နိုင်ငံမရသေးတဲ့ ဘုရင်ဆယ်ပါးကို ဆိုလိုတယ်။ ဒါပေမဲ့ သူတို့ဟာ သားရဲနဲ့အတူ ဘုရင့်အာဏာကို တစ်နာရီလောက် ရလိမ့်မယ်။
၁၃ သူတို့ဟာ အကြံတူတွေဖြစ်လို့ သူတို့ရဲ့တန်ခိုးနဲ့ အာဏာကို သားရဲဆီ ပေးအပ်ကြတယ်။
၁၄ သူတို့က သိုးသငယ်နဲ့+ စစ်တိုက်လိမ့်မယ်။ ဒါပေမဲ့ သိုးသငယ်ဟာ သခင်တကာတို့ရဲ့ သခင်၊ ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်လို့+ သူတို့ကို အောင်မြင်လိမ့်မယ်။+ ခေါ်ယူရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေလည်း သိုးသငယ်နဲ့အတူ အောင်မြင်ကြလိမ့်မယ်။”+
၁၅ ကောင်းကင်တမန်က “ခင်ဗျား မြင်ရတဲ့ ပြည့်တန်ဆာထိုင်နေတဲ့ ရေတွေဟာ လူစုတွေ၊ လူအုပ်တွေ၊ လူမျိုးတွေ၊ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူတွေကို ဆိုလိုတယ်။+
၁၆ ခင်ဗျား မြင်ရတဲ့ ချိုဆယ်ချောင်းရှိတဲ့+ သားရဲက+ ပြည့်တန်ဆာကို+ မုန်းလိမ့်မယ်။ သူ့ကို သိမ်းရုံးဖျက်ဆီးပြီး အဝတ်ဗလာ ဖြစ်စေမယ်။ သူ့အသားကို စားပြီး သူ့ကို အစအနမကျန်အောင် မီးရှို့ပစ်လိမ့်မယ်။+
၁၇ ဘုရားသခင်က မိမိရဲ့အကြံကို သူတို့ရဲ့ စိတ်ထဲ ထည့်ပေးပြီး အကောင်အထည်ဖော်လိမ့်မယ်။+ သူတို့က ဘုရားသခင်ရဲ့ နှုတ်ထွက်စကားအတိုင်း ဖြစ်လာတဲ့အချိန်အထိ သားရဲကို နိုင်ငံ ပေးအပ်ပြီး+ သူတို့မှာရှိတဲ့ တူညီတဲ့အကြံကို အကောင်အထည်ဖော်လိမ့်မယ်။
၁၈ ခင်ဗျား မြင်ရတဲ့ မိန်းမဟာ+ ကမ္ဘာပေါ်ကဘုရင်တွေကို အုပ်စိုးတဲ့ မြို့ကြီးကို ဆိုလိုတယ်။”
အောက်ခြေမှတ်ချက်များ
^ အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။