မိက္ခာ ၄:၁-၁၃

  • ယေဟောဝါရဲ့တောင်တော် ချီးမြှောက်ခံရ (၁-၅)

    • ဓားကို ထယ်သွားဖြစ်အောင် ထုလုပ် ()

    • ‘ယေဟောဝါရဲ့နာမည်ကို ခံယူပြီး အသက်ရှင်’ ()

  • ပြန်ထူထောင်ထားတဲ့ဇိအုန် ခွန်အားကြီးမယ် (၆-၁၃)

 အဆုံးပိုင်းကာလမှာယေဟောဝါရဲ့အိမ်တော်တည်တဲ့တောင်ဟာ+တောင်တန်းတကာရဲ့ထိပ်မှာ အခိုင်အမာ တည်နေမယ်။ တောင်ကုန်းတွေရဲ့အထက်မှာ ချီးမြှောက်ခံရမယ်။ အဲဒီတောင်ပေါ်ကို လူတွေ တဖွဲဖွဲတက်သွားကြမယ်။+  ၂  လူမျိုးများစွာက တောင်ပေါ်တက်သွားရင်းနဲ့“လာကြ။ ယေဟောဝါဘုရားရဲ့ တောင်ပေါ်၊ယာကုပ်ရဲ့ ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့။+ ဘုရားက ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။ ဘုရားရဲ့လမ်းစဉ်တွေအတိုင်း ငါတို့ လျှောက်လှမ်းကြမယ်” လို့ပြောကြလိမ့်မယ်။ ပညတ်တော်က ဇိအုန်ကနေ၊ယေဟောဝါရဲ့ နှုတ်ထွက်စကားက ဂျေရုဆလင်ကနေ ပေါ်ထွက်လာမယ်။  ၃  ဘုရားသခင်က လူများစွာကို တရားစီရင်မယ်။+ ရပ်ဝေးမှာရှိတဲ့ ခွန်အားကြီးလူမျိုးတွေရဲ့ အကျိုးအတွက် အရာရာကို ဖြေရှင်းပေးမယ်။ အဲဒီအခါ ဓားကို ထယ်သွားဖြစ်အောင်၊လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။+ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။+  ၄  လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။+ ခြောက်လှန့်တဲ့သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။+ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။  ၅  လူတွေက သူတို့ဘုရားရဲ့နာမည်ကို ခံယူပြီး အသက်ရှင်ကြတယ်။* ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဘုရား ယေဟောဝါရဲ့နာမည်ကို ခံယူပြီး အစဉ်ထာဝရ အသက်ရှင်ကြမယ်။+  ၆  ယေဟောဝါ ပြောတာက– “အဲဒီနေ့ကျရင် ထော့နဲ့ထော့နဲ့ဖြစ်နေသူကို ငါပြန်စုသိမ်းမယ်။ တကွဲတပြားဖြစ်နေသူကို ပြင်းပြင်းထန်ထန် ငါဒဏ်ပေးခဲ့သူတွေနဲ့အတူ ပြန်စုစည်းမယ်။+  ၇  ထော့နဲ့ထော့နဲ့ဖြစ်နေသူကို ကျန်ကြွင်းသူ ဖြစ်စေမယ်။+ ရပ်ဝေးဆီ ဖယ်ရှားခံရသူကို ခွန်အားကြီးလူမျိုး ဖြစ်စေမယ်။+ ငါယေဟောဝါက အခုကစပြီး ထာဝရကာလတိုင်အောင်ဇိအုန်တောင်မှာ ဘုရင်အဖြစ် အုပ်စိုးမယ်။  ၈  အို သိုးအုပ်ရဲ့မျှော်စင်၊ဇိအုန်သမီးပျိုရဲ့ တောင်ကုန်း၊+မင်းက အရင်ကရခဲ့တဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ပြန်ရလိမ့်မယ်။+ ဂျေရုဆလင်သမီးပျို ပိုင်ဆိုင်တဲ့နိုင်ငံကို ပြန်ရလိမ့်မယ်။+  ၉  မင်း ဘာလို့ အကျယ်ကြီး အော်ဟစ်နေတာလဲ။ ဘုရင် မရှိလို့၊အတိုင်ပင်ခံ ပျက်စီးသွားလို့ သားဖွားနေတဲ့မိန်းမလို မင်း ဝေဒနာခံစားနေရတာလား။+ ၁၀  အို ဇိအုန်သမီးပျို၊သားဖွားနေတဲ့မိန်းမလို လူးလွန့်ပြီး ညည်းတွားပါ။ မင်းက မြို့ထဲကထွက်ပြီး တောထဲမှာ နေရလိမ့်မယ်။ ဗာဗုလုန်မြို့အထိ သွားရလိမ့်မယ်။+ အဲဒီမှာ ကယ်တင်ခံရလိမ့်မယ်။+ အဲဒီမှာ ငါယေဟောဝါက ရန်သူတွေလက်ကနေ မင်းကို ပြန်ဝယ်မယ်။+ ၁၁  မင်းကို တိုက်ခိုက်ဖို့ လူမျိုးများစွာ စုရုံးလာမယ်။ ‘ဇိအုန် အရှက်ရပါစေ။ သူ အရှက်ရတာကို ငါတို့မြင်ရပါစေ’ လို့ပြောကြလိမ့်မယ်။ ၁၂  ဒါပေမဲ့ သူတို့က ငါယေဟောဝါရဲ့ အကြံအစည်ကို မသိဘူး။ ငါ့ရည်ရွယ်ချက်ကို နားမလည်ဘူး။ ရိတ်ခါစကောက်နှံတွေကို ကောက်နယ်တလင်းမှာ စုပုံသလို သူတို့ကို ငါ စုပုံမယ်။ ၁၃  ဇိအုန်သမီးပျို၊ ထပါ။ ကောက်နှံတွေကို နင်းနယ်ပါ။+ မင်းရဲ့ ဦးချိုကို သံဖြစ်အောင်၊ခွာကို ကြေးနီဖြစ်အောင် ငါလုပ်မယ်။ လူများစွာကို မင်း ညက်ညက်ခြေရလိမ့်မယ်။+ မသမာနည်းနဲ့ရထားတဲ့ သူတို့ရဲ့အမြတ်အစွန်းတွေကို ယေဟောဝါအတွက်၊သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို မြေတစ်ပြင်လုံးရဲ့ စစ်မှန်တဲ့အရှင်သခင်အတွက် မင်း ဆက်ကပ်ရလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “လျှောက်လှမ်းကြတယ်။”