မိက္ခာ ၇:၁-၂၀

  • ကိုယ်ကျင့်တရား ပျက်ပြားတဲ့ အစ္စရေး (၁-၆)

    • အိမ်သူအိမ်သားတွေ ရန်သူဖြစ်နေ ()

  • ‘ကျွန်တော် စိတ်ရှည်ရှည်နဲ့ စောင့်မယ်’ ()

  • လူမျိုးတော်ဘက်ကနေ လက်စားချေပေး (၈-၁၃)

  • မိက္ခာရဲ့ဆုတောင်းချက်၊ ဘုရားကိုချီးမွမ်း (၁၄-၂၀)

    • ယေဟောဝါ ဖြေကြား (၁၅-၁၇)

    • ‘ယေဟောဝါလို ဘုရားမျိုး ရှိလို့လား’ (၁၈)

 ကျွန်တော့်အဖြစ်ဟာ ဆိုးလိုက်တာ။ နွေသီးနှံတွေ ဆွတ်ခူးပြီးနောက်၊စပျစ်သီးဆွတ်ခူးပြီးလို့ ကောက်သင်းကောက်ပြီးနောက် စားစရာ စပျစ်သီးတစ်ခိုင်မှ ရှာမတွေ့တဲ့သူ၊တအားစားချင်နေတဲ့ သီးဦးသီးဖျား သဖန်းသီးတစ်လုံးမှ ရှာမတွေ့တဲ့သူနဲ့ တူနေပြီ။  ၂  သစ္စာစောင့်သိသူက မြေပေါ်ကနေ ပျောက်ကွယ်သွားပြီ။ လူသားတွေထဲမှာ ရိုးဖြောင့်သူတစ်ယောက်မှ မရှိတော့ဘူး။+ အားလုံး လူသတ်ဖို့ ချောင်းမြောင်းနေကြတယ်။+ ညီအစ်ကိုအရင်းကို ဆွဲပိုက်နဲ့ ဖမ်းနေတယ်။  ၃  မကောင်းတာလုပ်ဖို့ဆိုရင် သိပ်ကျွမ်းကျင်ကြတယ်။+ ခေါင်းဆောင်က မရမကတောင်းတတ်တယ်။ တရားသူကြီးက တံစိုးလက်ဆောင် တောင်းတယ်။+ အထင်ကရပုဂ္ဂိုလ်က မိမိဆန္ဒကို ထုတ်ဖော်တတ်တယ်။+ သူတို့အားလုံး တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ။  ၄  သူတို့ထဲက သူတော်ကောင်းဟာ ဆူးပင်တွေနဲ့ တူတယ်။ အရိုးဖြောင့်ဆုံးလူဟာ ဆူးစည်းရိုးထက် ဆိုးတယ်။ ကင်းစောင့်တွေ ကြိုပြောခဲ့တဲ့နေ့၊ လူတွေကို စစ်ဆေးမယ့်နေ့ ရောက်လာလိမ့်မယ်။+ အဲဒီအခါ သူတို့ ထိတ်ထိတ်ပျာပျာ ဖြစ်ရလိမ့်မယ်။+  ၅  ကိုယ့်အပေါင်းအဖော်ကို မယုံကြနဲ့။ မိတ်ဆွေရင်းချာကိုလည်း မကိုးစားကြနဲ့။+ ကိုယ့်ရင်ခွင်မှာ အိပ်နေသူကိုတောင် သတိနဲ့ပြောဆိုပါ။  ၆  သားက ဖခင်ကို မထီလေးစားလုပ်နေတယ်။ သမီးက မိခင်ကို၊+ချွေးမက ယောက္ခမကို အာခံနေတယ်။+ ကိုယ့်အိမ်သူအိမ်သားဟာ ကိုယ့်ရန်သူ ဖြစ်နေတယ်။+  ၇  ကျွန်တော်ကတော့ ယေဟောဝါကို အမြဲမျှော်လင့်နေမယ်။+ ကယ်တင်ရှင် ဘုရားသခင်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။+ ကျွန်တော်ပြောတာကို ဘုရားသခင် ကြားလိမ့်မယ်။+  ၈  အို ရန်သူ၊ ကျွန်တော်ဒုက္ခရောက်တာကို ဝမ်းသာမနေနဲ့။ လဲကျသွားပေမဲ့ ကျွန်တော် ပြန်ထမယ်။ မှောင်မိုက်ထဲမှာ နေရပေမဲ့ ယေဟောဝါဟာ ကျွန်တော့်ရဲ့အလင်းရောင် ဖြစ်လိမ့်မယ်။  ၉  ဘုရားကို ကျွန်တော်ပြစ်မှားမိပြီ။+ ကျွန်တော့်အမှုကို ဘုရားကိုင်တွယ်ချိန်အထိ၊ တရားမျှတခြင်း ဆောင်ကြဉ်းပေးချိန်အထိ ယေဟောဝါရဲ့ အမျက်တော်ကို ခံယူပါ့မယ်။ ဘုရားက ကျွန်တော့်ကို အလင်းထဲ ခေါ်ဆောင်လာမယ်။ ဘုရားရဲ့ဖြောင့်မတ်မှုကို ကျွန်တော် မြင်ရလိမ့်မယ်။ ၁၀  “မင်းကိုးကွယ်တဲ့ဘုရား ယေဟောဝါ ဘယ်မှာလဲ”+ လို့ပြောခဲ့တဲ့ ရန်သူက အဲဒါကို မြင်ပြီး အရှက်ကွဲသွားမယ်။ သူ ဒုက္ခရောက်တာကို ကျွန်တော် မြင်ရမယ်။ လမ်းပေါ်ကရွှံ့လို သူ နင်းခြေခံရလိမ့်မယ်။ ၁၁  မင်းရဲ့ ကျောက်မြို့ရိုးတွေကို ပြန်တည်ဆောက်တဲ့နေ့ ရောက်လာမယ်။ အဲဒီနေ့မှာ နယ်နိမိတ်ကို ချဲ့ထွင်ရလိမ့်မယ်။* ၁၂  အဲဒီနေ့မှာ အဆီးရီးယားပြည်နဲ့ အီဂျစ်ရဲ့မြို့တွေကနေ၊အီဂျစ်ပြည်ရဲ့ မြစ်ကြီး* တစ်လျှောက်ကနေ၊ ပင်လယ်ပြင်တွေ၊ တောင်တန်းတွေကနေလူတွေ မင်းဆီ လာကြလိမ့်မယ်။+ ၁၃  တိုင်းပြည်ဟာ ပြည်သူပြည်သားတွေကြောင့်၊သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်ကြောင့် လူသူကင်းမဲ့သွားမယ်။ ၁၄  တောထဲမှာ၊ သစ်သီးခြံထဲမှာ တစ်ကိုယ်တည်းနေထိုင်တဲ့ လူမျိုးတော်ကို၊အမွေတော်ဖြစ်တဲ့ သိုးအုပ်ကို တောင်ဝှေးနဲ့ ထိန်းကျောင်းပေးလှည့်ပါ။+ ဟိုးအရင်တုန်းကလို ဗာရှန်ပြည်နဲ့ ဂိလဒ်ပြည်မှာ သူတို့ကို ကျက်စားစေပါ။+ ၁၅  “အီဂျစ်ပြည်ကနေ မင်းတို့ထွက်လာတုန်းကလို အံ့ဖွယ်အမှုတွေ ငါပြဦးမယ်။+ ၁၆  ဒါကိုမြင်တဲ့အခါ လူမျိုးခြားတွေက ခွန်အားကြီးပေမဲ့ အရှက်ကွဲရလိမ့်မယ်။+ ပါးစပ်ကို လက်နဲ့ပိတ်ရလိမ့်မယ်။ နားပင်းသွားလိမ့်မယ်။ ၁၇  မြွေလို မြေမှုန့်ကို လျက်ရလိမ့်မယ်။+ တွားသွားသတ္တဝါတွေလို ရဲတိုက်တွေထဲကနေ တုန်လှုပ်ပြီး ထွက်လာရလိမ့်မယ်။ အထိတ်တလန့်ဖြစ်ပြီး ယေဟောဝါဘုရားဆီ လာရလိမ့်မယ်။ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေရလိမ့်မယ်။”+ ၁၈  ကိုယ်တော့်လို ဘုရားမျိုး ရှိလို့လား။ ကိုယ်တော်ဟာ အမွေတော်ထဲက ကျန်ကြွင်းသူတွေရဲ့+ အမှားကို ခွင့်လွှတ်တဲ့ဘုရား၊အပြစ်တွေကို မှတ်မထားတဲ့ ဘုရားပါ။+ ခိုင်မြဲတဲ့မေတ္တာပြရတာကို နှစ်သက်တဲ့ဘုရားဖြစ်လို့ အမြဲတမ်း အမျက်ထွက်နေမှာ မဟုတ်ဘူး။+ ၁၉  ဘုရားက ကရုဏာပြန်ပြလိမ့်မယ်။+ ကျွန်တော်တို့ရဲ့ အမှားတွေကို အနိုင်ယူလိမ့်မယ်။ အပြစ်တွေကို နက်ရှိုင်းတဲ့ပင်လယ်ထဲ ပစ်ချလိမ့်မယ်။+ ၂၀  ယာကုပ်ကိုထားခဲ့တဲ့ သစ္စာတရားမျိုး၊အာဗြဟံကိုပြခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာမျိုး ကျွန်တော်တို့ကိုလည်း ပြလိမ့်မယ်။ ဟိုးအရင်တုန်းက ဘိုးဘေးတွေကို ကိုယ်တော်ကျိန်ဆိုခဲ့တဲ့ အတိုင်းပါပဲ။+

အောက်ခြေမှတ်ချက်များ

“အမိန့်က ရပ်ဝေးအထိ သက်ရောက်လိမ့်မယ်” လည်းဖြစ်နိုင်။
ယူဖရေးတီးမြစ်။