ယောဘ ၁၂:၁-၂၅

  • ယောဘ ပြန်ပြော (၁-၂၅)

    • ‘ခင်ဗျားတို့ထက် ကျုပ် မညံ့ပါဘူး’ ()

    • ‘ကျုပ်ကို လှောင်ကြတယ်’ ()

    • ‘ဘုရားဆီမှာ ဉာဏ်ပညာရှိတယ်’ (၁၃)

    • ဘုရင်နဲ့ တရားသူကြီးတွေအထက်က ဘုရား (၁၇၊ ၁၈)

၁၂  ယောဘ ပြန်ပြောတာက– ၂  “သိပ်ဟုတ်တာပေါ့။ ခင်ဗျားတို့ပဲ သိတယ်၊ တတ်တယ်။ ခင်ဗျားတို့ သေတဲ့အခါ ဉာဏ်ပညာလည်း လိုက်သေမှာပဲ။  ၃  ကျုပ်လည်း သိတာပေါ့။ ခင်ဗျားတို့ထက် မညံ့ပါဘူး။ ဒါတွေကို မသိတဲ့လူ ရှိလို့လား။  ၄  ဘုရားသခင်ဆီက အဖြေရဖို့ အကူအညီတောင်းမိလို့+ကျုပ်ကို မိတ်ဆွေတွေ လှောင်ကြတယ်။+ ဖြောင့်မတ်ပြီး အပြစ်ကင်းတဲ့သူဟာ လှောင်ပြောင်စရာ ဖြစ်ရတာပဲ။  ၅  အပူအပင်ကင်းသူက ဘေးဆိုးကို မမှုဘူး။ ခြေမခိုင်သူတွေပဲ ဘေးဆိုးကြုံရတယ်လို့ ထင်တတ်တယ်။  ၆  ဓားပြတွေရဲ့တဲက အေးချမ်းနေတယ်။+ ဘုရားသခင်ကို အမျက်ထွက်အောင် လုပ်သူတွေက ရုပ်တုပိုင်ဆိုင်ထားသူတွေလို ဘေးကင်းလုံခြုံနေတယ်။+  ၇  ဒါပေမဲ့ တိရစ္ဆာန်တွေကို မေးကြည့်လိုက်ပါ။ သူတို့ သွန်သင်ပေးလိမ့်မယ်။ မိုးကောင်းကင်ငှက်တွေကို မေးကြည့်ပါ။ သူတို့ ပြောပြလိမ့်မယ်။  ၈  ဒါမှမဟုတ် ကမ္ဘာမြေအကြောင်း စဉ်းစားကြည့်လိုက်ပါ။* ခင်ဗျားတို့ကို သွန်သင်ပေးလိမ့်မယ်။ ပင်လယ်ငါးတွေလည်း ခင်ဗျားတို့ကို ပြောပြလိမ့်မယ်။  ၉  သူတို့ကို ယေဟောဝါ ဖန်ဆင်းထားတယ်ဆိုတာသူတို့ မသိဘဲနေပါ့မလား။ ၁၀  သက်ရှိတိုင်းရဲ့ အသက်နဲ့ လူတိုင်းရဲ့ အသက်စွမ်းအားဟာ ဘုရားလက်ထဲမှာ ရှိတယ်။+ ၁၁  လျှာက အစာကို မြည်းတတ်သလိုနားကလည်း စကားတွေကို စစ်ဆေးတတ်တယ် မဟုတ်လား။+ ၁၂  အသက်ကြီးသူဆီမှာ ဉာဏ်ပညာရှိပြီး+အသက်ရှည်သူဆီမှာ သိနားလည်မှုရှိတယ် မဟုတ်လား။ ၁၃  ဘုရားဆီမှာ ဉာဏ်ပညာနဲ့ အစွမ်းခွန်အားရှိတယ်။+ အကြံဉာဏ်နဲ့ သိနားလည်မှုလည်း ရှိတယ်။+ ၁၄  ဘုရားဖြိုဖျက်ထားတာကို ပြန်တည်ဆောက်လို့ မရနိုင်ဘူး။+ ဘုရားပိတ်ထားတာကို ဘယ်သူမှ ပြန်မဖွင့်နိုင်ဘူး။ ၁၅  ဘုရားက ရေကို မလွှတ်ပေးတဲ့အခါ မြေကြီး ခြောက်သွေ့သွားတယ်။+ ပြန်လွှတ်ပေးတဲ့အခါ ရေလွှမ်းမိုးသွားတယ်။+ ၁၆  ဘုရားဆီမှာ ခွန်အားနဲ့ လက်တွေ့ကျဉာဏ်ပညာ ရှိတယ်။+ လမ်းလွဲသူရော လမ်းလွဲအောင်လုပ်တဲ့သူပါ ဘုရားလက်ထဲမှာ ရှိတယ်။ ၁၇  ဘုရားက မှူးမတ်တွေကို ခြေဗလာနဲ့ သွားလာစေတယ်။ တရားသူကြီးတွေကို ရူးသွပ်စေတယ်။+ ၁၈  ဘုရင်တွေ ချည်ထားတဲ့ကြိုးကို ဖြေပေးတယ်။+ ဘုရင်တွေကို ခါးစည်းနဲ့ ချည်နှောင်တယ်။ ၁၉  ပုရောဟိတ်တွေကို ခြေဗလာနဲ့ လျှောက်စေတယ်။+ တန်ခိုးအာဏာ  တည်မြဲသူတွေကို  ကျရှုံးစေတယ်။+ ၂၀  ဘုရားက ယုံကြည်ရတဲ့ အတိုင်ပင်ခံတွေကို နှုတ်ဆိတ်စေတယ်။ အသက်ကြီးသူတွေရဲ့ အသိတရားကို နုတ်ယူပစ်တယ်။ ၂၁  ဂုဏ်အသရေရှိသူတွေကို အရှက်ခွဲတယ်။+ အားကြီးသူတွေကို အားလျော့စေတယ်။ ၂၂  မှောင်မိုက်မှာရှိတဲ့ နက်နဲရာတွေကို ဖော်ထုတ်တယ်။+ အမှောင်ထုကို အလင်းထဲ ခေါ်ထုတ်လာတယ်။ ၂၃  ဘုရားက လူမျိုးတွေကို အင်အားကြီးမားစေပြီးနောက် ဖျက်ဆီးပစ်တယ်။ တိုးများစေပြီးနောက် သုံ့ပန်းဘဝ ရောက်စေတယ်။ ၂၄  ခေါင်းဆောင်တွေရဲ့ သိနားလည်မှုကို နုတ်ယူတယ်။ လမ်းမရှိတဲ့ ကန္တာရမှာ လှည့်လည်သွားလာစေတယ်။+ ၂၅  သူတို့က အလင်းမရှိတဲ့မှောင်မိုက်မှာ စမ်းတဝါးဝါး သွားလာနေရတယ်။+ အရက်မူးနေသူလို ဒယိမ်းဒယိုင် ဖြစ်စေတယ်။+

အောက်ခြေမှတ်ချက်များ

“ပြောကြည့်လိုက်ပါ” လည်းဖြစ်နိုင်။