ယောဘ ၁၄:၁-၂၂
၁၄ “လူ့ဘဝဟာ တိုတောင်းတယ်။+
ဒုက္ခတွေ ပြည့်နှက်နေတယ်။+
၂ လူဟာ ပန်းလိုပွင့်ပြီး ညှိုးနွမ်းသွားတယ်။*+
အရိပ်လိုကွယ်ပျောက်သွားတယ်။+
၃ ကိုယ်တော်က သူ့ကို မျက်စိဒေါက်ထောက် ကြည့်တယ်။
တရားစီရင်ဖို့ ဆင့်ခေါ်တယ်။+
၄ မသန့်ရှင်းသူက သန့်ရှင်းသူကို မွေးထုတ်နိုင်ပါ့မလား။+
မဖြစ်နိုင်ဘူး။
၅ လူ့သက်တမ်းဟာ သတ်မှတ်ပြီးသားပဲ။
သူနေရမယ့် လတွေဟာ ဘုရားလက်ထဲမှာပဲ ရှိတယ်။
မကျော်လွန်ရအောင် ကန့်သတ်ထားတယ်။+
၆ စာရင်းငှားတစ်ယောက်လို တစ်နေ့တာအကုန်မှာ အနားယူနိုင်အောင်သူ့ဆီကနေ အကြည့်ကိုလွှဲပေးပါ။+
၇ သစ်ပင်မှာတောင် မျှော်လင့်ချက် ရှိသေးတာပဲ။
ခုတ်လှဲလိုက်ရင် အတက်တွေ ပြန်ပေါက်ပြီးအခက်တွေ ပြန်ထွက်လာလိမ့်မယ်။
၈ အမြစ်တွေ မြေအောက်မှာ ဆွေးပြီး
သစ်ငုတ်ကလည်း မြေပေါ်မှာ သေနေပေမဲ့
၉ ရေနံ့လေး ရတဲ့အခါ အတက်ထွက်ပြီးအပင်ပေါက်လေးလို အခက်အလက်တွေ ထွက်လာလိမ့်မယ်။
၁၀ လူကတော့ သေသွားရင် ဘာမှ မစွမ်းဆောင်နိုင်တော့ဘူး။
သေဆုံးသွားရင် ဘယ်မှာမှ မရှိတော့ဘူး။+
၁၁ ရေအိုင် တိမ်ကောသွားသလို၊မြစ်ချောင်း ခန်းခြောက်သွားသလို
၁၂ လူကလည်း သေသွားပြီးနောက် ပြန်မထတော့ဘူး။+
မိုးကောင်းကင် တည်ရှိနေသရွေ့ ပြန်နိုးထလာမှာ မဟုတ်ဘူး။
အိပ်ပျော်ရာကနေ နှိုးလို့ရမှာ မဟုတ်ဘူး။+
၁၃ ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်း* မှာ ဝှက်ထားပေးရင်၊+အမျက်မပြေမချင်း ဖုံးကွယ်ပေးထားရင်၊ကျွန်တော့်အတွက် အချိန်သတ်မှတ်ပြီး သတိရပေးရင် သိပ်ကောင်းမှာပဲ။+
၁၄ လူဟာ သေဆုံးသွားရင် အသက်ပြန်ရှင်နိုင်ဦးမလား။+
ကျွန်တော်က လွတ်မြောက်မယ့်အချိန် မရောက်မချင်းမဖြစ်မနေ ကြုံရမယ့်နေ့တွေ တစ်လျှောက်လုံး စောင့်ဆိုင်းနေပါ့မယ်။+
၁၅ ကိုယ်တော် ခေါ်တဲ့အခါ ပြန်ထူးပါ့မယ်။+
ကိုယ်တော်ဟာ ဖန်ဆင်းထားတဲ့လက်ရာကို ပြန်မြင်ချင်စိတ် ပြင်းပြနေလိမ့်မယ်။
၁၆ အခုတော့ ကိုယ်တော်က ကျွန်တော့်ခြေလှမ်းတိုင်းကို ရေတွက်နေတယ်။
အပြစ်ကိုပဲ လိုက်ကြည့်နေတယ်။
၁၇ ကျွန်တော့်ပြစ်မှားမှုတွေကို အိတ်ထဲထည့်ပြီး ချိပ်ပိတ်ထားတယ်။
အမှားတွေကိုလည်း ကော်နဲ့ ချိပ်ပိတ်ထားတယ်။
၁၈ တောင်တန်း ပြိုကျပြီး တစ်စစီဖြစ်သွားသလို၊ကျောက်ဆောင် နေရာရွေ့သွားသလို၊
၁၉ ကျောက်တွေကို ရေတိုက်စားသလို၊စီးဆင်းတဲ့ရေက မြေကို တိုက်စားသလိုကိုယ်တော်က သေမျိုးဖြစ်တဲ့လူရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်တယ်။
၂၀ သူ့ကို အနိုင်ယူပြီး ဖျက်ဆီးလိုက်တယ်။+
သူ့ရုပ်သွင်ကို ပြောင်းပစ်ပြီး အဝေးကို နှင်လွှတ်တယ်။
၂၁ သားတွေဂုဏ်ပြုခံရတာကို သူ မသိဘူး။
သူတို့အနှိမ်ခံရတာကိုလည်း မသိဘူး။+
၂၂ ဒါပေမဲ့ သွေးသားခန္ဓာ ရှိနေတုန်းမှာတော့ နာကျင်နေရတယ်။
အသက်ရှင်နေတုန်းမှာတော့ ညည်းတွားနေရတယ်။”