ယောဘ ၂၅:၁-၆

  • ဗိလဒဒ်ရဲ့ တတိယပြောဆိုချက် (၁-၆)

    • ‘လူဟာ ဘယ်လိုလုပ်ပြီး ဘုရားရှေ့ အပြစ်ကင်းနိုင်မှာလဲ’ ()

    • သမာဓိစောင့်သိလည်း အလကားပဲလို့ ပြော (၅၊ ၆)

၂၅  ရှုအာအမျိုးသား ဗိလဒဒ်+ ပြန်ပြောတာက–  ၂  “ဘုရားက တန်ခိုးအာဏာရှိပြီး ကြောက်စရာကောင်းလောက်အောင် ခွန်အားကြီးတယ်။ ကောင်းကင်မှာ ငြိမ်သက်ခြင်း ရှိစေတယ်။  ၃  ဘုရားရဲ့ တပ်မဟာကို ရေတွက်နိုင်သလား။ ဘုရားပေးတဲ့ အလင်းကို မရတဲ့သူ ရှိသလား။  ၄  ဒါကြောင့် သေမျိုးဖြစ်တဲ့လူဟာ ဘယ်လိုလုပ်ပြီး ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်နိုင်မှာလဲ။+ မိန်းမမွေးတဲ့လူဟာ ဘယ်လိုလုပ်ပြီး အပြစ်ကင်းနိုင်မှာလဲ။+  ၅  ဘုရားရှေ့မှာ လမင်းတောင် ထိန်ထိန်လင်းတာ မဟုတ်ဘူး။ ကြယ်တွေလည်း စင်ကြယ်တာ မဟုတ်ဘူး။  ၆  လောက်ကောင်ဖြစ်တဲ့ သေမျိုးလူသား၊တီကောင်ဖြစ်တဲ့ လူသားဆိုရင် ပြောမနေနဲ့တော့။”

အောက်ခြေမှတ်ချက်များ